တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးတာတွေ များလာတဲ့အခါကျရင်
ဆက်ဆံရေးတွေဟာ သွေးအေးသွားတတ်ပါတယ် ။
မအားလို့ .
အလုပ်တွေရှုပ်နေလို့.
gameဆော့နေလို့.
videoကြည့်နေလို့ .
အဲ့လို မအားတဲ့ အကြောင်းပြချက်တွေ များလာတာနဲ့အမျှ သိထားရမှာတစ်ခုက တစ်ဖက်က ကိုယ့်အပေါ် စိတ်တွေ
ပြောင်းလဲသလို ဖြစ်လာနေပြီဆိုတာပါပဲ။
သံယောဇဉ်မပြတ်တဲ့သူကတော့ ကိုယ်ချစ်ရတဲ့သူအတွက် မရမက အချိန်ပေးပြီး ပြေးလာတွေ့နေအုံးမှာပါပဲ။
မိုင်ပေါင်းများစွာ ကွာနေတဲ့ ခရီးကိုတောင် ဖြတ်သန်းပြီး ကိုယ့်ဆီကို လာနေအုံးမှာ။
ဒါပေမဲ့ တစ်ဖြည်းဖြည်းချင်း အချစ်တွေလျော့လာပြီဆိုရင်တော့ မအားဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့
ပစ်ထားတတ်တယ်။
အရင်လို သတိတရ messageတွေ ပို့ထားတာတွေ မရှိတော့ဘူး။ ဖုန်းလေးဆက်ဖို့အရေး video callလေး ခေါ်ဖို့အရေးမှာ
တောင် ဟိုရွှေ့ ဒီရွှေ့ နေ့ရွှေ့ ညရွှေ့ပေါ့။
သွေးအေးလာရင် အဲ့လိုပါပဲ။ အရင်က တစ်ညလုံး စကားတွေ ပြောနေရရင် အိပ်ဖို့တောင် သတိမရတဲ့သူက
အခုများ ကိုယ်နဲ့ လိုင်းပေါ်မှာ စကားတွေ ပြောနေရင် ချက်ချင်း အိပ်ချင်လာတော့တာပါပဲ။
ဂရုစိုက်မှုတွေ လေလိုလေး ပျောက်ရှသွားတယ်။ စကားတွေ ခပ်ပြတ်ပြတ် ပြောလာတာမျိုး စိတိမရှည်တော့သလိုမျိုး
ဖြစ်လာတတ်တယ်။
လူတစ်ယောက် မချစ်ချင်တော့တဲ့အခါ အခုလိုမျိုး သွေးအေးလာတတ်တယ် ။
Crd to original uploader
Crd to original uploader