( နွားရွေးနည်း ပညာ )
၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး ။
၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး ။
၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ် ။
၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။
၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။
၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။
၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။
၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး
၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။
၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။
၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။
၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။
၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။
( ဗွေများ )
( ၁ ) ဗွေဆင့်ဗွေ
ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)
( ၂ ) မျက်ခြားဗွေ
မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)
( ၃ ) ဗွေထီးဆောင်း
ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်
နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။
( ၄ ) မြခနောက်ဗွေ
နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။
( ၅ ) သံလျက်ဗွေ
နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။
( ခြောက်ကွက်လှနွား )
၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်
၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်
၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်း အကွက်ကောင်း လေးကွက်
( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )
** မြောက်သုံးသွယ် ကျယ်သုံးလီ
နီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက် ။
( မြောက်သုံးသွယ် )
ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။
( ကျယ်သုံးလီ )
ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း
ရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။
( နီသုံးချက် )
လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း
(ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။
** နွားပြာနီ ကြောင်စွယ်
မှောင်ကွယ်ရာဝယ် မမှားနိင်
နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ် တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။
နွားကြောင်စွယ် …..နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။
( နွား၏ချို )
ဘယ်လဲ ညာထောင် ဥစ္စာပြောင်
ဘယ်ထောင်ညာလဲ တက်တက်မွဲ ။
** တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။
တယ်လူးချို …..နုတ်သောချို နဲ့သောချို ။ (အကျိုးမပေး)
ကြက်တူရွေးချို …..ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။
(အကျိုးမပေး)
(မှတ်ချက်)
ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကိုလွန်ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲမှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Credit( ဖတ်မိပြီးသဘောတွေ့ရင် တောင်သူဦးကြီးများအတွက် ကျေးဇူးပြု၍ share ပေးစေချင်ပါတယ် )
Zawgyi ဖြင့်ဖတ်ပါ
( ႏြားေရြးနည္း ပညာ )
၁။ ႏြားနီကြမ္းေသြး ရိုက္နိင္မွေျပး ။
၂။ ႏြားျပာနီတုတ္ေမႊး ရိုက္နိင္မွေျပး ။
၃။ ႏြားျပာခ်ိဳ တုတ္ ထမ္းပိုးထမ္းႏႈတ္ ။
၄။ႏြားျပာနီ ရွဥ့္ေမႊး ရိုက္နိင္မွေျပး ။
၅။ ေဇာ္နီကြမ္းေသြး ေသေအာင္ေျပး ။
၆။ ႏြားဝါဖြဲႏု ေသေအာင္ထု ဂ႐ုမထားတတ္။
၇။ႏြားဝါမ်က္ကြင္း ေသေအာင္ဖ်င္း စင္းစင္းခံေနတတ္ ။
၈။ ႏြားဝါမ်က္ကြင္းျဖဴ ႀကိမ္မကူ ကမူမတက္ဘူး
၉။ ႏြားဝါဖင္ျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။
၁၀။ ႏြားညိဳ သံေရာင္ တုတ္မေဆာင္ရ ။
၁၁။ ၿမီးစြပ္ေရွ႕တက္ ထိပ္ကြက္ေနာက္ဆုတ္ စုံမွဟုတ္။
၁၂။ ေမႊးတိုေမႊးၾကမ္း ထမ္းပိုးထမ္း အစြမ္းေကာင္းလွ၏ ။
၁၃။ ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယား ေသလတၱံ့ ။
( ေဗြမ်ား )
( ၁ ) ေဗြဆင့္ေဗြ
ခ်ိဳ ႏွစ္ေခ်ာင္းစပ္ၾကား၌ ႏွစ္ခုဆင့္လၽွက္ရွိေသာ ေဗြ။(မယားေသ)
( ၂ ) မ်က္ျခားေဗြ
မ်က္လုံးႏွစ္ခုၾကား၌ တစ္လုံးတည္းရွိေသာ ေဗြ ။ (မယားေသ)
( ၃ ) ေဗြထီးေဆာင္း
ခ်ိဳ ႏွစ္ေခ်ာင္း စပ္ၾကား၌ ရွိသည္။ ထိုေဗြသည္
ႏြား၏ထိပ္၌ ထီးကဲ့သို႔ မိုးေဆာင္းထား၍ ေဗြထီးေဆာင္းဟုေခၚသည္။ပထမတန္းစား ေဗြျဖစ္သည္။
( ၄ ) ျမခေနာက္ေဗြ
ႏြားေခါင္း၏ ေရွ႕နဖူးျပင္ထိပ္ အလယ္က်ေသာေနရာ၌ ေဗြသုံးလုံး ဖိုခေနာက္ဆိုင္တည္ရွိ၍ ေခၚေဝၚျခင္းျဖစ္သည္။ေဗြေကာင္းျဖစ္သည္။
( ၅ ) သံလ်က္ေဗြ
ႏြားလည္ပင္းတစ္ဖက္ (သို႔မဟုတ္) ႏွစ္ဖက္စလုံး ပါတတ္သည္။ လည္ပင္းမွ ခ႐ုပတ္ရစ္၍ ေဗြ၏အဖ်ားသည္ ႏြားဦးေခါင္းဖက္သို႔ အညြန္႔ျဖာလၽွက္တက္ခဲ့ေသာ္ သံလ်က္ေဗြဟုေခၚသည္။အက်ိဳး ေပးမထက္သန္ ဆုတ္ယုတ္ပ်က္စီးျခင္းလည္းမရွိ။
( ေျခာက္ကြက္လွႏြား )
၁။ ၿမီးစြပ္ျခင္း အကြက္ေကာင္းတစ္ကြက္
၂။ ထိပ္ကြက္ျခင္း အကြက္ေကာင္းတစ္ကြက္
၃။ ေျခေလးဖက္စလုံး ဒူးဆစ္ထိ ဆြတ္ဆြတ္ျဖဴ ျခင္း အကြက္ေကာင္း ေလးကြက္
( ထိုႏြားမ်ိဳးရွိလၽွင္ ခိုက္တတ္ေသာႏြားဝယ္မိပါကလည္း အႏၲရာယ္ မျဖစ္ပါ )
** ေျမာက္သုံးသြယ္ က်ယ္သုံးလီ
နီသုံးခ်က္ တစ္ေန႔တစ္ျခား စီးပြားတက္ ။
( ေျမာက္သုံးသြယ္ )
ဦးေခါင္းေမာက္ေမာက္ေထာင္ေထာင္ရွိျခင္း (သို႔မဟုတ္) ေခါင္းတေမာ့ေမာ့ရွိျခင္း။
( က်ယ္သုံးလီ )
ခ်ိဳ ႏွစ္ခုစပ္ၾကား ထိပ္အင္းက်ယ္ျခင္း
ရင္အုပ္က်ယ္ျခင္း ႏွင့္ တင္ပါးဆုံက်ယ္ျခင္း ။
( နီသုံးခ်က္ )
လၽွာနီျခင္း ႏွာနီျခင္း ခြာေလးဖက္နီျခင္း
(ထိုအခ်က္တို႔ႏွင့္ျပည့္စုံေသာႏြားကို လာဘ္ႏြားဟုေခၚသည္။စီးပြားဥစၥာ တစ္ေန႔တစ္ျခား တိုးတက္လာသည္။
** ႏြားျပာနီ ေၾကာင္စြယ္
ေမွာင္ကြယ္ရာဝယ္ မမွားနိင္
ႏြားျပာ ႏြားနီ ႏြားျပာနီ ႏွင့္ ႏြားေၾကာင္စြယ္ တို႔သည္ ေမြးထိုက္ေသာႏြားျဖစ္၍ ေမွာင္ကြယ္ရာဝယ္ဦးေတာ့ မမွားနိင္ဟုဆိုလိုသည္။
ႏြားေၾကာင္စြယ္ …..ႏွာေရာင္ေမွာင္ေမွာင္ လက္မဲမဲ ဒူးမဲမဲ ရွိေသာႏြား ။
( ႏြား၏ခ်ိဳ )
ဘယ္လဲ ညာေထာင္ ဥစၥာေျပာင္
ဘယ္ေထာင္ညာလဲ တက္တက္မြဲ ။
** တစ္ဖက္ေထာင္ တစ္ဖက္လဲႏြားသည္ ဥစၥာဆုတ္ယုတ္တတ္၏ ။
တယ္လူးခ်ိဳ …..ႏုတ္ေသာခ်ိဳ နဲ႔ေသာခ်ိဳ ။ (အက်ိဳးမေပး)
ၾကက္တူေရြးခ်ိဳ …..ၾကက္တူေရြးႏႈတ္သီးပမာ ေရွ႕သို႔ေကြးညြတ္ေသာ ခ်ိဳ ေကြး ။
(အက်ိဳးမေပး)
(မွတ္ခ်က္)
ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ေရွးပညာရွင္တို႔၏ ႏြားေရြးနည္းပညာမ်ားကိုလြန္ခဲ့ေသာ ( ၃၀ )ႏွစ္ခန္႔က မွတ္စုစာအုပ္ထဲမွတ္ထားမိသမၽွ ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။
Credit( ဖတ္မိၿပီးသေဘာေတြ႕ရင္ ေတာင္သူဦးႀကီးမ်ားအတြက္ ေက်းဇူးျပဳ၍ share ေပးေစခ်င္ပါတယ္ )