ခေါက်ဆွဲခြောက်စားတာ ကြိုက်တဲ့သူတို့အတွက် ဆင်ခြင်ရအောင်လို့ တင်ပေးလိုက်ပါတယ်
အသင့်စား ခေါက်ဆွဲများ များများစားသုံးပါက ခံစားရမယ့် အကျိုးရလာဒ်များ
အလုပ်များတဲ့နေ့တွေမှာ အသင့်စား ခေါက်ဆွဲပြုတ်တွေပဲ အမြဲတမ်း လုပ်စားဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးအတွက် သေချာဆန်းစစ်ပေးဖို့ လိုအပ်နေပါပြီ။
တာရှည်ခံ ခေါက်ဆွဲခြောက်တွေကို များများစားသုံးမိပါက ကျန်းမာရေးအတွက် ဘယ်လိုထိခိုက်နိုင်သလဲဆိုတာကို စာဖတ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။
အငန်ဓာတ် လွန်ကဲနေခြင်း
အသင့်စား ခေါက်ဆွဲခြောက်မှာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ် စတဲ့ အာဟာရဓာတ်များ လုံးဝမပါဝင်ပါဘူး။
ဒါပေမဲ့ ဆိုဒီယမ်ဓာတ်နှင့် ကာဘိုဟိုက်ဒြိုက်ဓာတ်များ လွန်ကဲစွာပါဝင်ပါတယ်။ ဒါ့ကြောင့် လွန်ကဲစွာ စားသုံးမိမယ်ဆိုရင်တော့ သွေးတိုးရောဂါ၊ အဝလွန်ရောဂါတို့ကို ခံစားရစေနိုင်ပါတယ်။
အစာချေစနစ်ကို နှောင့်နှေးစေခြင်း
အသင့်စား ခေါက်ဆွဲများကို ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အတွက်ကြောင့် စားသုံးပြီးတဲ့နောက်မှာတော့ အစာအိမ်ထဲမှာ အချိန်အကြာကြီး ရှိနေမှာပဲဖြစ်ပါတယ်။
လတ်ဆတ်တဲ့ ခေါက်ဆွဲကို စားသုံးပြီးနောက် အစာချေရန် ကြာချိန်ကတော့ ၂ နာရီဖြစ်ပြီး အသင့်စား ခေါက်ဆွဲခြောက်ကတော့ စားသုံးပြီး ၂ နာရီကြာမှ အစာချေမှု စတင်မှာပဲဖြစ်ပါတယ်။
ရောဂါအဖြစ် လွယ်ခြင်း
လေ့လာတွေ့ရှိချက်များအရ အသင့်စား ခေါက်ဆွဲကို တစ်ပတ်နှစ်ကြိမ်ခန့် စားသုံးတဲ့ အမျိုးသမီးများမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါ ခံစားရနိုင်ချေ ပိုများပြီး မကြာခဏ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ကို ခံစားရနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
အမြင်မှုန်ဝါးစေခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဓာတုဆေးဝါးများက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ထိုအရာကို စွဲစွဲလမ်းလမ်း စားသုံးပါ အမြင်အာရုံကို မှုန်ဝါးစေပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကိုသာ များများစားသုံးပေးပါ
အသင့်စား ခေါက်ဆွဲကို ရံဖန်ရံခါပဲ စားသုံးပေးပါက ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မှန်မှန်စားသုံးမိမယ်ဆိုရင်တော့ အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ခံစားရနိုင်တာ ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကိုပဲ ဦးစားပေး စားသုံးသင့်ပါတယ်။
ရသာမှုန့်ကို ဖယ်ရှားပြီး ဟင်းသီးဟင်းရွက်များများ ထည့်စားပါ
ထိုခေါက်ဆွဲပြုတ်တွေကို မဖြတ်နိုင်ဘူးဆိုရင်တော့ ခေါက်ဆွဲထုပ်ထဲမှာပါဝင်တဲ့ ရသာမှုန့်ကို မထည့်ဘဲ ဟင်းသီးဟင်းရွက်များများထည့်ပြီး စားသုံးပေးလိုက်ပါ။
ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များက သင့်ရဲ့အစာချေစနစ်ကို ပုံမှန်အတိုင်း ချေဖျက်ပေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။
ေခါက္ဆြဲေျခာက္စားတာ ႀကိဳက္တဲ့သူတို႔အတြက္ ဆင္ျခင္ရေအာင္လို႔ တင္ေပးလိုက္ပါတယ္
အသင့္စား ေခါက္ဆြဲမ်ား မ်ားမ်ားစားသုံးပါက ခံစားရမယ့္ အက်ိဳးရလာဒ္မ်ား
အလုပ္မ်ားတဲ့ေန႔ေတြမွာ အသင့္စား ေခါက္ဆြဲျပဳတ္ေတြပဲ အၿမဲတမ္း လုပ္စားျဖစ္ေနၿပီလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕က်န္းမာေရးအတြက္ ေသခ်ာဆန္းစစ္ေပးဖို႔ လိုအပ္ေနပါၿပီ။
တာရွည္ခံ ေခါက္ဆြဲေျခာက္ေတြကို မ်ားမ်ားစားသုံးမိပါက က်န္းမာေရးအတြက္ ဘယ္လိုထိခိုက္ႏိုင္သလဲဆိုတာကို စာဖတ္သူတို႔အတြက္ ေဝမွ်ေပးခ်င္ပါတယ္။
အငန္ဓာတ္ လြန္ကဲေနျခင္း
အသင့္စား ေခါက္ဆြဲေျခာက္မွာ ဗီတာမင္ဓာတ္၊ အမွ်င္ဓာတ္၊ သတၱဳဓာတ္ စတဲ့ အာဟာရဓာတ္မ်ား လုံးဝမပါဝင္ပါဘူး။
ဒါေပမဲ့ ဆိုဒီယမ္ဓာတ္ႏွင့္ ကာဘိုဟိုက္ၿဒိဳက္ဓာတ္မ်ား လြန္ကဲစြာပါဝင္ပါတယ္။ ဒါ့ေၾကာင့္ လြန္ကဲစြာ စားသုံးမိမယ္ဆိုရင္ေတာ့ ေသြးတိုးေရာဂါ၊ အဝလြန္ေရာဂါတို႔ကို ခံစားရေစႏိုင္ပါတယ္။
အစာေခ်စနစ္ကို ေႏွာင့္ေႏွးေစျခင္း
အသင့္စား ေခါက္ဆြဲမ်ားကို ၾကာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့အတြက္ေၾကာင့္ စားသုံးၿပီးတဲ့ေနာက္မွာေတာ့ အစာအိမ္ထဲမွာ အခ်ိန္အၾကာႀကီး ရွိေနမွာပဲျဖစ္ပါတယ္။
လတ္ဆတ္တဲ့ ေခါက္ဆြဲကို စားသုံးၿပီးေနာက္ အစာေခ်ရန္ ၾကာခ်ိန္ကေတာ့ ၂ နာရီျဖစ္ၿပီး အသင့္စား ေခါက္ဆြဲေျခာက္ကေတာ့ စားသုံးၿပီး ၂ နာရီၾကာမွ အစာေခ်မႈ စတင္မွာပဲျဖစ္ပါတယ္။
ေရာဂါအျဖစ္ လြယ္ျခင္း
ေလ့လာေတြ႕ရွိခ်က္မ်ားအရ အသင့္စား ေခါက္ဆြဲကို တစ္ပတ္ႏွစ္ႀကိမ္ခန႔္ စားသုံးတဲ့ အမ်ိဳးသမီးမ်ားမွာ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ ခံစားရႏိုင္ေခ် ပိုမ်ားၿပီး မၾကာခဏ ေခါင္းကိုက္ျခင္း၊ မူးေဝျခင္းတို႔ကို ခံစားရႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိရပါတယ္။
အျမင္မႈန္ဝါးေစျခင္း
အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ ၾကာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ ဓာတုေဆးဝါးမ်ားက ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့ ထိုအရာကို စြဲစြဲလမ္းလမ္း စားသုံးပါ အျမင္အာ႐ုံကို မႈန္ဝါးေစပါတယ္။
က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အစားအစာမ်ားကိုသာ မ်ားမ်ားစားသုံးေပးပါ
အသင့္စား ေခါက္ဆြဲကို ရံဖန္ရံခါပဲ စားသုံးေပးပါက က်န္းမာေရးကို ထိခိုက္ေစမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ မွန္မွန္စားသုံးမိမယ္ဆိုရင္ေတာ့ အထက္ေဖာ္ျပပါ အက်ိဳးေက်းဇူးမ်ားကို ခံစားရႏိုင္တာ ေၾကာင့္ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အစားအစာမ်ားကိုပဲ ဦးစားေပး စားသုံးသင့္ပါတယ္။
ရသာမႈန႔္ကို ဖယ္ရွားၿပီး ဟင္းသီးဟင္း႐ြက္မ်ားမ်ား ထည့္စားပါ
ထိုေခါက္ဆြဲျပဳတ္ေတြကို မျဖတ္ႏိုင္ဘူးဆိုရင္ေတာ့ ေခါက္ဆြဲထုပ္ထဲမွာပါဝင္တဲ့ ရသာမႈန႔္ကို မထည့္ဘဲ ဟင္းသီးဟင္း႐ြက္မ်ားမ်ားထည့္ၿပီး စားသုံးေပးလိုက္ပါ။
ဟင္းသီးဟင္း႐ြက္ထဲမွာ ပါဝင္တဲ့ အမွ်င္ဓာတ္နဲ႔ ပ႐ိုတင္းဓာတ္မ်ားက သင့္ရဲ႕အစာေခ်စနစ္ကို ပုံမွန္အတိုင္း ေခ်ဖ်က္ေပးႏိုင္ေအာင္ ကူညီေပးပါလိမ့္မယ္။