အေထြအေထြဗဟုသုတ

ဘယ်သန်တွေမှာ ဘာအားသာချက်တွေ ရှိသလဲ…ဘယ်သန်ဆို ကြည့်လိုက်တော့

ဘယ္သန္ေတြမွာ ဘာအားသာခ်က္ေတြ ရွိသလဲ…ဘယ္သန္ဆို ၾကည့္လိုက္ေတာ့

ညာသန္ေတြမ်ားတဲ့အတြက္ ညာသန္ေတြအတြက္ခ်ည္း သီးသန္႔ျပဳလုပ္တီထြင္ထားတဲ့ ေန႔စဥ္ဘ၀မွာ ဘယ္သန္ေတြအတြက္ အခက္အခဲ ရွိေကာင္းရွိႏိုင္ပါတယ္။

လူဦးေရရဲ႕ ၇-၁၀ ရာခိုင္ႏႈန္းကသာ ဘယ္သန္ေတြျဖစ္ၾကၿပီး ဘယ္သန္အမ်ားစုက အမ်ဳိးသားေတြ ျဖစ္ေလ့ရွိပါတယ္။ ဒါေပမဲ့ အမ်ဳိးသမီးေတြ (ဥပမာ-အင္ဂ်လီနာဂ်ဳိလီ) ဘယ္သန္ျဖစ္ရင္ ပိုၿပီးထူးျခားတတ္တယ္လို႔ ဆိုပါတယ္

ဘယ္သန္မ်ားအေၾကာင္း စိတ္၀င္စားဖြယ္ရာ အခ်က္အလက္မ်ား

ဘယ္သန္ေတြက ညာသန္ေတြနဲ႔စာရင္ ေရေအာက္မွာ သူတို႔မ်က္စိကို ပိုၿပီး အလြယ္တကူ ညႇိယူႏိုင္စြမ္းရွိပါတယ္။ ဘယ္သန္ေတြမွာ လႊမ္းမိုးတဲ့ ဦးေႏွာက္အစိတ္အပိုင္းက ညာသန္ေတြနဲ႔မတူတဲ့အတြက္ ေရကူးတာနဲ႔ ေရငုပ္တာေတြမွာ ပိုၿပီး ကြၽမ္းက်င္တယ္လို႔ သိပၸံပညာရွင္ေတြက ယံုၾကည္ၾကပါတယ္။

ဘယ္သန္ေတြက ညာသန္ေတြထက္ ယာဥ္ေမာင္းစာေမးပြဲေတြမွာ ေအာင္ျမင္ႏိုင္ေျခ ပိုမ်ားပါတယ္။ ယာဥ္ေမာင္းသင္တန္းေက်ာင္းရဲ႕ စစ္တမ္းတစ္ခုအရ ဘယ္သန္ ၅၇ ရာခိုင္ႏႈန္းက ပထမဆံုးအႀကိမ္ ယာဥ္ေမာင္းစာေမးပြဲ ေအာင္ျမင္ၿပီး ညာသန္ေတြရဲ႕ ၄၇ ရာခိုင္ႏႈန္းကသာ ေအာင္ျမင္တယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ ကားေတြက ညာသန္ေတြအတြက္ ဒီဇိုင္းထုတ္ထားေပမယ့္ ဘယ္သန္ေတြမွာ ပိုေကာင္းမြန္တဲ့ ရလဒ္ရရွိတာ အံ့အားသင့္စရာပါ

ဘယ္သန္ေတြက စာစီစာ႐ိုက္မွာ ပိုၿပီး ျမန္ဆန္ၾကပါတယ္။ ဘယ္သန္ေတြက ညာသန္ေတြထက္ စကားလံုးသံုးေထာင္ ပိုျမန္ၿပီး ႐ိုက္ႏိုင္ၾကတယ္လို႔ ေလ့လာမႈတစ္ခုက ဆိုပါတယ္။

ဘာသာစကားထက္ ေတးဂီတနဲ႔ အႏုပညာမွာ ပိုအားသန္ပါတယ္။ ေလ့လာမႈအရ ဘယ္သန္ေက်ာင္းသားေတြက ဘာသာစကား အေျခခံဘာသာထက္ အျမင္အာ႐ံုအေျခခံ ဘြဲ႕ဒီဂရီရႏိုင္ေျခ ပိုမ်ားတယ္လို႔ သိရပါတယ္။

ဘယ္သန္အႏုပညာရွင္ အမ်ားႀကီးအနက္ ပီကာဆို၊ လီယိုနာဒိုတို႔လို ပန္းခ်ီဆရာႀကီးေတြနဲ႔ ပါဘလိုကာဆယ္၊ ဘတ္ခ်္တို႔လို ေတးဂီတပညာရွင္ေတြဟာ ဘယ္သန္ေတြ ျဖစ္ပါတယ္

ဘယ္သန္ေတြက အလုပ္အစံုလုပ္ႏိုင္စြမ္း ရွိပါတယ္။ ဒါက ဦးေႏွာက္ကို ပိုၿပီး ျမန္ျမန္လႈပ္ရွားမႈ ျဖစ္ေစလို႔ သတင္းအခ်က္အလက္ေတြကို ျမန္ျမန္ဖမ္းဆုပ္ႏိုင္ၿပီး အလုပ္အစံု လုပ္ႏိုင္စြမ္းရွိတာ ျဖစ္ပါတယ္။

ဘယ္သန္ေတြက ပါရမီရွင္ျဖစ္ဖို႔ အခြင့္အလမ္း ပိုမ်ားပါတယ္။ အေၾကာင္းကေတာ့ ဥာဏ္ရည္ပိုျမင့္မားတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ထူးခြၽန္ထင္ရွားတဲ့ ဘယ္သန္ေတြက အိုင္ဆက္နယူတန္၊ ဘင္ဂ်မင္ဖရန္ကလင္းနဲ႔ အိုင္းစတိုင္းတို႔ ျဖစ္ၾကပါတယ္

ဖန္တီးႏိုင္စြမ္း

ဘယ္သန္ေတြက အႏုပညာ၊ ေတးဂီတေတြကို ခ်စ္ျမတ္ႏိုးၿပီး ေတးသီခ်င္းေရးတာနဲ႔ ပန္းခ်ီဆြဲတာေတြမွာ ထူးခြၽန္တတ္ပါတယ္

ထိုးထြင္းသိျမင္စိတ္

ဘယ္သန္ေတြက ျပႆနာတစ္ခုကို ေျဖရွင္းရာမွာ စိတ္ခံစားမႈ၊ အလိုလိုထိုးထြင္းသိျမင္စိတ္ စတာေတြကို အေျခခံၿပီး စဥ္းစားဆံုးျဖတ္ေလ့ ရွိပါတယ္

သင္ယူႏိုင္စြမ္း

ဘယ္သန္ေတြက အဖြဲ႕လိုက္လုပ္ေဆာင္ရတဲ့ ေလ့လာမႈေတြမွာ ပိုေတာ္ၾကပါတယ္။ ဘယ္သန္ေတြက သင္ခန္းစာတစ္ခုကို နားေထာင္ၿပီး တစ္ေယာက္တည္း တိတ္တဆိတ္ အေျဖရွာတတ္ပါတယ္

Unicode

ဘယ်သန်တွေမှာ ဘာအားသာချက်တွေ ရှိသလဲ…ဘယ်သန်ဆို ကြည့်လိုက်တော့

ညာသန်တွေများတဲ့အတွက် ညာသန်တွေအတွက်ချည်း သီးသန့်ပြုလုပ်တီထွင်ထားတဲ့ နေ့စဉ်ဘဝမှာ ဘယ်သန်တွေအတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။

လူဦးရေရဲ့ ၇-၁၀ ရာခိုင်နှုန်းကသာ ဘယ်သန်တွေဖြစ်ကြပြီး ဘယ်သန်အများစုက အမျိုးသားတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ (ဥပမာ-အင်ဂျလီနာဂျိုလီ) ဘယ်သန်ဖြစ်ရင် ပိုပြီးထူးခြားတတ်တယ်လို့ ဆိုပါတယ်

ဘယ်သန်များအကြောင်း စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ

ဘယ်သန်တွေက ညာသန်တွေနဲ့စာရင် ရေအောက်မှာ သူတို့မျက်စိကို ပိုပြီး အလွယ်တကူ ညှိယူနိုင်စွမ်းရှိပါတယ်။ ဘယ်သန်တွေမှာ လွှမ်းမိုးတဲ့ ဦးနှောက်အစိတ်အပိုင်းက ညာသန်တွေနဲ့မတူတဲ့အတွက် ရေကူးတာနဲ့ ရေငုပ်တာတွေမှာ ပိုပြီး ကျွမ်းကျင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

ဘယ်သန်တွေက ညာသန်တွေထက် ယာဉ်မောင်းစာမေးပွဲတွေမှာ အောင်မြင်နိုင်ခြေ ပိုများပါတယ်။ ယာဉ်မောင်းသင်တန်းကျောင်းရဲ့ စစ်တမ်းတစ်ခုအရ ဘယ်သန် ၅၇ ရာခိုင်နှုန်းက ပထမဆုံးအကြိမ် ယာဉ်မောင်းစာမေးပွဲ အောင်မြင်ပြီး ညာသန်တွေရဲ့ ၄၇ ရာခိုင်နှုန်းကသာ အောင်မြင်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ကားတွေက ညာသန်တွေအတွက် ဒီဇိုင်းထုတ်ထားပေမယ့် ဘယ်သန်တွေမှာ ပိုကောင်းမွန်တဲ့ ရလဒ်ရရှိတာ အံ့အားသင့်စရာပါ

ဘယ်သန်တွေက စာစီစာရိုက်မှာ ပိုပြီး မြန်ဆန်ကြပါတယ်။ ဘယ်သန်တွေက ညာသန်တွေထက် စကားလုံးသုံးထောင် ပိုမြန်ပြီး ရိုက်နိုင်ကြတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ဘာသာစကားထက် တေးဂီတနဲ့ အနုပညာမှာ ပိုအားသန်ပါတယ်။ လေ့လာမှုအရ ဘယ်သန်ကျောင်းသားတွေက ဘာသာစကား အခြေခံဘာသာထက် အမြင်အာရုံအခြေခံ ဘွဲ့ဒီဂရီရနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

ဘယ်သန်အနုပညာရှင် အများကြီးအနက် ပီကာဆို၊ လီယိုနာဒိုတို့လို ပန်းချီဆရာကြီးတွေနဲ့ ပါဘလိုကာဆယ်၊ ဘတ်ချ်တို့လို တေးဂီတပညာရှင်တွေဟာ ဘယ်သန်တွေ ဖြစ်ပါတယ်

ဘယ်သန်တွေက အလုပ်အစုံလုပ်နိုင်စွမ်း ရှိပါတယ်။ ဒါက ဦးနှောက်ကို ပိုပြီး မြန်မြန်လှုပ်ရှားမှု ဖြစ်စေလို့ သတင်းအချက်အလက်တွေကို မြန်မြန်ဖမ်းဆုပ်နိုင်ပြီး အလုပ်အစုံ လုပ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

ဘယ်သန်တွေက ပါရမီရှင်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အကြောင်းကတော့ ဉာဏ်ရည်ပိုမြင့်မားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ထူးချွန်ထင်ရှားတဲ့ ဘယ်သန်တွေက အိုင်ဆက်နယူတန်၊ ဘင်ဂျမင်ဖရန်ကလင်းနဲ့ အိုင်းစတိုင်းတို့ ဖြစ်ကြပါတယ်

ဖန်တီးနိုင်စွမ်း

ဘယ်သန်တွေက အနုပညာ၊ တေးဂီတတွေကို ချစ်မြတ်နိုးပြီး တေးသီချင်းရေးတာနဲ့ ပန်းချီဆွဲတာတွေမှာ ထူးချွန်တတ်ပါတယ်။

ထိုးထွင်းသိမြင်စိတ်

ဘယ်သန်တွေက ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ စိတ်ခံစားမှု၊ အလိုလိုထိုးထွင်းသိမြင်စိတ် စတာတွေကို အခြေခံပြီး စဉ်းစားဆုံးဖြတ်လေ့ ရှိပါတယ်။

သင်ယူနိုင်စွမ်း

ဘယ်သန်တွေက အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ လေ့လာမှုတွေမှာ ပိုတော်ကြပါတယ်။ ဘယ်သန်တွေက သင်ခန်းစာတစ်ခုကို နားထောင်ပြီး တစ်ယောက်တည်း တိတ်တဆိတ် အဖြေရှာတတ်ပါတယ်