” ၇ ရက္သား/သမီးမ်ားအတြက္ ၂၃.၈.၂၀၂၁ မွ ၂၉.၈.၂၀၂၁ ရက္ေန႔အထိ တစ္ပတ္စာအထူး ေဟာစာတမ္းတင္ေပးလိုက္ပါတယ္”
ဆရာေအာင္ခ်စ္မင္း Page မွ ေဗဒင္ဆိုင္ရာမ်ား တင္ေပးေနလို႔ ဝင္ေရာက္ဖတ္ရႈ႕ေလ့လာၾကဖို႔ ဖိတ္ေခၚပါတယ္…
ခုနစ္ရက္သားသမီးအေပါင္း စိတ္၏ ခ်မ္းသာျခင္း၊ကိုယ္၏ က်န္းမာျခင္း ႏွင့္ျပည္စုံပါေစေၾကာင္း ကြၽႏ္ုပ္ေအာင္ခ်စ္မင္းမွ ဆုေတာင္းေပးလိုက္ပါသည္။
SUN
ဒီရက္ေတြအတြင္းမွာထြက္ေန၊ ဆုံးရႈံးေနတဲ့ေငြေတြ၊ ပစၥည္းေတြ၊ အခြင့္အေရးေတြျပန္ရတတ္ပါတယ္ ။ လုပ္ငန္းေဟာင္းေနရာေဟာင္း၊ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြနဲ႔လည္းျပန္လည္ ဆုံစည္းရတတ္ပါတယ္။ ျပႆနာေဟာင္းေရာဂါေဟာင္းေတြျပန္ေပၚတတ္တာကိုလည္းသတိျပဳဖို႔လိုပါတယ္။ ေငြတအား႐ႊင္မယ္။ ရတနာပစၥည္းေတြအလွကုန္ပစၥည္းေတြဝင္တတ္ပါတယ္။ ကား ၊ ေက်ာက္၊ ကြန္ပ်ဴတာ ၊ ကင္မရာ၊ေ႐ႊ၊ အလွကုန္လုပ္ငန္းေတြအက်ိဳးေပးေအာင္ျမင္မယ္ ။ သူတပါးမနာလိုျဖစ္ေလာက္ေအာင္ စီးပြားတက္ေအာင္ျမင္ကိန္းမ်ိဳးျဖစ္ပါတယ္။ တမင္ရန္စေႏွာက္ယွက္တာမ်ိဳးေတြခံရတတ္ပါတယ္။ လူရင္းလူယုံဒုကၡေပးတတ္ပါတယ္။ ဘယ္ကိစၥမဆိုအေႏွာက္အယွက္ေလးေတြႀကဳံၿပီးမွ ေအာင္ျမင္တတ္ပါတယ္။ ခ်စ္သူရည္းစားအတြက္ ကံၾကမၼာအထူးပြင့္လင္းေနၿပီးအိမ္ေထာင္ရွင္မ်ားအတြက္ေတာ့ မတင္မက်ကိစၥေလးေတြရွိေနပါလိမ့္မယ္။ က်န္းမာေရးစိုးရိမ္စရာမလိုေပ ။
ကံေကာင္းေစေသာအေရာင္ ။ ။ အဝါေရာင္ျဖစ္ေပတယ္။
ကံေကာင္းေစေသာ ယၾတာ။ ။ ခေရ (၆) ၫြန႔္ ဘုရားလႉပါ။
MON
ဒီရက္အတြင္းမွာဘာသာေရးအလုပ္၊ ပညာေရးအလုပ္၊ ခရီးသြားလုပ္ငန္း၊ ႏိုင္ငံျခားကိစၥေတြအထူးေကာင္းပါတယ္၊စပ္တူရွယ္ယာကိစၥေတြလည္းေအာင္ျမင္မယ္၊ေျမ၊ ဖုန္း၊ ဆိုင္၊ စက္ ေကာင္းေသာဝင္ျခင္းမ်ားႀကဳံမယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ ပဲ၊ ေျပာင္း၊ အဂၤါနံ ၊ၾကာသပေတးနံအလုပ္ေတြ အလုပ္ျဖစ္အက်ိဳးေပးမယ္။ ေငြကံလည္းေကာင္းေနပါတယ္၊ အလႉမဂၤလာပြဲေတြႀကဳံရတတ္ပါတယ္။ ဘာသာေရးလုပ္ေလေလကံေကာင္းေလေလကိန္းမ်ိဳးပါပဲ။ ေဆြမ်ိဳးမိတ္ေဆြတို႔ရဲ႕ မေကာင္းေသာသတင္းကိုေတာ့ ၾကားရတတ္ပါတယ္။ ေအာက္လက္ငယ္သားကိစၥ၊ ေ႐ႊကိစၥ၊ အထည္၊ ထီး၊ ဖိနပ္ကိစၥေတြမွာလည္းစိတ္ညစ္ရတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား၊ ခ်စ္သူရည္းစားမ်ားေကာင္းေသာခြဲျခင္းႀကဳံရတတ္ပါတယ္။ ေလထိုးေလေအာင့္၊ႏွလုံးအားနည္း၊ ဒူး ၊နား၊ သြား၊ ေသြး သတိထားသင့္ပါတယ္။ ဒီတစ္ပတ္နာေရးကိစၥလုံးဝေရွာင္သင့္ပါတယ္။
ကံေကာင္းေစေသာအေရာင္ ။ ။ အညိဳေရာင္ျဖစ္ေပတယ္
ကံေကာင္းေစေသာ ယၾတာ။ ။ မိတ္ေဆြမ်ားကို စမူဆာ ဒါနလုပ္ရင္းလိုရာဆုကိုေတာင္းပါ။
TUE
ဒီရက္အတြင္းမွာအဘက္ဘက္ကကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ လုပ္ငန္းစီးပြားေတြကိုအရွိန္ျမႇင့္ၿပီးလုပ္သင့္ပါတယ္။ လုပ္ငန္းသစ္၊ ေနရာသစ္အစျပဳျခင္းေတြလည္းေကာင္းပါတယ္။ ရပ္ေဝးျပည္ပခရီးေကာင္းေတြႀကဳံမယ္။ ရပ္ေဝးကစာ၊ ေငြ၊ အဆက္အသြယ္၊ အကူအညီေတြလည္းရတတ္ပါတယ္၊ အကူအညီေတြလည္းရတတ္ပါတယ္၊ မိတ္ရင္း၊ ဆရာရင္းတို႔ရဲ႕ အထင္အထင္အျမင္ လြဲမွားျခင္းကိုေတာ့ခံရတတ္ပါတယ္။ ေျမ၊အေမြ၊ဖုန္း၊ ကား၊လွ်ပ္စစ္ကိစၥေတြမွာအေႏွာင့္အယွက္ အထစ္အေငါ့မ်ားမယ္။ သစ္၊ သံ၊ သြပ္၊ ေရထြက္ကုန္၊ အသီးအႏွံ၊ ခရီးသြားလုပ္ငန္းေတြမွာတာ့ ေအာင္ျမင္မႈႀကီးမ်ားရရွိႏိုင္ပါတယ္။ သူတစ္ပါးရဲ႕ျပႆနာမွာၾကားညႇပ္ေျဖရွင္းရတတ္ပါတယ္။ ခ်စ္သူရည္းစားမ်ားအိမ္ေထာင္ရွင္မ်ားနားလည္မႈလြဲတတ္တဲ့ကာလျဖစ္ပါတယ္။
ကံေကာင္းေစေသာအေရာင္ ။ ။ အျပာေရာင္ျဖစ္ေပတယ္
ကံေကာင္းေစေသာ ယၾတာ။ ။ သေျပ (၆) ၫြန႔္ ဘုရားလႉပါ။
WED
ဒီရက္အတြင္းမွာနာမည္ဂုဏ္သတင္းတက္ စရာႀကဳံရတတ္ပါတယ္။ ရာထူးေနရာအခြင့္အေရးေတြႀကဳံရတတ္ပါတယ္။ ႏိုင္ငံျခားလူမ်ိဳးျခားကိစၥေတြလည္းအက်ိဴးထူးမယ္။ ခရီးေကာင္းေတြလည္းသြားရတတ္ပါတယ္။ အလႉမဂၤလာအစီအစဥ္ေတြေအာင္ျမင္မယ္။ အထည္၊ ထီး၊ ဖိနပ္၊ ကား၊ ေက်ာက္၊ လွ်ပ္စစ္ပစၥည္း၊ ကြန္ပ်ဴတာ၊ ကင္မရာလုပ္ငန္းေတြအက်ိဳးေပးေအာင္ျမင္ႏိုင္ပါတယ္။ အိမ္အေဆာက္အဦးကိစၥလည္းေအာင္ျမင္မယ္။ စပ္တူကိစၥ၊ ေ႐ႊကိစၥ၊ ငယ္သားကိစၥေတြအတြက္ေတာ့ စိတ္ရႈပ္ေခါင္းစားရတတ္ပါတယ္။ ေငြကိစၥေတြေအာင္ျမင္မယ္။ လုပ္ငန္းတိုးခ်ဲ႕သင့္ပါတယ္။ ခ်စ္သူရည္းစားမ်ားအတြက္ၾကည္ႏူးဖြယ္ရာမ်ားအထူးေတြႏိုင္ၿပီးအိမ္ေထာင္ရွင္မ်ားအတြက္ေတာ့ တက်က္က်က္ျဖစ္ရတတ္တဲ့ ကိန္းမ်ိဳးပါပဲ။ အာ႐ုံေၾကာ၊ ရင္၊ ဝမ္းသတိထားပါ။
ကံေကာင္းေစေသာအေရာင္ ။ ။ မိုးျပာေရာင္ျဖစ္ေပတယ္
ကံေကာင္းေစေသာ ယၾတာ။ ။ ေငြထီး (၉) လက္ဘုရားလႉပါ။
THU
ဒီရက္အတြင္းမွာဆုံးျဖတ္ရခက္တဲ့ကိစၥေတြ၊ စိတ္ႏွစ္ခြျဖစ္စရာေတြႀကဳံလာရတတ္ပါတယ္။ တဇြတ္ထိုးလုပ္ၿပီးအမွားႀကဳံတတ္ပါတယ္။ တိုင္တိုင္ ပင္ပင္ လုပ္သင့္တဲ့အခ်ိန္ပါပဲ။ သူတစ္ပါးကိုကူညီရတဲ့ အလုပ္ေတြနဲ႔ မနားရေအာင္ ျဖစ္တတ္ပါတယ္။အလုပ္ေတြတအားလုပ္ရၿပီးေငြၾကပ္ေနမယ္။ နာမည္ႀကီးထမင္းငတ္ဆိုတဲ့ ကိန္းမ်ိဳပါပဲ။ ဘာအလုပ္ကိုမွ ႀကီးႀကီးမားမားမခ်ဲ႕သင့္ေသးပါဘူး။ ေျမ၊အေမြ၊ဖုန္း၊ပညာေရး၊ ဘာသာေရး၊ ႏိုင္ငံျခား၊ လွ်ပ္ စစ္ပစၥည္း ၊အထည္၊ထီး၊ ဖိနပ္လုပ္ငန္းေတြမွာေတာ့ အက်ိဳးထူးႏိုင္ပါတယ္။ ေနရာကိစၥ ၊အေဆာက္အဦးကိစၥေတြမွာတိုးလို႔တန္းလန္းျဖစ္ေနမယ္။စာရက္စာတမ္းကိစၥ၊ စပ္တူကိစၥေတြစိတ္ရွပ္ရတတ္ပါတယ္။ေျခေထာက္၊ ခါး၊အစာမွားေဆးမွား၊ သြား၊ေသြးသတိျပဳသင့္ပါတယ္။ ခ်စ္သူရည္းစားမ်ား၊ အိမ္ေထာင္ရွင္မ်ားအေနနဲ႔ ကြဲကြာေနရတာ၊ ေဘးရေႏွာင့္ယွက္တာ ႀကဳံေတြ႕ရ တတ္ပါတယ္။
ကံေကာင္းေစေသာအေရာင္ ။ ။ အစိမ္းေရာင္ျဖစ္ေပတယ္
ကံေကာင္းေစေသာ ယၾတာ။ ။ ပိေတာက္ (၁၂) ၫြန႔္ လႉပါ။
FRI
ဒီရက္အေတာအတြင္းမွာျပႆနာေတြ တစ္ခုၿပီးတစ္ခုရွင္းေနရတတ္ပါတယ္။ မီး၊လွ်ပ္စစ္ ထိခိုက္မႈအႏၲရာယ္မ်ားလည္းသတိထားသင့္ပါတယ္။ ခရီးကံအထူးေကာင္းပါတယ္။ ရပ္ေဝးျပည္ပအက်ိဳးထူးမယ့္အခ်ိန္ျဖစ္ပါတယ္။ ရပ္ေဝးကအဆက္အသြယ္အကူအညီေကာင္းေတြလည္းရလာတတ္ပါတယ္။ထြက္ေနတဲ့ေငြေတြ ၊ ပစၥည္းေတြျပန္ဝင္တာ၊ ကြဲကြာေနသူမ်ားႏွင့္ျပန္ဆုံတာအိမ္၊ရာထူး၊အလုပ္၊ ေနရာကိစၥေအာင္ျမင္တာေတြလည္းႀကဳံႏိုင္ပါတယ္။ အသီးအႏွံ၊ သစ္၊ သံ၊သြပ္၊ေရထြက္ကုန္၊အိမ္ေဆာက္ပစၥည္း၊ခရီးသြားလုပ္ငန္းမ်ားအက်ိဳးေပးခ်ိန္ျဖစ္ပါတယ္။ေျမ၊အေမြ၊ဖုန္း၊ပညာေရးကိစၥမ်ား၊ မတင္မက်ျဖစ္ၿပီးမွ ေအာင္ျမင္မယ္။ အထည္၊ထီး၊ဖိနပ္၊ စာခ်ဴပ္စာတမ္းကိစၥမ်ားမေကာင္းလွပါဘူး။ ေငြအဝင္အထြက္ၾကမ္းမဲ့ရက္ေတြျဖစ္ပါတယ္။ အိမ္ေထာင္ရွင္မ်ားစိတ္ခ်မ္းသာရၿပီး ၊ခ်စ္သူရည္းစားမ်ားလမ္းခြဲရမတတ္ျဖစ္တတ္ပါတယ္။ က်န္းမာေရးအညံ့ဘက္ကိုမ်ားေနပါတယ္။
ကံေကာင္းေစေသာအေရာင္ ။ ။ အျဖဴေရာင္ျဖစ္ေပတယ္
ကံေကာင္းေစေသာ ယၾတာ။ ။ သစ္သီး ( ၆ ) မ်ိဳးလႉပါ။
SAT
ဒီရက္အတြင္းမွာအဆင္မေျပလြဲေခ်ာ္ တာေတြမ်ားေနမယ္။ ဟိုဟာလုပ္ရေတာ့မလိုလို ၊ဒီဟာလုပ္ရေတာ့မလိုလိုနဲ႔ အခ်ိန္ကုန္ေနတတ္ပါတယ္။ သူမ်ားျပႆနာေတြမွာလည္းၾကားညပ္တတ္ပါတယ္။ ဘာမဆိုစိတ္ရွည္သင့္တဲ့အခ်ိန္ပါပဲ။ လုပ္ငန္းသစ္စတာတျဖည္းျဖည္းနဲ႔တိုခ်ဲ႕တာ။ စပ္တူရွယ္ယာအလုပ္ စာခ်ဳပ္လုပ္ငန္းေတြေကာင္းပါတယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား၊ စကၠဴ၊ စာအုပ္ အဂၤါနံေတြလုပ္ျဖစ္မယ္။ မထင္မွတ္ဘဲအိမ္ ၊အလုပ္ ၊ေနရာ၊ရာထူး၊ ဆိုင္ခန္းအခြင့္အေရးႀကဳံတတ္ပါ တယ္။ ႏိုင္ငံျခားႏွင့္ပတ္သတ္တဲ့ အခြင့္အေရးေကာင္း ၊ အဆက္အသြယ္ေကာင္းေတြလည္းရတတ္ပါတယ္။ မိတ္ရင္းဆရာရင္းတို႔ေၾကာင့္စိတ္ရႈပ္ရတတ္ပါတယ္။ ေငြကံကေတာ့အေတာ္နိမ့္ေနပါတယ္။ ေငြမ်ားမ်ားရွိေနရင္လည္းေဆးဖိုးဝါးချဖစ္သြားတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ားအဆင္မေျပမႈေတြေျပလည္သြားလိမ့္မယ္။ ခ်စ္သူရည္းစားမ်ားကေတာ့ ဆုံးျဖတ္ရခတ္တဲ့ အၾကပ္အတည္းမ်ိဳးႀကဳံလာတတ္ပါတယ္။
ကံေကာင္းေစေသာအေရာင္ ။ ။ အနီေရာင္ျဖစ္ေပတယ္
ကံေကာင္းေစေသာ ယၾတာ။ ။ အဂၤါ ေထာင့္မွာစံပယ္ (၈) ကုံးဘုရားလႉပါ။
Unicode
” ၇ ရက်သား/သမီးများအတွက် ၂၃.၈.၂၀၂၁ မှ ၂၉.၈.၂၀၂၁ ရက်နေ့အထိ တစ်ပတ်စာအထူး ဟောစာတမ်းတင်ပေးလိုက်ပါတယ်”
ဆရာအောင်ချစ်မင်း Page မှ ဗေဒင်ဆိုင်ရာများ တင်ပေးနေလို့ ဝင်ရောက်ဖတ်ရှု့လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်…
ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ကျွန်ုပ်အောင်ချစ်မင်းမှ ဆုတောင်းပေးလိုက်ပါသည်။
SUN
ဒီရက်တွေအတွင်းမှာထွက်နေ၊ ဆုံးရှုံးနေတဲ့ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးတွေပြန်ရတတ်ပါတယ် ။ လုပ်ငန်းဟောင်းနေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်းပြန်လည် ဆုံစည်းရတတ်ပါတယ်။ ပြဿနာဟောင်းရောဂါဟောင်းတွေပြန်ပေါ်တတ်တာကိုလည်းသတိပြုဖို့လိုပါတယ်။ ငွေတအားရွှင်မယ်။ ရတနာပစ္စည်းတွေအလှကုန်ပစ္စည်းတွေဝင်တတ်ပါတယ်။ ကား ၊ ကျောက်၊ ကွန်ပျူတာ ၊ ကင်မရာ၊ရွှေ၊ အလှကုန်လုပ်ငန်းတွေအကျိုးပေးအောင်မြင်မယ် ။ သူတပါးမနာလိုဖြစ်လောက်အောင် စီးပွားတက်အောင်မြင်ကိန်းမျိုးဖြစ်ပါတယ်။ တမင်ရန်စနှောက်ယှက်တာမျိုးတွေခံရတတ်ပါတယ်။ လူရင်းလူယုံဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆိုအနှောက်အယှက်လေးတွေကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်းစားအတွက် ကံကြမ္မာအထူးပွင့်လင်းနေပြီးအိမ်ထောင်ရှင်များအတွက်တော့ မတင်မကျကိစ္စလေးတွေရှိနေပါလိမ့်မယ်။ ကျန်းမာရေးစိုးရိမ်စရာမလိုပေ ။
ကံကောင်းစေသောအရောင် ။ ။ အဝါရောင်ဖြစ်ပေတယ်။
ကံကောင်းစေသော ယတြာ။ ။ ခရေ (၆) ညွန့် ဘုရားလှူပါ။
MON
ဒီရက်အတွင်းမှာဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေအထူးကောင်းပါတယ်၊စပ်တူရှယ်ယာကိစ္စတွေလည်းအောင်မြင်မယ်၊မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသောဝင်ခြင်းများကြုံမယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အင်္ဂါနံ ၊ကြာသပတေးနံအလုပ်တွေ အလုပ်ဖြစ်အကျိုးပေးမယ်။ ငွေကံလည်းကောင်းနေပါတယ်၊ အလှူမင်္ဂလာပွဲတွေကြုံရတတ်ပါတယ်။ ဘာသာရေးလုပ်လေလေကံကောင်းလေလေကိန်းမျိုးပါပဲ။ ဆွေမျိုးမိတ်ဆွေတို့ရဲ့ မကောင်းသောသတင်းကိုတော့ ကြားရတတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်ကိစ္စတွေမှာလည်းစိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများကောင်းသောခွဲခြင်းကြုံရတတ်ပါတယ်။ လေထိုးလေအောင့်၊နှလုံးအားနည်း၊ ဒူး ၊နား၊ သွား၊ သွေး သတိထားသင့်ပါတယ်။ ဒီတစ်ပတ်နာရေးကိစ္စလုံးဝရှောင်သင့်ပါတယ်။
ကံကောင်းစေသောအရောင် ။ ။ အညိုရောင်ဖြစ်ပေတယ်
ကံကောင်းစေသော ယတြာ။ ။ မိတ်ဆွေများကို စမူဆာ ဒါနလုပ်ရင်းလိုရာဆုကိုတောင်းပါ။
TUE
ဒီရက်အတွင်းမှာအဘက်ဘက်ကကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကိုအရှိန်မြှင့်ပြီးလုပ်သင့်ပါတယ်။ လုပ်ငန်းသစ်၊ နေရာသစ်အစပြုခြင်းတွေလည်းကောင်းပါတယ်။ ရပ်ဝေးပြည်ပခရီးကောင်းတွေကြုံမယ်။ ရပ်ဝေးကစာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်းရတတ်ပါတယ်၊ အကူအညီတွေလည်းရတတ်ပါတယ်၊ မိတ်ရင်း၊ ဆရာရင်းတို့ရဲ့ အထင်အထင်အမြင် လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။ မြေ၊အမွေ၊ဖုန်း၊ ကား၊လျှပ်စစ်ကိစ္စတွေမှာအနှောင့်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွားလုပ်ငန်းတွေမှာတာ့ အောင်မြင်မှုကြီးများရရှိနိုင်ပါတယ်။ သူတစ်ပါးရဲ့ပြဿနာမှာကြားညှပ်ဖြေရှင်းရတတ်ပါတယ်။ ချစ်သူရည်းစားများအိမ်ထောင်ရှင်များနားလည်မှုလွဲတတ်တဲ့ကာလဖြစ်ပါတယ်။
ကံကောင်းစေသောအရောင် ။ ။ အပြာရောင်ဖြစ်ပေတယ်
ကံကောင်းစေသော ယတြာ။ ။ သပြေ (၆) ညွန့် ဘုရားလှူပါ။
WED
ဒီရက်အတွင်းမှာနာမည်ဂုဏ်သတင်းတက် စရာကြုံရတတ်ပါတယ်။ ရာထူးနေရာအခွင့်အရေးတွေကြုံရတတ်ပါတယ်။ နိုင်ငံခြားလူမျိုးခြားကိစ္စတွေလည်းအကျိူးထူးမယ်။ ခရီးကောင်းတွေလည်းသွားရတတ်ပါတယ်။ အလှူမင်္ဂလာအစီအစဉ်တွေအောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။ အိမ်အဆောက်အဦးကိစ္စလည်းအောင်မြင်မယ်။ စပ်တူကိစ္စ၊ ရွှေကိစ္စ၊ ငယ်သားကိစ္စတွေအတွက်တော့ စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ငွေကိစ္စတွေအောင်မြင်မယ်။ လုပ်ငန်းတိုးချဲ့သင့်ပါတယ်။ ချစ်သူရည်းစားများအတွက်ကြည်နူးဖွယ်ရာများအထူးတွေနိုင်ပြီးအိမ်ထောင်ရှင်များအတွက်တော့ တကျက်ကျက်ဖြစ်ရတတ်တဲ့ ကိန်းမျိုးပါပဲ။ အာရုံကြော၊ ရင်၊ ဝမ်းသတိထားပါ။
ကံကောင်းစေသောအရောင် ။ ။ မိုးပြာရောင်ဖြစ်ပေတယ်
ကံကောင်းစေသော ယတြာ။ ။ ငွေထီး (၉) လက်ဘုရားလှူပါ။
THU
ဒီရက်အတွင်းမှာဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေကြုံလာရတတ်ပါတယ်။ တဇွတ်ထိုးလုပ်ပြီးအမှားကြုံတတ်ပါတယ်။ တိုင်တိုင် ပင်ပင် လုပ်သင့်တဲ့အချိန်ပါပဲ။ သူတစ်ပါးကိုကူညီရတဲ့ အလုပ်တွေနဲ့ မနားရအောင် ဖြစ်တတ်ပါတယ်။အလုပ်တွေတအားလုပ်ရပြီးငွေကြပ်နေမယ်။ နာမည်ကြီးထမင်းငတ်ဆိုတဲ့ ကိန်းမျိုပါပဲ။ ဘာအလုပ်ကိုမှ ကြီးကြီးမားမားမချဲ့သင့်သေးပါဘူး။ မြေ၊အမွေ၊ဖုန်း၊ပညာရေး၊ ဘာသာရေး၊ နိုင်ငံခြား၊ လျှပ် စစ်ပစ္စည်း ၊အထည်၊ထီး၊ ဖိနပ်လုပ်ငန်းတွေမှာတော့ အကျိုးထူးနိုင်ပါတယ်။ နေရာကိစ္စ ၊အဆောက်အဦးကိစ္စတွေမှာတိုးလို့တန်းလန်းဖြစ်နေမယ်။စာရက်စာတမ်းကိစ္စ၊ စပ်တူကိစ္စတွေစိတ်ရှပ်ရတတ်ပါတယ်။ခြေထောက်၊ ခါး၊အစာမှားဆေးမှား၊ သွား၊သွေးသတိပြုသင့်ပါတယ်။ ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာနေရတာ၊ ဘေးရနှောင့်ယှက်တာ ကြုံတွေ့ရ တတ်ပါတယ်။
ကံကောင်းစေသောအရောင် ။ ။ အစိမ်းရောင်ဖြစ်ပေတယ်
ကံကောင်းစေသော ယတြာ။ ။ ပိတောက် (၁၂) ညွန့် လှူပါ။
FRI
ဒီရက်အတောအတွင်းမှာပြဿနာတွေ တစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ မီး၊လျှပ်စစ် ထိခိုက်မှုအန္တရာယ်များလည်းသတိထားသင့်ပါတယ်။ ခရီးကံအထူးကောင်းပါတယ်။ ရပ်ဝေးပြည်ပအကျိုးထူးမယ့်အချိန်ဖြစ်ပါတယ်။ ရပ်ဝေးကအဆက်အသွယ်အကူအညီကောင်းတွေလည်းရလာတတ်ပါတယ်။ထွက်နေတဲ့ငွေတွေ ၊ ပစ္စည်းတွေပြန်ဝင်တာ၊ ကွဲကွာနေသူများနှင့်ပြန်ဆုံတာအိမ်၊ရာထူး၊အလုပ်၊ နေရာကိစ္စအောင်မြင်တာတွေလည်းကြုံနိုင်ပါတယ်။ အသီးအနှံ၊ သစ်၊ သံ၊သွပ်၊ရေထွက်ကုန်၊အိမ်ဆောက်ပစ္စည်း၊ခရီးသွားလုပ်ငန်းများအကျိုးပေးချိန်ဖြစ်ပါတယ်။မြေ၊အမွေ၊ဖုန်း၊ပညာရေးကိစ္စများ၊ မတင်မကျဖြစ်ပြီးမှ အောင်မြင်မယ်။ အထည်၊ထီး၊ဖိနပ်၊ စာချူပ်စာတမ်းကိစ္စများမကောင်းလှပါဘူး။ ငွေအဝင်အထွက်ကြမ်းမဲ့ရက်တွေဖြစ်ပါတယ်။ အိမ်ထောင်ရှင်များစိတ်ချမ်းသာရပြီး ၊ချစ်သူရည်းစားများလမ်းခွဲရမတတ်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအညံ့ဘက်ကိုများနေပါတယ်။
ကံကောင်းစေသောအရောင် ။ ။ အဖြူရောင်ဖြစ်ပေတယ်
ကံကောင်းစေသော ယတြာ။ ။ သစ်သီး ( ၆ ) မျိုးလှူပါ။
SAT
ဒီရက်အတွင်းမှာအဆင်မပြေလွဲချော် တာတွေများနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို ၊ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများပြဿနာတွေမှာလည်းကြားညပ်တတ်ပါတယ်။ ဘာမဆိုစိတ်ရှည်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းသစ်စတာတဖြည်းဖြည်းနဲ့တိုချဲ့တာ။ စပ်တူရှယ်ယာအလုပ် စာချုပ်လုပ်ငန်းတွေကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ် အင်္ဂါနံတွေလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲအိမ် ၊အလုပ် ၊နေရာ၊ရာထူး၊ ဆိုင်ခန်းအခွင့်အရေးကြုံတတ်ပါ တယ်။ နိုင်ငံခြားနှင့်ပတ်သတ်တဲ့ အခွင့်အရေးကောင်း ၊ အဆက်အသွယ်ကောင်းတွေလည်းရတတ်ပါတယ်။ မိတ်ရင်းဆရာရင်းတို့ကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ ငွေကံကတော့အတော်နိမ့်နေပါတယ်။ ငွေများများရှိနေရင်လည်းဆေးဖိုးဝါးခဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များအဆင်မပြေမှုတွေပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခတ်တဲ့ အကြပ်အတည်းမျိုးကြုံလာတတ်ပါတယ်။
ကံကောင်းစေသောအရောင် ။ ။ အနီရောင်ဖြစ်ပေတယ်
ကံကောင်းစေသော ယတြာ။ ။ အင်္ဂါ ထောင့်မှာစံပယ် (၈) ကုံးဘုရားလှူပါ။



