အချစ်ရေး

သိပ်ချစ်ရင် စောင့်လိုက်ပါ

လူတစ်ယောက်ကို တကယ် ချစ်တယ်ဆိုရင်

စောင့်ဆိုင်းခြင်းကို လေ့ကျင့် သင်ယူပါ…

ဒီနေ့အတွက်သာ ကိုယ်နဲ့ အတူတူ

ဘေးနားမှာ မရှိနိုင်ပေမယ့်

နောင်အနာဂတ် အတွက်တော့

သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်..

လူတစ်ယောက်ကို တကယ် ချစ်တယ်ဆိုရင်

စိတ်ရှည် သည်းခံခြင်းကို လေ့လာသင်ယူပါ..

ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့်

နောင်အနာဂတ်အတွက်တော့

တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်…

ကိုယ့်တကယ် အလိုရှိတဲ့သူကို

မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာ အကောင်းဆုံးပါပဲ..

ဒါပေမယ့် လက်လျှော့လိုက်ရတဲ့ ဘဝမှာ

တစ်သက်တာ နောင်တတွေ ပါသွားခဲ့ရင်တော့

ပိုပြီး အရမ်း နာကျင်စရာ ကောင်းပါလိမ့်မယ်..

Mei







ရောက်လာနိုင်ပါတယ်..












Mei