အခ်စ္ေရး

သူမမှားပါဘူး ပိုချစ်မိတဲ့ ကိုယ်ပဲအစကတည်းက မှားနေခဲ့တာပါ …

သူမမှားပါဘူး ပိုချစ်မိတဲ့ ကိုယ်ပဲအစကတည်းက မှားနေခဲ့တာပါ

စိတ်ပူလို့ဆက်တဲ့ဖုန်းတွေ မကိုင်တဲ့သူမမှားဘူး ကိုယ်မလိုမှန်းသိရဲ့နဲ့ အရေးပါချင်နေတဲ့ကိုယ်ပဲ မှားတာပါ .. တစ်ခါတစ်လေကျတော့ ကိုယ်လဲ သူ့လိုနေနိုင်ချင်ပါတယ်ဆိုတဲ့ စိတ်တွေဖြစ်မိတယ် ဒါပေမယ့် တကယ့်လက်တွေ့မှာ သူနဲ့ဝေးများဝေးသွားရင်ဆိုတဲ့အတွေးနဲ့ ကြောက်နေမိတုန်းပဲ

သူခေါ်ရင် ကိုယ်လဲမခေါ်ဘူးဆိုတဲ့ မာနလေးထားကြည့်ချင်တယ် ဒါပေမယ့် သေချာပါတယ် နေနိုင်နေပြီးသားသူက ပိုပြီးပျော်သွားရုံကလွဲလို့ဘာမှ ခံစားသိလာမှာမဟုတ်ဘူး ကိုယ်ကသာ မာနတွေထားပြီး ကိုယ်ပဲ ပြန်ပြီး နာကျင်နေရမှာလေ …

ချစ်မိအောင် ပြုစားခဲ့တဲ့သူ မမှားဘူး ဒီလူမှဒီလူဖြစ်နေတဲ့ကိုယ်ပဲမှားတာပါ သူဂရုမစိုက်တာလဲ မမှားဘူး ကိုယ့်ကို ဂရုမစိုက်တဲ့သူဆီကမှ ပိုပြီး ဂရုစိုက်ခံချင်နေတဲ့ ကိုယ်ပဲ မှားနေခဲ့တာပါ သူ့လိုသာနေလိုက်ရင် ဒီအခြေအနေတွေအားလုံးဟာ ပြီးဆုံးသွားလိမ့်မယ်ဆိုတာသိပေမယ့်လဲ တစ်နေ့တော့ ကိုယ့်အချစ်တွေ မြင်လာမှာပါဆိုတဲ့ မသေချာတဲ့တစ်နေ့ကို မျှော်နေမိသေးတယ်

ကိုယ့်ကို နာကျင်စေတာ သူမဟုတ်ပေမယ့် အစစအရာရာကို ရင်ဘတ်ထဲထည့်ထားမိတဲ့ကိုယ်က ဘာမှမဟုတ်တာနဲ့လဲ သေလောက်အောင် နာကျင်ချင်နာကျင်နေတတ်တယ်လေ . .. သူမမှားပါဘူး ပိုချစ်နေမိတဲ့ကိုယ်က အစကတည်းက မှားခဲ့တာပါ …

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

သူမမွားပါဘူး ပိုခ်စ္မိတဲ့ ကိုယ္ပဲအစကတည္းက မွားေနခဲ့တာပါ …

စိတ္ပူလို့ဆက္တဲ့ဖုန္းေတြ မကိုိင္တဲ့သူမမွားဘူး ကိုုယ္မလုိမွန္းသိရဲ႔နဲ႔ အေရးပါခ်င္ေနတဲ့ကိုယ္ပဲ မွားတာပါ .. တစ္ခါတစ္ေလက်ေတာ့ ကိုယ္လဲ သူ့လုိေနနိုိိင္ခ်င္ပါတယ္ဆုိတဲ့ စိတ္ေတြျဖစ္မိတယ္ ဒါေပမယ့္ တကယ့္လက္ေတြ့မွာ သူနဲ႔ေ၀းမ်ားေ၀းသြားရင္ဆိုတဲ့အေတြးနဲ႔ ေၾကာက္ေနမိတုန္းပဲ

သူေခၚရင္ ကိုယ္လဲမေခၚဘူးဆိုတဲ့ မာနေလးထားၾကည့္ခ်င္တယ္ ဒါေပမယ့္ ေသခ်ာပါတယ္ ေနနိုင္ေနျပီးသားသူက ပိုျပီးေပ်ာ္သြားရံုကလြဲလို ့ဘာမွ ခံစားသိလာမွာမဟုတ္္ဘူး ကိုယ္ကသာ မာနေတြထားျပိီး ကိုယ္ပဲ ျပန္ျပီး နာက်င္ေနရမွာေလ …

ခ်စ္မိေအာင္ ျပဳစားခဲ့တဲ့သူ မမွားဘူး ဒီလူမွဒီလူျဖစ္ေနတဲ့ကိုယ္ပဲမွားတာပါ သူဂရုမစို္က္တာလဲ မမွားဘူး ကိုယ့္ကို ဂရုမစိုက္တဲ့သူဆီကမွ ပိုုျပီး ဂရုစိုက္ခံခ်င္ေနတဲ့ ကုိ္ယ္ပဲ မွားေနခဲ့တာပါ သူ့လုိသာေနလုိက္ရင္ ဒီအေျခအေနေတြအားလံုးဟာ ျပီးဆံုးသြားလိမ့္မယ္ဆိုတာသိေပမယ့္လဲ တစ္ေန့ေတာ့ ကိုယ့္အခ်စ္ေတြ ျမင္လာမွာပါဆိုတဲ့ မေသခ်ာတဲ့တစ္ေန့ကို ေမွ်ာ္ေနမိေသးတယ္

ကိုယ့္ကို နာက်င္ေစတာ သူမဟုတ္ေပမယ့္ အစစအရာရာကို ရင္ဘတ္ထဲထည့္ထားမိတဲ့ကိုယ္က ဘာမွမဟုတ္တာနဲ႔လဲ ေသေလာက္ေအာင္ နာက်င္ခ်င္နာက်င္ေနတတ္တယ္ေလ . .. သူမမွားပါဘူး ပိုခ်စ္ေနမိတဲ့ကိုယ္က အစကတည္းက မွားခဲ့တာပါ …