ၾကားသိရသမွ်

ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခံရပေမဲ့ မကြာသေးခင်ကဘဲ တတိယမြောက်ဇနီးနှင့်လက်ထပ်ခဲ့တဲ့ အမျိုးသား

Sfbabi ဟုလူသိများပြီး Ugandan နိုင်ငံ Mbarara မြို့ Bubaare တွင် နေထိုင်တဲ့ Godfrey Baguma ဟာ အသက် ၄၇ နှစ်ဖြစ်ပြီး Ugandan လူရွှင်တော်နှင့်အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

သို့သော် သူဟာ Ugandan ဟာ ရုပ်အဆိုးဆုံးလူသားအဖြစ် လူသိများပြီး netizen များထံမှ “ကမ္ဘာပေါ်ရှိရုပ်အဆိုးဆုံးလူသား” သို့မဟုတ် “ ဂြိုလ်သား” ဟုတောင် နာမည်ပြောင်ပေးခံထားရပါတယ်။

Mr. Ssebabi ဟာ ၂၀၀၂ ခုနှစ် Uganda တွင် ရုပ်အဆိုးဆုံးလူသားပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး ထိုအချိန်မှစ၍ သူဟာ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။

အဲဒီမတိုင်ခင်က Mr. Ssebabi ဟာ ဖိနပ်တိုက်သမားတစ်ဦးပါဘဲ။ Popular ဖြစ်လာပြီးနောက် Mr.Ssebabi ဟာ ၀င်ငွေတိုးရန် ဖျော်ဖြေရေးလုပ်ငန်းများတွင်ပါ၀င်လာခဲ့ပြီး သူ့ရဲ့လှည့်စားတတ်တဲ့အသံပါဝါကြောင့် လူတိုင်းကို အံ့ဩစေခဲ့ပါတယ်။

ထို့အပြင် Mr. Ssebabi ဟာ “ Body Bizarre” နှင့် အခြားသော TVစီးရီးများစွာတွင်လည်း ပါ၀င်ခဲ့ပါတယ်။ ပင်ကိုယ်လက္ခဏာတစ်ခုကြောင့် Mr. Ssebabi ဟာ အရပ်ပုနေပြီး မျက်နှာ၌မူမမှန်ကြောက်စရာဖြစ်စေတဲ့အသွင်သဏ္ဍာန်များရှိနေပါတယ်။

မိသားစုကအရမ်းဆင်းရဲပြီး Ssebabi က စောစောစီးစီးကုသမှုမရခဲ့တဲ့အတွက် သူ့မျက်နှာက ပိုဆိုးရွားလာခဲ့ပါတယ်။ ငယ်စဉ်ကတည်းက Ssebabi ဟာ သူ့မိဘနှင့်မောင်နှမများကို ဆုံးရှုံးခဲ့ရတာကြောင့် ၎င်းတို့ကို မမှတ်မိတော့ဘဲ အိမ်နီးချင်းအနည်းငယ်မှ အထောက်အပံ့များကို ရယူခဲ့ရပါတယ်။ သူဟာ အသက် ၁၅ နှစ်မှစ၍ ဖိနပ်များစွာကို တိုက်ခဲ့ရပါတယ်။

သူသီချင်းဆိုတဲ့အခါ မိန်းကလေးများစွာက သူ့ကိုသတိထားမိပြီးသူ့ရဲ့အသွင်အပြင်ကိုတောင် သတိမပြုခဲ့ကြပါဘူး။ အဲဒီအချိန်ကစပြီး Ssebabi ဟာ သူ့ကိုယ်သူ ပိုယုံကြည်မှုရှိလာခဲ့ပါတယ်။

Ssebabi ရဲ့အသက် ၂၀ တုန်းက ဆွေမျိုးတစ်ဦးက သူ့ကို ၂၅ နှစ်အရွယ်မိန်းကလေးနဲ့မိတ်ဆက်ပေးခဲ့ပြီးမကြာခင် သူတို့လက်ထပ်လိုက်ပါတယ်။ ကလေး ၂ ယောက်နှင့်အိမ်ထောင်သက် ၇ နှစ်အကြာမှာ Ssebabi ဟာ ဇနီးဖြစ်သူက အခြားယောက်ျားနှင့်ဖောက်ပြန်နေတာကိုသိခဲ့ရပြီး ကံမကောင်းစွာဖြင့်လမ်းခွဲခဲ့ကြပါတယ်။

ထို့နောက် Ssebabi ဟာ ဒုတိယဇနီးအသက် ၃၀ အရွယ် Kate Namanda နှင့်လက်ထပ်ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံမှာ ကလေး ၆ ယောက်ရှိပေမယ့် ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ကလေး ၈ ယောက်စလုံးဟာ သူ့လိုအသံကောင်းပြီးကျန်းမာနေခဲ့ပါတယ်။

ထို့နောက် Ssebabi ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ အမည်မသိအမျိုးသမီးတစ်ဦးနှင့်တတိယအကြိမ်လက်ထပ်လိုက်ကြောင်းကိုကြေငြာခဲ့ပြီးနောက် သူ့ရဲ့သတင်းဟာ social media မှာ ကဟက်ထသွားခဲ့ပါတယ်။ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများက သတို့သမီးလက်ကိုကိုင်ထားတဲ့ သတို့သား Ssebabi တို့အား ကောင်းချီးပေးနေခဲ့ကြပါတယ်။

သိသာထင်ရှားတာက သတို့သမီးရဲ့အလှက attention များစွာရခဲ့ပြီး မည်သူမည်ဝါမှန်းမသိတဲ့သတို့သမီးဟာ လုံး၀ သာမန်နှင့်လှပနေပါတယ်။ ၎င်းတို့ရဲ့အိမ်ထောင်ရေးဓာတ်ပုံများက social media ပေါ်မှာ ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ပြီးနောက် netizen များက မှတ်ချက်များစွာပေးခဲ့ကြပါတယ်။ အချို့မှာ အသွင်အပြင်မတူညီခြင်းကို အံ့သဩနေခဲ့ကြပြီး အချို့ကလည်း ၎င်းတို့စုံတွဲအားအကောင်းဆုံးဖြစ်အောင် ဆန္ဒပြုဆုတောင်းပေးခဲ့ကြပါတယ်။

Mia (KBdailynews)

Reference : everytruenews24