NUGဒုဝန်ကြီး မအိသဉ္စာမောင် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ရရှိ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။
ဒီဆုဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။
IWOC ဆုကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ချီးမြှင့်လာတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့တာဖြစ်ကာ အခုနှစ်အတွက် ဆုရရှိသူ ၁၂ ယောက် ရှိခဲ့တာပါ။
ဒီနှစ်ဆုရသူတွေထဲမှာ မြန်မာနိုင်ငံက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး မအိသဉ္စာမောင်နဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီရတ်၊
လိုက်ဘေး ရီးယား၊ လစ်ဗျား၊ မော်ဒိုဗာ၊ နီပေါလ်၊ ရိုမေးနီးယား၊ တောင်အာဖရိကနဲ့ ဗီယက်နမ် နိုင်ငံတွေက အမျိုးသမီးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ(NUG)မှာ အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီး ယူထားရတဲ့ အိသဉ္ဇာမောင်ကိုတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်အနေနဲ့ နွေဦးတော်လှန်ရေးမှာ အားလုံးက အသိအမှတ်ပြုခဲ့ကြရသူပါ။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လက်ပံတန်းမြို့နယ်မှာ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင် ဆင်ဖို့ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး သာယာဝတီအကျဉ်းထောင်မှာ ကျခံခဲ့ရပါတယ်။
မအိသဉ္ဇာမောင်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တယောက်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ပန်းဘဲတန်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဒု၀န်ကြီးအနေနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ သူဟာ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ရွေးချယ်ဖော်ပြခံ ထားရပါတယ်။
IWOC ဆုကိုတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေဖြစ်ကြတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၁၂ ခုနှစ်မှာ ရရှိထားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်မေစံပယ်ဖြူ၊ ၂၀၁၉ ခုနှစ်မှာ နော်ကညောဖော၊ ၂၀၂၁ ခုနှစ်မှာ မဖြိုးဖြိုးအောင်တို့ ရရှိခဲ့ကြဖူးပါတယ်။
DVB
unicode
NUGဒုဝန္ႀကီး မအိသၪၥာေမာင္ ႏိုင္ငံတကာအမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ရရွိ
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ ၂၀၂၂ ခုႏွစ္အတြက္ ႏိုင္ငံတကာ အမ်ိဳးသမီးရဲစြမ္း သတၱိရွင္ဆု International Women of Courage Award(IWOC) ကို ျမန္မာႏိုင္ငံက အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ ဒုဝန္ႀကီး မအိသၪၥာေမာင္က ရရွိခဲ့ပါတယ္။
ဒီဆုဟာ ကမာၻတဝန္း ၿငိမ္းခ်မ္းေရး၊ တရားမွ်တေရး၊ လူ႔အခြင့္အေရး၊ က်ား/မ တန္းတူေရးနဲ႔ အမ်ိဳးသမီး စြမ္းေဆာင္ရည္ျမႇင့္တင္ေရး လုပ္ငန္းေတြမွာ စြမ္းစြမ္းတမံ လႈပ္ရွားေဆာင္႐ြက္ေနၾကတဲ့ အမ်ိဳးသမီးေတြကို ႏွစ္စဥ္ဂုဏ္ျပဳေပးအပ္တဲ့ဆု ျဖစ္ပါတယ္။
IWOC ဆုကို ၿပီးခဲ့တဲ့ ၂၀၀၇ ခုႏွစ္ကတည္းက ခ်ီးျမႇင့္လာတာျဖစ္ၿပီးေတာ့ ႏိုင္ငံေပါင္း ၈၀ ေက်ာ္က အမ်ိဳးသမီးေပါင္း ၁၇၀ ကို ဆုခ်ီးျမႇင့္ခဲ့တာျဖစ္ကာ အခုႏွစ္အတြက္ ဆုရရွိသူ ၁၂ ေယာက္ ရွိခဲ့တာပါ။
ဒီႏွစ္ဆုရသူေတြထဲမွာ ျမန္မာႏိုင္ငံက NUG အမ်ိဳးသမီး၊ လူငယ္နဲ႔ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန ဒုဝန္ႀကီး မအိသၪၥာေမာင္နဲ႔အတူ ဘဂၤလားေဒ့ရွ္၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီရတ္၊
လိုက္ေဘး ရီးယား၊ လစ္ဗ်ား၊ ေမာ္ဒိုဗာ၊ နီေပါလ္၊ ႐ိုေမးနီးယား၊ ေတာင္အာဖရိကနဲ႔ ဗီယက္နမ္ ႏိုင္ငံေတြက အမ်ိဳးသမီးေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။
အမ်ိဳးသားညီၫြတ္ေရး အစိုးရ(NUG)မွာ အသက္ငယ္ငယ္နဲ႔ ရာထူးႀကီးႀကီး ယူထားရတဲ့ အိသၪၨာေမာင္ကိုေတာ့ လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူ လူငယ္အမ်ိဳးသမီးတေယာက္အေနနဲ႔ ေႏြဦးေတာ္လွန္ေရးမွာ အားလုံးက အသိအမွတ္ျပဳခဲ့ၾကရသူပါ။
လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္က လက္ပံတန္းၿမိဳ႕နယ္မွာ ၂၀၁၄ ျမန္မာႏိုင္ငံ ပညာေရးဥပေဒကို ျပင္ ဆင္ဖို႔ ဆႏၵျပခဲ့ရာမွာ ရဲတပ္ဖြဲ႕ရဲ႕ ၿဖိဳခြဲဖမ္းဆီးျခင္းခံခဲ့ၿပီး သာယာဝတီအက်ဥ္းေထာင္မွာ က်ခံခဲ့ရပါတယ္။
မအိသၪၨာေမာင္ဟာ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဗဟိုေကာ္မတီဝင္တေယာက္ျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာကို ပန္းဘဲတန္းၿမိဳ႕နယ္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ရႈံးနိမ့္ခဲ့ပါတယ္။
လက္ရွိမွာေတာ့ အမ်ိဳးသားညီၫြတ္ေရး အစိုးရ(NUG)၊ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူ ငယ္ေရးရာ ဒု၀န္ႀကီးအေနနဲ႔ ဆက္လက္တိုက္ပြဲဝင္ေနဆဲျဖစ္ကာ သူဟာ ကမာၻေက်ာ္ တိုင္းမ္မဂၢဇင္းရဲ႕ ကမာၻ႔လႊမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္ ၁၀၀ စာရင္းမွာလည္း ေ႐ြးခ်ယ္ေဖာ္ျပခံ ထားရပါတယ္။
IWOC ဆုကိုေတာ့ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြျဖစ္ၾကတဲ့ NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က ၂၀၁၂ ခုႏွစ္မွာ ရရွိထားခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ ေဒၚေမစံပယ္ျဖဴ၊ ၂၀၁၉ ခုႏွစ္မွာ ေနာ္ကေညာေဖာ၊ ၂၀၂၁ ခုႏွစ္မွာ မၿဖိဳးၿဖိဳးေအာင္တို႔ ရရွိခဲ့ၾကဖူးပါတယ္။
DVB