ၾကားသိရသမွ်

“မိန်းမကို ယုံပြီး တစ်သက်လုံးရှာစုခဲ့သမျှငွေ အပ်ခဲ့တဲ့ ယောက်ကျား…၊…ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ”

နိုင်ဝင်ဘာ(၂၁)ရက်နေ့တွင်ဖြစ်ပွားသွားသည့်ဖြစ်စဥ်နှင့်ပက်သက်၍ဖြစ်စဥ်အမှန်မှာတရားလိုအဖြစ်တိုင်တန်းထားသူဒေါ်သန်းသန်းဝေ(ခ)မဝေသည် ၎င်း၏ခင်ပွန်းဖြစ်သူသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်ပြီးရရှိလာသည့်လုပ်အားခများမှ

(၂၀၁၃)ခုနှစ်မှစ၍ကားတစ်စီးဝယ်ယူနိုင်ရန်စုဆောင်းခဲ့ရာငွေ(၇၅)သိန်းခန့်ရှိပြီဖြစ်ကြောင်း ဒေါ်သန်းသန်းဝေသည်(၂၀၁၇)ခုနှစ်မှစ၍တရားမဝင်နှစ်လုံးထီအားအပတ်ရှင်းစနစ်ဖြင့်သုံခွမြို့နယ်နှစ်လုံးလောင်းကစားဒိုင်သို့ဖုန်းဖြင့်ဆက်သွယ်လောင်းကစားခဲ့ကြောင်းတစ်ပတ်လျှင်(၁)သိန်းကျပ်ခန့်အရှုံးပေါ်ခဲ့ကြောင်းရပ်ကွက်အတွင်းခင်မင်ရင်းနှီးသူထံမှ အတိုး ဖြင်ငွေအကြိမ်ကြိမ်ချေးယူခဲ့ရကြောင်းအသေးစားချေးငွေကုမ္ပဏီများမှလည်းငွေများချေးယူထားခဲ့ကြောင်းရွှေထည်ပစ္စည်းများအားသန်လျင်မြို့မစျေးရှိအမိန့်ရအပေါင်ဆိုင်တွင်ပေါင်နှံသုံးစွဲခဲ့ကြောင်း

ယခုအခါခင်ပွန်းဖြစ်သူမှနိုဝင်ဘာ(၆)ရက်နေ့တွင်ဖောင်ကြီးသို့ဆောက်လုပ်ရေးလုပ်ငန်းဖြင့်သွားရောက်လုပ်ကိုင်ပြီးပြန်လာပါကလုပ်ငန်းအတွက်အသုံးပြုရန် ကား တစ်စီးဝယ်ယူမည်ဖြစ်ကြောင်းပြောလာသည့်အတွက်ကျွန်မမှခင်ပွန်းဖြစ်သူအပ်ထားသောငွေနှင်ရွှေထည်ပစ္စည်းများခင်ပွန်းဖြစ်သူအားမည်သို့ပြောပြရမည်ကိုစဥ်းစား၍ကြံရာမရဖြစ်ခဲ့ကြောင်းထို့ကြောင့်ခင်ပွန်းဖြစ်သူပြန်မလာခင်ကျွန်မအားအမည်မသိအမျိုးသားတစ်ဦးနေအိမ်ပေါ်တက်ဓားထောက်ခြိမ်းခြောက်၍ငွေ/နှင့်ရွှေထည်ပစ္စည်းများယူဆောင်သွားပုံစံလိမ်ညာ၍ရဲစခန်းတွင်အမှုဖွင့်ရန်အကြံအစည်ပေါ်လာကြောင်း

ခင်ပွန်းဖြစ်သူမှလည်းသံသယကင်းသွားမည်ဟုယူဆကြောင်းအကြံဖြစ်ပေါ်လာသည့်အတွက် နိုဝင်ဘာ(၂၁)ရက်ည(၁)နာရီအချိန်ခန့်တွင်၎င်းအကြံအစည်ကိုဖေါ်ဆောင်ပြီး သန်လျင်မြို့မရဲစခန်းတွင်တရားလိုအဖြစ်လိမ်ညာ၍အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအကြိမ်ကြိမ်မေးမြန်းစစ်ဆေးခဲ့ကြောင်း

နိုဝင်ဘာ(၂၃)ရက်နေ့တွင်ကျွန်မအားခင်ပွန်းဖြစ်သူနှင့်သမီးမှဖြစ်စဥ်အမှန်ပြောရန်ချော့မေးလာသဖြင့် ၎င်းမှတရားလိုလုပ်တိုင်ကြားထားသောအမှုဖြစ်စဥ်သည်လိမ်ညာ၍တိုင်ကြားထားခဲ့ကြောင်းကျွန်မခင်ပွန်းအပ်ထားသောငွေနှင့်ရွှေထည်ပစ္စည်းများသည်လောင်းကစားပြုလုပ်ရာတွင်သုံးစွဲခဲ့ကြောင်းပြောဆို၍ခင်ပွန်းဖြစ်သူဆူမှာစိုး၍ကြောက်လန့်ပြီးသန်လျင်မြို့မရဲစခန်းတွင်လိမ်ညာ၍အမှုဖွင့်လှစ်ခဲ့ကြောင်းဝန်ခံထွက်ဆိုလာသဖြင့်ယခုအခါသန်လျင်မြို့မရဲစခန်းမှနယ်ထိန်းအရာရှိရဲအုပ်

ချမ်းမြေ့အောင်မှအမှုအားလိမ်လည်တိုင်တန်းသူဒေါ်သန်းသန်းဝေ(ခ)မဝေ၊(၄၇)နှစ်၊(ဘ)ဦးသံချောင်း၊အမှတ်(၈)၊သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်နေသူအားဥပဒေအရအရေးယူနိုင်ရန်စီစဥ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

####ကျော်ကျော်(သန်လျင်)###

လိမ်လည်တိုင်တန်းထားသည့် အမှု

နိုဝင်ဘာလ(၂၁)ရက်နေ့ မနက် (၁)နာရီအချိန်ခန့်ကတောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အမှုထမ်းရပ်ကွက်တွင်နေအိမ်ထဲ၌သားအမိနှစ်ယောက်ထဲရှိနေစဥ်အမည်မသိအမျိုးသား(၁)ဦးမျက်နှာကိုပုဆိုးအုပ်စည်းလျက်အရိုးအသွား(၆)လက်မခန့် ဓားဦးချွန်ကိုင်ဆောင်ကာခြိမ်းခြောက်၍ရွှေ/ငွေတန်ဖိုးခန့်(၉၄၀၀၀၀၀)ကျပ်ခန့်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ(၂၁)ရက်နေ့မနက်(၁)နာရီအချိန်ခန့်ကတရားလိုဖြစ်သူ ဒေါ်သန်းသန်းဝေ(၄၇)နှစ်(ဘ)ဦးသံချောင်း သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နေသူသည် ၎င်း၏နေအိမ်၌ သမီးဖြစ်သူမအေးမြတ်သူ(၈)နှစ်နှင့်အတူနေအိမ်ရှေ့ခန်းတွင် ကာတွန်ကားထိုင်ကြည့်နေစဥ်သမီးဖြစ်သူမှဗိုက်ဆာသည်ဆိုသဖြင့် အိမ်ရှေ့တံခါးဖွင့်ပြီးလက်ဆေး၍ တံခါးဂျက်အားဂျက်မထိုးပဲဟထားကာ ထမင်းကျွေးပြီးသမီးဖြစ်သူမှထမင်းစားပြီးအိပ်မည်ပြောသောကြောင့်ခြင်ထောင်ထောင်ပေးနေစဥ်

နေအိမ်ရှေ့တံခါးအားတွန်းဖွင့်သံကြား၍ကြည့်လိုက်ရာနေအိမ်ထဲသို့မျက်နှာပုဆိုးဖြင့်အုပ်စည်းထားသောအမည်မသိအမျိုးသားတစ်ဦးဝင်လာပြီး၎င်းလက်ထဲတွင်အရိုးအသွား (၆) လက်မခန့်ဓားဦးချွန်တစ်ချောင်းကိုင်ထားကာ တရားလိုဖြစ်သူအား”ပိုက်ဆံပေး”ဟုတောင်းခံရာတရားလိုမှပိုက်ဆံမရှိကြောင်းပြန်လည်ပြောဆိုလိုက်စဥ်”သားအမိနှစ်ယောက်လုံးသက်ပြစ်မယ်””ရှိတာထုတ်ပေးဟု”ပြောဆိုကာ

ဘီဒိုသော့အားအတင်းဖွင့်ခိုင်းသဖြင့်ကြောက်​လန့်၍ဖွင့်ပေးလိုက်စဥ်ထိုသူမှဗီဒိုတွင်းထဲ့ထားသည့်အမျိုးသမီးဘေးလွယ်အိတ်တစ်လုံးအားတွေ့ရှိသွားသဖြင့် ဖွင့်ခိုင်းရာအိတ်အတွင်းမှငွေစက္ကူရောရာ(၇၅)သိန်းကျပ် ရွှေဆွဲကြိုးအပါစုစုပေါင်းရွှေအလေးချိန်(၂)ကျပ်သား(၂)မူးကာလခန့်မှန်းတန်ဖိုး(၁၉၀၀၀၀၀)ကျပ်အားတို့အားတွေ့ရှိရသဖြင့်ယူဆောင်၍နေအိမ်ပြန်ထွက်သွားရာ​အိမ်အပြင်ဘက်တွင်အမည်မသိအမျိုးသားတစ်ဦးစောင့်နေသည်ကိုတွေ့ရှိရကြောင်းနှင့်ပိုက်ဆံပေးရင်ပေးမပေးရင်သက်ပြစ်မယ်ခြောက်လှန့်၍

ရွှေနှင့်ငွေများတောင်းယူသွားသူအမည်မသိအမျိုးသား(၂)ဦးအားဥပဒေအရအရေးယူဆောင်ရွက်ပေးရန် သန်လျင်မြို့မရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်၊တရားလိုဖြစ်သူ၏ခင်ပွန်းဦးမိုးသူနှင့်သားဖြစ်သူမောင်ရှိုင်းကိုကိုတို့သည် Covid-19 လူနာများနေထိုင်ရေးအတွက်အဆောက်အဦးအသစ်ဆောက်လုပ်ရန်ဖောင်ကြီးမြို့နယ်သို့ဆောက်လုပ်ရေးလုပ်ငန်းကို နိုဝင်ဘာလ(၇)ရက်နေ့ကသွားရောက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်၊

ယခုအခါသန်လျင်မြို့မရဲစခန်းမှဖြစ်စဥ်နှင့်ပက်သက်၍(ပ)၃၀၇၅/၂၀၂၀၊ပုဒ်မ- ၃၈၆/၁၁၄ အရအမှုဖွင့်၍အမှုစစ်အဖြစ်နယ်ထိန်းအရာရှိရဲအုပ်ချမ်းမြေ့အောင်မှတရားခံအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက်လိုက်လံစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

###ကျော်ကျော်(သန်လျင်)##