ၾကမၼာရဟတ္ တပတ္လည္လာၿပီ
၂၄ နာရီ လုံးလုံး လွ်ပ္စစ္ဓါတ္အားမ်ား ျဖတ္ေတာက္ရမည့္ အေျခအေနျဖစ္ လာသျဖင့္ ရန္ကုန္ရွိ စက္႐ုံ အေတာ္မ်ားမ်ား ရပ္ဆိုင္းျပစ္ရေတာ့မည္ အေျခ ဆိုက္လာေနၿပီဟု သတင္းမ်ားက ဆိုသည္။
ရခိုင္ ကမ္းလြန္ရွိ ေ႐ႊ ဓါတ္ေငြ႕တြင္းသစ္မ်ားမွ သဘာဝ ဓါတ္ေငြ႕ကို သြယ္တန္းရန္ ေရေအာက္ ပိုက္လိုင္းမ်ားကို လက္ရွိ ေ႐ႊဓါတ္ေငြ႕ ပိုက္လိုင္းမ်ား ႏွင့္ ခ်ိတ္ဆက္ႏိုင္ရန္ မတ္လ ၁၈ ရက္ ေန႔အထိ ျဖတ္ေတာက္ မည္ဟု စစ္ေကာင္စီ၏ စြမ္းအင္ဌာန က ေၾကညာခဲ့ေသာ္လည္း ထိုသို႔ ေသာ လုပ္ငန္းႀကီးကို တိုေတာင္းလွေသာ ကာလအတြင္း ၿပီးစီးႏိူင္မည္ ဆိုသည္ကား မည္သူမွ် အယုံအၾကည္ ရွိၾကမည္လည္း မဟုတ္ေပ။
ထိုပိုက္လိုင္းမ်ားသည္ တ႐ုတ္ျပည္သို႔ ဓါတ္ေငြ႕မ်ား တင္ပို႔ႏိုင္ရန္ အတြက္ ျဖစ္ေၾကာင္း ထင္ ေၾကးေပးမႈမ်ား ထြက္ေပၚလာေနသည္။ တ႐ုတ္ျပည္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္အၾကား ဆက္သြယ္ထားေသာ “ေ႐ႊကံလုံ” ဓါတ္ေငြ႕ပိုက္လိုင္းႏွင့္ ဆက္သြယ္ရန္ ျဖစ္သည္ဟု ဆိုသည္။၂၀၂၂ ႏွစ္ဆန္းပိုင္းမွစ၍ လွ်ပ္စစ္ဓါတ္အား ျဖန႔္ျဖဴးႏိုင္မႈ အေနအထားသည္ တေန႔လွ်င္ ၂.၂ ဂီဂါဝပ္သာ ရွိေတာ့သည္ဟု စြမ္းအင္ဌာနက ဆိုသည္။
ႏိုင္ငံတကာ၏ စီးပြားေရး ဒဏ္ခတ္မႈ မ်ားလည္း စတင္ သက္ေရာက္ လာေနၿပီ ျဖစ္သည္။ ျပည္သူမ်ား အထူးသျဖင့္ လူငယ္လူ႐ြယ္မ်ား အဖို႔က ထိုမွ် ေလာက္ေသာ ဒုကၡဆင္းရဲမ်ားကို တခါဖူးမွ် ႀကဳံေတြ႕ ခဲ့ဖူးျခင္း ရွိၾကမည္ မဟုတ္ေပ။ ေလာင္စာဆီ ေဈးႏႈန္းမ်ား တရိပ္ရိပ္ ျမင့္တက္လာေနမႈ ႏွင့္ အတူ အေထြေထြ စားေသာက္ကုန္မ်ား ၏ ေဈးႏႈန္းမ်ားလည္း တက္ လာေတာ့မည္ ျဖစ္၍ စစ္ေကာင္စီ သည္ ၎တို႔ ရက္စက္ ယုတ္မာစြာ ျပဳက်င့္ေနခဲ့မႈ မ်ား ႏွင့္ အတူ က်ဆုံးခန္းလည္း နီးသထက္ နီးကပ္လာေနသည္။
ထိုအေရး ကို စားေကာင္းေသာက္ေကာင္း အေနေခ်ာင္ ေအာင္ ေျမႇာက္ပင့္ ကပ္ယပ္ေန ၾကေသာ နတ္႐ူး ေမွာ္႐ူး မ်ားလည္း မည္သို႔မွ် တတ္ႏိုင္ၾကေတာ့မည္ မဟုတ္ေပ။
၎၏ လက္ထက္တြင္ လက္ညႇိဳးၫႊန္ရာ ျဖစ္မည္၊ တိုင္းျပည္ႀကီးသာယာဝေျပာ ေပ ေတာ့မည္ ဟူေသာ အဆိုပါ နတ္႐ူးေမွာ္႐ူး မ်ား၏ စကားတခုတည္းကိုသာ အားကိုး၍ လွ်ပ္စစ္ကားမ်ား၊ ေျမေအာက္ မီးရထားလမ္းမ်ား ေဆာက္လုပ္ႏိုင္ရန္ ျပင္ဆင္ထားၾကဖို႔ ႐ူး သြတ္စြာ ေျပာဆိုခဲ့သူ ႀကီးလည္း လူျမင္ကြင္း မွ ေပ်ာက္ဆုံးေနျပန္၍ စစ္ေကာင္စီ အတြင္း ႀကီးမားေသာ အလွည့္ အေျပာင္းႀကီး ထြက္ေပၚလာႏိုင္မည္လား အထင္ျဖင့္ ေနျပည္ေတာ္တြင္ တီးတိုး ေဝဖန္မႈမ်ား ထြက္ေပၚလာေနသည္။
တႏိုင္ငံလုံး ေမွာင္အတိက်၍ စိတ္လက္မခ်မ္းသာ ျဖစ္ေနၾကခ်ိန္တြင္ စစ္ဗိုလ္ခ်ဳပ္မ်ား၊ က႐ိုနီ တို႔၏ သားသမီးမ်ားမွာ မီးေရာင္ထိန္ထိန္ ေအာက္တြင္ ကခုန္ ျမဴးတူး ေနၾကသည့္ အတြက္ ျပည္သူ႔ ေတာ္လွန္ေရး တပ္သားမ်ားက လူခ်မ္းသာ ရပ္ကြက္ အတြင္း ဖြင့္ထားေသာ “ဘရာဗို” ႏိုက္ကလပ္ကို ေဖါက္ခြဲတိုက္ခိုက္ျပစ္ခဲ့ၾကသည္။
သို႔တည္း မဟုတ္ ႐ုရွား၏ ယူကရိန္းကို က်ဴးေက်ာ္မႈေၾကာင့္ တကမာၻလုံး အေထြေထြ အက်ပ္ အတည္းႀကီး ႏွင့္ ႀကဳံေနရခ်ိန္တြင္ မိမိတို႔၏ အျဖစ္ကို အားကိုး အားထား ျပဳေနေသာ ဆရာ သမား ႏွစ္ဦးက ငဲ့ညႇာရေကာင္းမွန္း မသိ၊ ေပယ်ာလကန္ပင္ ျပဳလာခဲ့ၾက႐ုံမက တ႐ုတ္သည္ ၎၏ စြမ္းအင္ လိုအပ္ခ်က္မ်ား ကို ျဖည့္တင္းႏိူင္ရန္ ပိုက္လိုင္းအသစ္မ်ား အတင္း ေဆာက္ လုပ္ခိုင္းေနသည့္ အျဖစ္ကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္လာရၿပီး စိတ္ဓါတ္မ်ား က်ဆင္းကာ ႀကံရာမရ ျဖစ္လာပုံလည္း ရသည္။
လက္ရွိ အာဆီယံ ၏ အထူး သံတမန္ ကေမာၻဒီယား ႏိုင္ငံျခားေရး ျဖစ္သူ၏ ျမန္မာျပည္ အေရး ေျဖရွင္းမႈကို ကူညီရန္ ဆိုကာ ဟြန္ဆန္မွ ျမန္မာျပည္သူမ်ား၏ ယုံၾကည္ကိုးစားမႈ လုံးဝမရွိ သည့္ နီပြန္ ေဖာင္ေဒးရွင္း ဥကၠဌ ျဖစ္သူ ဆာဆာကာဝါ ကို ဖႏြမ္းပင္သို႔ ပင့္ဖိတ္လာျပန္သည္။ ဟြန္ဆန္သည္ အာဆီယံ အဖြဲ႕အားလည္း တိုင္ပင္ျခင္း မရွိဘဲ ဒုတိယ အႀကိမ္ အမွားတခုကို က်ဴးလြန္လိုက္ျခင္းျဖစ္သည္။ ထို႔အတြက္ အာဆီယံ အထူးသံတမန္၏ လာမည့္ ခရီးစဥ္သည္ ေအာင္ျမင္ႏိုင္မည့္ အခြင့္အေရး မွာ ပို၍ ေဝးကြာသြားခဲ့ရၿပီ ျဖစ္သည္။
အာဆီယံ သံတမန္သည္ ျမန္မာျပည္သူတို႔ ရင္ဆိုင္ေနရေသာ ႏိုင္ငံေရး အက်ပ္အတည္းကို ေျဖရွင္း ရန္ စိတ္မကူးေတာ့ဘဲ လူသားခ်င္းစာနာ ေထာက္ထားသည့္ အကူအညီမ်ား ေပးႏိုင္ရန္ အပစ္ရပ္ၾကပါဟု စစ္အာဏာရွင္လည္း သက္ဆိုးရွည္၊ ၎တို႔အဖို႔ နားၿငီးသက္သာမည့္ လမ္းကို ေ႐ြးခ်ယ္လိုက္ပုံရသည္။ အာဆီယံသည္ ထိုသို႔ ျဖစ္လာလွ်င္ ေကာင္းေလစြ တိုးတက္မႈ ရွိပါေပသည္ဟု ရင့္က်ဴးလာေတာ့မည္ ျဖစ္သည္။
ျပည္သူမ်ား အဖို႔က မိမိတို႔ ယုံၾကည္အားထားေနၾကသည့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရက တစြန္းတစမွ်ပင္ ဆက္သြယ္ဖို႔ မႀကိဳးစားပဲ ၎တို႔ အေပၚ အၾကမ္းဖက္ေနသည့္ စစ္ေကာင္စီ ႏွင့္ လက္ဝါးခ်င္း ႐ိုက္ၿပီး ခ်ျပလာမည့္ မည္သို႔ေသာ္ ေျဖရွင္းခ်က္မ်ိဳးကိုမွ လက္ခံၾကလိမ့္မည္ မဟုတ္ေပ။
စစ္အာဏာရွင္တို႔ႏွင့္ အတူယွဥ္တြဲေနထိုင္သြားေရး ဝါဒ က်င့္သုံးေနသည့္ တိုင္းရင္း သား ေဒသမ်ားတြင္ မူးယစ္ေဆးဝါး ထုတ္လုပ္ ျဖန႔္ခ်ီေနမႈက တဟုန္ထိုး ျမင့္တက္လာေနၿပီး အိမ္နီခ်င္း ႏိုင္ငံမ်ားတြင္ အလွ်ံပယ္ျဖစ္လာကာ ေဈးပင္ ထိုးက်လာေနသည္ဟု ကုလ မူးယစ္ ေဆးဝါး ထိန္းခ်ဳပ္ေရး အဖြဲ႕က ဆိုသည္။ ဖမ္းဆီးရမည့္သည့္ ပမာဏ သည္ ထိုင္းတြင္ ၂၀%၊ မေလးရွားတြင္ ၄၀% ႏွင့္ လာအိုတြင္ ၆၂၀% အထိ စံခ်ိန္တင္ ျမင့္တက္သြားၿပီ ျဖစ္သည္။
ယခုအခါ ကမာၻတဝွမ္းက ႐ုရွားအား တက္ညီလက္ညီ စီးပြားေရး ပိတ္ဆို႔ လာေနသည့္ အရွိန္ အဟုန္ ကို အခြင့္ေကာင္းယူကာ ျမန္မာရွိ စစ္အာဏာရွင္မ်ားကိုလည္း အလားတူ ေလာင္စာ ဆီမ်ား ပိတ္ဆို႔ရန္ အပူတျပင္း ေတာင္းဆိုလာေနၾကၿပီ ျဖစ္သည္ဟု ေဝၚစထရိ ဂ်ာနယ္ သတင္းစာႀကီးတြင္ ေရးသားလာခဲ့သည္။ ႐ုရွားဖက္ ယိမ္းသြားမည္ ဆိုေသာ အေနာက္ႏိုင္ငံမ်ား အေနျဖင့္ စိုးရိမ္ေၾကာင့္ၾကစရာ မလိုေတာ့သည္ အေျခကို ဆိုက္လာခဲ့၍လည္း ျဖစ္သည္။
စစ္တပ္သည္ တိုက္ေလယာဥ္မ်ား ႏွင့္ အရပ္သားမ်ား အေပၚ ဗုံးႀကဲတိုက္ခိုက္လာေနသည့္ အတြက္ ငါးႏွစ္ အ႐ြယ္ လူပမယ္ ကေလး သူငယ္မ်ား အပါအဝင္ အေျမာက္အျမား ေသဆုံး ေနၾကသည္ဟု ၿပီးခဲ့သည့္ လ က ထုတ္ျပန္ခဲ့သည္။
စစ္ေကာင္စီသည္ ေလယာဥ္ဆီမ်ားကို မည္သည့္ေနရာမွ ဝယ္ယူတင္သြင္းေနသည္ကို ထုတ္ေဖၚေျပာဆိုျခင္း မရွိေပ။ သို႔ေသာ္ ယခု အခ်ိန္အထိ ႏိုင္ငံမ်ားက စစ္တပ္ထံ တင္ပို႔ ေရာင္းခ်ေနၾကဆဲ ျဖစ္သည္ဟု ေထာက္ျပခဲ့ၾကသည္။ ၁၀၀% နီးပါးသည္ စကၤာပူရွိ သိုေလွာင္ကန္မ်ားမွ တင္ပို႔ေနျခင္း ျဖစ္သည္ဟု သတင္းစာက ဆိုသည္။ ရွဲလ္၊အက္ဆြန္ မိုဘီးလ္ ႏွင့္ ေခ်ဗ႐ြန္တို႔က ၾကားပြဲစားမ်ားကို ေရာင္းခ်ၿပီး ၎တို႔မွတဆင့္ ျပန္တင္ပို႔ေနၾကျခင္းလည္း ျဖစ္သည္ဟု ဆိုသည္။
ေလာင္စာဆီမ်ားကို Singapore Refining Co. ၏ ဆိပ္ကမ္းမွ ရန္ကုန္ရွိ သီလဝါ ဆိပ္ကမ္းသို႔ တိုက္႐ိုက္ တင္ပို႔ေနျခင္း ျဖစ္သည္။ အဆိုပါ ဆိပ္ကမ္းအား ေခ်ဗ႐ြန္ ႏွင့္ တ႐ုတ္ အစိုးရပိုင္ PetroChina ၏ လက္ခြဲ Singapore Petroleum Company တို႔ ဖက္စပ္လုပ္ကိုင္ေနျခင္း ျဖစ္သည္။
ထို႔အတြက္ ေလယာဥ္ဆီမ်ား ေရာင္းခ်ရန္ ပိတိပင္မည္ ဆိုက စကၤာပူရွိ ကုမၸဏီမ်ား လိုက္နာရန္ အထူးလိုအပ္သည္ဟုလည္း ေထာက္ျပခဲ့သည္။ေဝၚစထရိ ဂ်ာနယ္မွ ထိုသို႔ လူသိရွင္ၾကား ေဖၚထုတ္လိုက္ျခင္းေၾကာင့္ ႏိုင္ငံတြင္း ျဖစ္ေပၚ ေနသည့္ အၾကမ္းဖက္ လုပ္ရပ္မ်ားကို ရဲရဲေတာက္ ဆန႔္က်င္ေနသည့္ စကၤာပူ ႏိုင္ငံျခားေရး ဝန္ႀကီး အဖို႔ မ်က္ႏွာပူစရာ ျဖစ္လာရေပသည္။
လက္ရွိတြင္ ကမာၻတဝွမ္းရွိ လူ႔အခြင့္အေရး အဖြဲ႕မ်ား၊ ၿဗိတိသွ် ပါလီမန္ အမတ္မ်ားပါမက်န္ ၿမိဳ႕ျပ အဖြဲ႕အစည္း အသီးသီးက တညီတၫြတ္တည္း ပိုမို က်ယ္ေလာင္စြာ ေတာင္းဆိုလာေနၿပီ ျဖစ္၍ အေႏွး ႏွင့္ အျမန္ ျဖစ္လာမည္ကား ေသခ်ာေနၿပီ ျဖစ္သည္။
ထိုသို႔ ေျပာင္းလဲလာေနသည့္ ႏိုင္ငံတကာ အေျခအေနမ်ား ေၾကာင့္ မိမိတို႔ အဖို႔ ၂၀၂၂ ေက်ာ္၍ ဆက္လက္တည္ၿမဲေနပါဦးမည္ေလာဟု အိမ္တြင္းေအာင္းကာ ေတြးေတာေနေသာေၾကာင့္ လည္း ျဖစ္ႏိူင္ေပသည္။
ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!
Image Credit – Rest of World
Hla Soewai
ကြမ္မာရဟတ် တပတ်လည်လာပြီ
၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။
ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိူင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။
ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ တင်ပို့နိုင်ရန် အတွက် ဖြစ်ကြောင်း ထင် ကြေးပေးမှုများ ထွက်ပေါ်လာနေသည်။ တရုတ်ပြည် နှင့် ဘင်္ဂလားပင်လယ်အော်အကြား ဆက်သွယ်ထားသော “ရွှေကံလုံ” ဓါတ်ငွေ့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် ဖြစ်သည်ဟု ဆိုသည်။၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်မှု အနေအထားသည် တနေ့လျှင် ၂.၂ ဂီဂါဝပ်သာ ရှိတော့သည်ဟု စွမ်းအင်ဌာနက ဆိုသည်။
နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှု များလည်း စတင် သက်ရောက် လာနေပြီ ဖြစ်သည်။ ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များ အဖို့က ထိုမျှ လောက်သော ဒုက္ခဆင်းရဲများကို တခါဖူးမျှ ကြုံတွေ့ ခဲ့ဖူးခြင်း ရှိကြမည် မဟုတ်ပေ။ လောင်စာဆီ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေမှု နှင့် အတူ အထွေထွေ စားသောက်ကုန်များ ၏ ဈေးနှုန်းများလည်း တက် လာတော့မည် ဖြစ်၍ စစ်ကောင်စီ သည် ၎င်းတို့ ရက်စက် ယုတ်မာစွာ ပြုကျင့်နေခဲ့မှု များ နှင့် အတူ ကျဆုံးခန်းလည်း နီးသထက် နီးကပ်လာနေသည်။
ထိုအရေး ကို စားကောင်းသောက်ကောင်း အနေချောင် အောင် မြှောက်ပင့် ကပ်ယပ်နေ ကြသော နတ်ရူး မှော်ရူး များလည်း မည်သို့မျှ တတ်နိုင်ကြတော့မည် မဟုတ်ပေ။
၎င်း၏ လက်ထက်တွင် လက်ညှိုးညွှန်ရာ ဖြစ်မည်၊ တိုင်းပြည်ကြီးသာယာဝပြော ပေ တော့မည် ဟူသော အဆိုပါ နတ်ရူးမှော်ရူး များ၏ စကားတခုတည်းကိုသာ အားကိုး၍ လျှပ်စစ်ကားများ၊ မြေအောက် မီးရထားလမ်းများ ဆောက်လုပ်နိုင်ရန် ပြင်ဆင်ထားကြဖို့ ရူး သွတ်စွာ ပြောဆိုခဲ့သူ ကြီးလည်း လူမြင်ကွင်း မှ ပျောက်ဆုံးနေပြန်၍ စစ်ကောင်စီ အတွင်း ကြီးမားသော အလှည့် အပြောင်းကြီး ထွက်ပေါ်လာနိုင်မည်လား အထင်ဖြင့် နေပြည်တော်တွင် တီးတိုး ဝေဖန်မှုများ ထွက်ပေါ်လာနေသည်။
တနိုင်ငံလုံး မှောင်အတိကျ၍ စိတ်လက်မချမ်းသာ ဖြစ်နေကြချိန်တွင် စစ်ဗိုလ်ချုပ်များ၊ ကရိုနီ တို့၏ သားသမီးများမှာ မီးရောင်ထိန်ထိန် အောက်တွင် ကခုန် မြူးတူး နေကြသည့် အတွက် ပြည်သူ့ တော်လှန်ရေး တပ်သားများက လူချမ်းသာ ရပ်ကွက် အတွင်း ဖွင့်ထားသော “ဘရာဗို” နိုက်ကလပ်ကို ဖေါက်ခွဲတိုက်ခိုက်ပြစ်ခဲ့ကြသည်။
သို့တည်း မဟုတ် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုကြောင့် တကမ္ဘာလုံး အထွေထွေ အကျပ် အတည်းကြီး နှင့် ကြုံနေရချိန်တွင် မိမိတို့၏ အဖြစ်ကို အားကိုး အားထား ပြုနေသော ဆရာ သမား နှစ်ဦးက ငဲ့ညှာရကောင်းမှန်း မသိ၊ ပေယျာလကန်ပင် ပြုလာခဲ့ကြရုံမက တရုတ်သည် ၎င်း၏ စွမ်းအင် လိုအပ်ချက်များ ကို ဖြည့်တင်းနိူင်ရန် ပိုက်လိုင်းအသစ်များ အတင်း ဆောက် လုပ်ခိုင်းနေသည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရပြီး စိတ်ဓါတ်များ ကျဆင်းကာ ကြံရာမရ ဖြစ်လာပုံလည်း ရသည်။
လက်ရှိ အာဆီယံ ၏ အထူး သံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေး ဖြစ်သူ၏ မြန်မာပြည် အရေး ဖြေရှင်းမှုကို ကူညီရန် ဆိုကာ ဟွန်ဆန်မှ မြန်မာပြည်သူများ၏ ယုံကြည်ကိုးစားမှု လုံးဝမရှိ သည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဌ ဖြစ်သူ ဆာဆာကာဝါ ကို ဖနွမ်းပင်သို့ ပင့်ဖိတ်လာပြန်သည်။ ဟွန်ဆန်သည် အာဆီယံ အဖွဲ့အားလည်း တိုင်ပင်ခြင်း မရှိဘဲ ဒုတိယ အကြိမ် အမှားတခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။ ထို့အတွက် အာဆီယံ အထူးသံတမန်၏ လာမည့် ခရီးစဉ်သည် အောင်မြင်နိုင်မည့် အခွင့်အရေး မှာ ပို၍ ဝေးကွာသွားခဲ့ရပြီ ဖြစ်သည်။
အာဆီယံ သံတမန်သည် မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ရန် စိတ်မကူးတော့ဘဲ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အပစ်ရပ်ကြပါဟု စစ်အာဏာရှင်လည်း သက်ဆိုးရှည်၊ ၎င်းတို့အဖို့ နားငြီးသက်သာမည့် လမ်းကို ရွေးချယ်လိုက်ပုံရသည်။ အာဆီယံသည် ထိုသို့ ဖြစ်လာလျှင် ကောင်းလေစွ တိုးတက်မှု ရှိပါပေသည်ဟု ရင့်ကျူးလာတော့မည် ဖြစ်သည်။
ပြည်သူများ အဖို့က မိမိတို့ ယုံကြည်အားထားနေကြသည့် အမျိုးသား ညီညွတ်ရေး အစိုးရက တစွန်းတစမျှပင် ဆက်သွယ်ဖို့ မကြိုးစားပဲ ၎င်းတို့ အပေါ် အကြမ်းဖက်နေသည့် စစ်ကောင်စီ နှင့် လက်ဝါးချင်း ရိုက်ပြီး ချပြလာမည့် မည်သို့သော် ဖြေရှင်းချက်မျိုးကိုမှ လက်ခံကြလိမ့်မည် မဟုတ်ပေ။
စစ်အာဏာရှင်တို့နှင့် အတူယှဉ်တွဲနေထိုင်သွားရေး ဝါဒ ကျင့်သုံးနေသည့် တိုင်းရင်း သား ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချီနေမှုက တဟုန်ထိုး မြင့်တက်လာနေပြီး အိမ်နီချင်း နိုင်ငံများတွင် အလျှံပယ်ဖြစ်လာကာ ဈေးပင် ထိုးကျလာနေသည်ဟု ကုလ မူးယစ် ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့က ဆိုသည်။ ဖမ်းဆီးရမည့်သည့် ပမာဏ သည် ထိုင်းတွင် ၂၀%၊ မလေးရှားတွင် ၄၀% နှင့် လာအိုတွင် ၆၂၀% အထိ စံချိန်တင် မြင့်တက်သွားပြီ ဖြစ်သည်။
ယခုအခါ ကမ္ဘာတဝှမ်းက ရုရှားအား တက်ညီလက်ညီ စီးပွားရေး ပိတ်ဆို့ လာနေသည့် အရှိန် အဟုန် ကို အခွင့်ကောင်းယူကာ မြန်မာရှိ စစ်အာဏာရှင်များကိုလည်း အလားတူ လောင်စာ ဆီများ ပိတ်ဆို့ရန် အပူတပြင်း တောင်းဆိုလာနေကြပြီ ဖြစ်သည်ဟု ဝေါ်စထရိ ဂျာနယ် သတင်းစာကြီးတွင် ရေးသားလာခဲ့သည်။ ရုရှားဖက် ယိမ်းသွားမည် ဆိုသော အနောက်နိုင်ငံများ အနေဖြင့် စိုးရိမ်ကြောင့်ကြစရာ မလိုတော့သည် အခြေကို ဆိုက်လာခဲ့၍လည်း ဖြစ်သည်။
စစ်တပ်သည် တိုက်လေယာဉ်များ နှင့် အရပ်သားများ အပေါ် ဗုံးကြဲတိုက်ခိုက်လာနေသည့် အတွက် ငါးနှစ် အရွယ် လူပမယ် ကလေး သူငယ်များ အပါအဝင် အမြောက်အမြား သေဆုံး နေကြသည်ဟု ပြီးခဲ့သည့် လ က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် လေယာဉ်ဆီများကို မည်သည့်နေရာမှ ဝယ်ယူတင်သွင်းနေသည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ သို့သော် ယခု အချိန်အထိ နိုင်ငံများက စစ်တပ်ထံ တင်ပို့ ရောင်းချနေကြဆဲ ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။ ၁၀၀% နီးပါးသည် စင်္ကာပူရှိ သိုလှောင်ကန်များမှ တင်ပို့နေခြင်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။ ရှဲလ်၊အက်ဆွန် မိုဘီးလ် နှင့် ချေဗရွန်တို့က ကြားပွဲစားများကို ရောင်းချပြီး ၎င်းတို့မှတဆင့် ပြန်တင်ပို့နေကြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
လောင်စာဆီများကို Singapore Refining Co. ၏ ဆိပ်ကမ်းမှ ရန်ကုန်ရှိ သီလဝါ ဆိပ်ကမ်းသို့ တိုက်ရိုက် တင်ပို့နေခြင်း ဖြစ်သည်။ အဆိုပါ ဆိပ်ကမ်းအား ချေဗရွန် နှင့် တရုတ် အစိုးရပိုင် PetroChina ၏ လက်ခွဲ Singapore Petroleum Company တို့ ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ထို့အတွက် လေယာဉ်ဆီများ ရောင်းချရန် ပိတိပင်မည် ဆိုက စင်္ကာပူရှိ ကုမ္ပဏီများ လိုက်နာရန် အထူးလိုအပ်သည်ဟုလည်း ထောက်ပြခဲ့သည်။ဝေါ်စထရိ ဂျာနယ်မှ ထိုသို့ လူသိရှင်ကြား ဖေါ်ထုတ်လိုက်ခြင်းကြောင့် နိုင်ငံတွင်း ဖြစ်ပေါ် နေသည့် အကြမ်းဖက် လုပ်ရပ်များကို ရဲရဲတောက် ဆန့်ကျင်နေသည့် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး အဖို့ မျက်နှာပူစရာ ဖြစ်လာရပေသည်။
လက်ရှိတွင် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး အဖွဲ့များ၊ ဗြိတိသျှ ပါလီမန် အမတ်များပါမကျန် မြို့ပြ အဖွဲ့အစည်း အသီးသီးက တညီတညွတ်တည်း ပိုမို ကျယ်လောင်စွာ တောင်းဆိုလာနေပြီ ဖြစ်၍ အနှေး နှင့် အမြန် ဖြစ်လာမည်ကား သေချာနေပြီ ဖြစ်သည်။
ထိုသို့ ပြောင်းလဲလာနေသည့် နိုင်ငံတကာ အခြေအနေများ ကြောင့် မိမိတို့ အဖို့ ၂၀၂၂ ကျော်၍ ဆက်လက်တည်မြဲနေပါဦးမည်လောဟု အိမ်တွင်းအောင်းကာ တွေးတောနေသောကြောင့် လည်း ဖြစ်နိူင်ပေသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
Image Credit – Rest of World
Hla Soewai