လှချင်ရင် မပျင်းပါနဲ့ (မိန်းကလေးတိုင်း ဗဟုသုတအဖြစ် ဖတ်ထားသင့်ပါတယ်နော်)
လှချင်ရင် မပျင်းနဲ့ခုခေတ် ကာလကြီးမှာက ကျား/မ မရွေး လှပချင်ကြတာပါပဲ။
မိန်းကလေးမှ လှလို့ရတာမဟုတ် ပါဘူးနော်။မိတ်ကပ် တစ်ပိဿာလောက်လိမ်းထားတဲ့ အထောက်အပံ့တွေ ပါတဲ့အလှကိုလည်း မဆိုလိုပါဘူး။
သဘာဝကျကျ ကြည်လင်ရှင်းသန့်နေ တဲ့မျက်နှာနဲ့ စိုပြည်ဝင်းပနေတဲ့အသားအရေမျိုး ပိုင်ဆိုင်ထားမယ်ဆို
ယောင်္ကျား မိန်းမဘယ်သူဖြစ်ဖြစ် ကျက်သရေ ရှိစွာတင့်တယ်နေ မှာပဲနော် ။
လက်ဘက်ကောင်းစားချင်ရင် ပလောင်တောင် တက်နှေးရတယ် ဆိုတဲ့စကားပုံ လိုပဲလေ။
ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့က မရနိုင်ပါဘူး။
အလှအပရေးရာမှာ အချိန်တစ်ခု ကတော့ပေးကိုပေး ရပါတယ်။ရှုပ်တယ်။
ငွေဘယ်လောက် ကုန်ကုန် ခုလှချင်နေ ပြီဆိုတဲ့သူတွေကတော့ Plastic surgery တွေလုပ်၊Botox တွေထိုး၊ Fillers တွေထိုးနဲ့ ပြေးလုပ်ကြ တာပေါ့လေ။
ဒါတွေကလည်း အတိုင်းအတာ တစ်ခုအထိတော့ အချိန်ကုန်တာပါပဲ။
အသားလည်း နာတာပေါ့လေ အလှစစ်စစ်ကို တကယ်ကြီး ကိုပိုင်ဆိုင်ချင်တယ် ဆိုတဲ့သူတွေကို နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ နေ့တိုင်းပုံမှန်လုပ် ကိုလုပ်ရမှာဖြစ်ပြီးကြာရှည် လုပ်ဖို့ကတော့ ဇွဲရှိဖို့လိုပါမယ်။
ပျင်းတယ်၊ ဖြတ်လမ်းပဲ ကြိုက်တယ်ဆိုတဲ့ သူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူးနော်။ရတယ်။
လုပ်မယ်။ ချ။ စိတ်ဓါတ်ခိုင်မာတယ်။ငွေကုန်ကြေးကျ လည်းသက်သာမယ်၊ သဘာဝအလှ စစ်စစ်ကိုပဲ သဘောကျ တယ်ဆိုသူများ
၁-ဆံပင်များ စည်းနှောင်လိုက်ပါ။ မျက်နှာသေချ ာစင်ကြယ်အောင်သစ်ပါ
ဘာမှမလိမ်းခြယ် ထားတဲ့မျက်နှာလေးကို သဘာဝအ လင်းရောင်အောက်မှာ ရိုးရိုး ကင်မရာနဲ့ပဲ Selfie ဆွဲလိုက် ပါတော့နော်
၂- တစ်နေ့ ရေ ၂လီတာသောက်ပါ။ ချွေးထွက်များရင် ပိုသောက်ပါ။ ဓါတ်ဆားသောက်ပေးပါ
၃- မနက်၊ နေ့လည်၊ ည တစ်နပ်မှမ လွတ်အောင် သေချာစားပါ
အသီးအနှံ အသားငါး စုံအောင်စားပါထမင်းစားပြီး အသီးတစ် လုံးစားပါ။ အဆီ၊ ဆီကြော်၊ အငန် ရှောင်ပါ
၄- တစ်ညကို ၇နာရီအိပ်ပါ။ Facebook ပွတ်ပြီးအချိန် မကုန်ပါနဲ့
ရည်းစားကို ရစ် မနေပါနဲ့။ ဘာမှလျှောက်တွေးပြီး လမ်းတွေပျောက် မနေပါနဲ့။ အဲဒီ့အစား သီချင်းအေးအေးလေးဖွင့်ပြီး အိပ်လိုက်ပါ
၅- စိတ်ချမ်း သာအောင်နေပါ။ စိတ်ညစ် စရာတွေ ခဏခေါက် ထားပါ
ပျော်အောင်နေပါ။ လူတိုင်းလူတိုင်းဟာ သူ့ဒုက ္ခနဲ့သူပါ
ကိုယ်တစ်ယောက် ထဲပြဿနာတက်နေ တာမဟုတ်ပါဘူး
၆-တစ်နေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ အထွေအထူး မလုပ်တတ်ရင် ဒိုက်ထိုး၊ ထိုင်ထပဲလုပ်ပါ
၇- နေရောင်ထဲ ထွက်ရင် ကာကွယ်သွားပါ။ Sunblock လိမ်းပါ။ ထီးဆောင်းပါ။ လက်ရှည်ဝတ်ပါ
၈- တစ်ပတ် ၂ကြိမ် Scrub လုပ်ပါ။ ဈေးကြီးပေးပြီး မဝယ်ချင်ရင် ကော်ဖီကြမ်းမှုန့်၊
ပျားရည်၊ သံလွင်ဆီရောပြီး ဆားနည်းနည်း၊ သကြားနည်းနည်းထည့်
ကိုယ့်ဘာသာ scrub လုပ်ပြီးသုံးပါ။ သံလွင်ဆီအစား အုန်းဆီလည်း ရပါတယ်
၉- ညအိပ်ယာဝင်ခါနီးတိုင်း Skincare ပုံမှန်လိမ်းပါ။ ဈေးသက်သာချင်ရင် သံလွင်ဆီလိမ်းပေးပါ
သံလွင်ဆီက ခေါင်းအစခြေအဆုံးလိမ်းလို့ရပါတယ်
၁၀- တစ်ပတ် ၂ကြိမ် Scrub လုပ်ပြီးတိုင်း ပေါင်းတင်ပေးပါ
သဘာဝပစ္စည်းတွေ နဲ့ပေါင်းတင်နည်းတွေကို မာယာပေ့ချ်မှာ တင်ပေးထားတာတွေ အများကြီးရှိပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
၁၁-တစ်လအကြာမှာ Selfie ပြန်ဆွဲပါ။ ပထမဆုံး Selfie ပုံနဲ့ယှဉ်ကြည့်ပါ
၁၂-တစ်နှစ်အကြာမှာ Selfie ထပ်ဆွဲပါ။ အရင် ၂ပုံနဲ့ ယှဉ်ကြည့်လိုက်ပါ
အဆင့် ၁၂ ခုကို ဇွဲကောင်းကောင်းနဲ့လုပ်ပြီးသွားပြီဆိုရင်တော့ မိတ်ကပ်မလိမ်း
ထားလည်း စိုပြေဝင်းပပြီးသဘာဝအတိုင်း Glow နေတဲ့မျက်နှာကို အထာကျကျမော့ထားပြီး
သဘာဝအလှဆိုတာ ငပျင်းတွေအတွက်မဟုတ်ဘူး လို့ ခပ်ချေချေနဲ့ပြောနိုင် ပါပြီနော်
crd
Zawgyi ဖြင့်ဖတ်ပါ
လွခ်င္ရင္ မပ်င္းပါနဲ႔ (မိန္းကေလးတိုင္း ဗဟုသုတအျဖစ္ ဖတ္ထားသင့္ပါတယ္ေနာ္)
လွခ်င္ရင္ မပ်င္းနဲ႔ခုေခတ္ ကာလႀကီးမွာက က်ား/မ မေရြး လွပခ်င္ၾကတာပါပဲ။
မိန္းကေလးမွ လွလို႔ရတာမဟုတ္ ပါဘူးေနာ္။မိတ္ကပ္ တစ္ပိႆာေလာက္လိမ္းထားတဲ့ အေထာက္အပံ့ေတြ ပါတဲ့အလွကိုလည္း မဆိုလိုပါဘူး။
သဘာဝက်က် ၾကည္လင္ရွင္းသန႔္ေန တဲ့မ်က္ႏွာနဲ႔ စိုျပည္ဝင္းပေနတဲ့အသားအေရမ်ိဳး ပိုင္ဆိုင္ထားမယ္ဆို ေယာကၤ်ား မိန္းမဘယ္သူျဖစ္ျဖစ္ က်က္သေရ ရွိစြာတင့္တယ္ေန မွာပဲေနာ္ ။
လက္ဘက္ေကာင္းစားခ်င္ရင္ ပေလာင္ေတာင္ တက္ေႏွးရတယ္ ဆိုတဲ့စကားပုံ လိုပဲေလ။ခုေရတြင္းတူး ခုေရၾကည္ေသာက္ ခ်င္လို႔က မရနိုင္ပါဘူး။
အလွအပေရးရာမွာ အခ်ိန္တစ္ခု ကေတာ့ေပးကိုေပး ရပါတယ္။ရႈပ္တယ္။ ေငြဘယ္ေလာက္ ကုန္ကုန္ ခုလွခ်င္ေန ၿပီဆိုတဲ့သူေတြကေတာ့ Plastic surgery ေတြလုပ္၊Botox ေတြထိုး၊ Fillers ေတြထိုးနဲ႔ ေျပးလုပ္ၾက တာေပါ့ေလ။
ဒါေတြကလည္း အတိုင္းအတာ တစ္ခုအထိေတာ့ အခ်ိန္ကုန္တာပါပဲ။
အသားလည္း နာတာေပါ့ေလ အလွစစ္စစ္ကို တကယ္ႀကီး ကိုပိုင္ဆိုင္ခ်င္တယ္ ဆိုတဲ့သူေတြကို နည္းလမ္းေလးေတြေျပာျပခ်င္ပါတယ္။ ေန႔တိုင္းပုံမွန္လုပ္ ကိုလုပ္ရမွာျဖစ္ၿပီးၾကာရွည္ လုပ္ဖို႔ကေတာ့ ဇြဲရွိဖို႔လိုပါမယ္။
ပ်င္းတယ္၊ ျဖတ္လမ္းပဲ ႀကိဳက္တယ္ဆိုတဲ့ သူေတြနဲ႔ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူးေနာ္။ရတယ္။
လုပ္မယ္။ ခ်။ စိတ္ဓါတ္ခိုင္မာတယ္။ေငြကုန္ေၾကးက် လည္းသက္သာမယ္၊ သဘာဝအလွ စစ္စစ္ကိုပဲ သေဘာက် တယ္ဆိုသူမ်ား
၁-ဆံပင္မ်ား စည္းေႏွာင္လိုက္ပါ။ မ်က္ႏွာေသခ် ာစင္ၾကယ္ေအာင္သစ္ပါ
ဘာမွမလိမ္းျခယ္ ထားတဲ့မ်က္ႏွာေလးကို သဘာဝအ လင္းေရာင္ေအာက္မွာ ရိုးရိုး ကင္မရာနဲ႔ပဲ Selfie ဆြဲလိုက္ ပါေတာ့ေနာ္
၂- တစ္ေန႔ ေရ ၂လီတာေသာက္ပါ။ ေခၽြးထြက္မ်ားရင္ ပိုေသာက္ပါ။ ဓါတ္ဆားေသာက္ေပးပါ
၃- မနက္၊ ေန႔လည္၊ ည တစ္နပ္မွမ လြတ္ေအာင္ ေသခ်ာစားပါ
အသီးအႏွံ အသားငါး စုံေအာင္စားပါထမင္းစားၿပီး အသီးတစ္ လုံးစားပါ။ အဆီ၊ ဆီေၾကာ္၊ အငန္ ေရွာင္ပါ
၄- တစ္ညကို ၇နာရီအိပ်ပါ။ Facebook ပြတ္ၿပီးအခ်ိန္ မကုန္ပါနဲ႔
ရည္းစားကို ရစ္ မေနပါနဲ႔။ ဘာမွေလၽွာက္ေတြးၿပီး လမ္းေတြေပ်ာက္ မေနပါနဲ႔။ အဲဒီ့အစား သီခ်င္းေအးေအးေလးဖြင့္ၿပီး အိပ္လိုက္ပါ
၅- စိတ္ခ်မ္း သာေအာင္ေနပါ။ စိတ္ညစ္ စရာေတြ ခဏေခါက္ ထားပါ
ေပ်ာ္ေအာင္ေနပါ။ လူတိုင္းလူတိုင္းဟာ သူ႔ဒုက ၡနဲ႔သူပါ
ကိုယ္တစ္ေယာက္ ထဲျပႆနာတက္ေန တာမဟုတ္ပါဘူး
၆-တစ္ေန႔ နာရီဝက္ ေလ့က်င့္ခန္း လုပ္ပါ။ အေထြအထူး မလုပ္တတ္ရင္ ဒိုက္ထိုး၊ ထိုင္ထပဲလုပ္ပါ
၇- ေနေရာင္ထဲ ထြက္ရင္ ကာကြယ္သြားပါ။ Sunblock လိမ္းပါ။ ထီးေဆာင္းပါ။ လက္ရွည္ဝတ္ပါ
၈- တစ္ပတ္ ၂ႀကိမ္ Scrub လုပ္ပါ။ ေဈးႀကီးေပးၿပီး မဝယ္ခ်င္ရင္ ေကာ္ဖီၾကမ္းမႈန႔္၊
ပ်ားရည္၊ သံလြင္ဆီေရာၿပီး ဆားနည္းနည္း၊ သၾကားနည္းနည္းထည့္
ကိုယ့္ဘာသာ scrub လုပ္ၿပီးသုံးပါ။ သံလြင္ဆီအစား အုန္းဆီလည္း ရပါတယ္
၉- ညအိပ္ယာဝင္ခါနီးတိုင္း Skincare ပုံမွန္လိမ္းပါ။ ေဈးသက္သာခ်င္ရင္ သံလြင္ဆီလိမ္းေပးပါ
သံလြင္ဆီက ေခါင္းအစေျခအဆုံးလိမ္းလို႔ရပါတယ္
၁၀- တစ္ပတ္ ၂ႀကိမ္ Scrub လုပ္ၿပီးတိုင္း ေပါင္းတင္ေပးပါ
သဘာဝပစၥည္းေတြ နဲ႔ေပါင္းတင္နည္းေတြကို မာယာေပ့ခ်္မွာ တင္ေပးထားတာေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ္နဲ႔အဆင္ေျပမယ့္ နည္းလမ္းကို ေရြးခ်ယ္အသုံးျပဳနိုင္ပါတယ္။
၁၁-တစ္လအၾကာမွာ Selfie ျပန္ဆြဲပါ။ ပထမဆုံး Selfie ပုံနဲ႔ယွဥ္ၾကည့္ပါ
၁၂-တစ္ႏွစ္အၾကာမွာ Selfie ထပ္ဆြဲပါ။ အရင္ ၂ပုံနဲ႔ ယွဥ္ၾကည့္လိုက္ပါ
အဆင့္ ၁၂ ခုကို ဇြဲေကာင္းေကာင္းနဲ႔လုပ္ၿပီးသြားၿပီဆိုရင္ေတာ့ မိတ္ကပ္မလိမ္း
ထားလည္း စိုေျပဝင္းပၿပီးသဘာဝအတိုင္း Glow ေနတဲ့မ်က္ႏွာကို အထာက်က်ေမာ့ထားၿပီး
သဘာဝအလွဆိုတာ ငပ်င္းေတြအတြက္မဟုတ္ဘူး လို႔ ခပ္ေခ်ေခ်နဲ႔ေျပာနိုင္ ပါၿပီေနာ္
crd