သင်ရွေးချယ်လိုက်တဲ့ သင်္ကေတလေးက ပြောပြနေတဲ့ သင့်အတွက်သတင်းစကားတစ်ခု ကြားချင်နေပြီလား ဖတ်ကြည့်လိုက်
သဘာဝလွန်ဖြစ်ရပ်တွေဆိုတာ သင်ယုံကြည်ပါသလား။ ကိုးကွယ်တဲ့ဘာသာတိုင်းလိုလိုမှာ သဘာဝလွန်ယုံကြည်မှုတွေရှိတတ်ကြတဲ့အပြင် တချို့အဖြစ်အပျက်တွေမှာလည်း သိပ္ပံနည်းကျဖြေရှင်းလို့မရတဲ့ အခြေအနေမျိုးတွေရှိလို့နေတတ်ပါတယ်။ လူတစ်ယောက်ဆီမှာ မမြင်ရတဲ့ အစောင့်အရှောက်တစ်ယောက်ဆီရှိတတ်တယ်ဆိုတာ ယုံကြည်ပါသလား။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သင့်ရဲ့စောင့်ရှောက်သူက သင့်ဘဝအတွက် ဘယ်လိုအကြံပေးစကားတွေ သတိပေးစကားတွေ ပေးနေသလားဆိုတာကို အောက်က ပုံလေးတွေထဲက တစ်ခုကိုရွေးချယ်ပြီး ရှာဖွေကြည့်လိုက်ပါ။
စကြဝဠာကြီးရဲ့အမှတ်တံဆိပ်လေးကို ရွေးချယ်လိုက်ပြီဆိုတော့ သင့်အတွက်သတင်းစကားက ဒီလိုပါ။ ဘဝမှာလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ပြီးပြီမလို့ ရလာတဲ့အသီးအပွင့်တွေကိုပဲ ဆွတ်ခူးပြီးစားသုံးပါတော့တဲ့။ လူအများကြီးအတွက် ကောင်းသောလမ်းကို ပြပေးခဲ့တဲ့အတွက်ကြောင့်လည်း စကြာဝဠာကြီးကသင့်ကို ကျေးဇူးတင်လျက်ရှိနေပါတယ်။ သ့င်အနေန့ ဘဝရဲ့စစ်မှန်တဲ့အလှတရားနဲ့ ချစ်ခြင်းမေတ္တာတို့ကိုလည်း ရင်ထဲမှာသိသွားခဲ့ပြီမလို့ စောက်ရှောက်သူလုပ်စေချင်တာကတော့ လူတွေအတွက် အကျိုးပြုစေမယ့် စာတွေကို ရေးသားပြီးဘယ်သူမဆိုအခမဲ့ဖတ်နိုင်အောင် လုပ်ဆောင်ပေးခြင်း၊ သစ်ပင်စိုက်စေချင်ပြီး လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးဖို့ပါပဲတဲ့။
မျက်နှာဖုံးတွေကို ချွတ်လိုက်ပါတော့။ စစ်မှန်တဲ့ကိုယ်ကိုယ့်ကိုကို ထုတ်ပြပြီး ဒီနေ့ကစနေထိုင်လိုက်ပါ။ သင့်အနေနဲ့လက်ရှိဖြစ်ပျက်နေတဲ့ လူမှုရေးပြဿနာနဲ့ အချစ်ရေးပြဿနာတွေဟာ ခံစားနိုင်တဲ့ရင်ဘတ်ကြီးကို ဖွင့်ပြီး စစ်မှန်တဲ့တုန့်ပြန်မှုတွေ မပေးလို့ပါတဲ့။ တစ်ကိုယ်ကောင်းဆန်တာတွေ နည်းနည်းလျှော့ပြီး လူတွေအားလုံးကို အမြင်သစ်၊ အတွေးသစ်နဲ့ ဆက်ဆံကြည့်ပါ။ ဖြစ်နေတဲ့ ပြဿနာနဲ့ စိတ်ရှုပ်မှုတွေကနေ ကင်းဝေးလာပါလိမ့်မယ်။
သင့်ဘဝတစ်လျှောက်လုံး အလုပ်တွေချည်း လုပ်လာရတာ ဒီနေ့ကစပြီး အနည်းငယ်လောက် အနားယူလိုက်ပါဦး။ နားစရာရှိနား၊ ပျော်စရာရှိပျော်ပြီး ဘဝရဲ့ အနှစ်သာရအစစ်အမှန်ကို သင့်ရဲ့စောင့်ရှောက်သူက သင့်ကိုခံစားနေစေချင်ပါတယ်။ ခရီးတွေသွားပါ၊ ကျန်းမာရေးလိက်စားပါ၊ စိတ်ကိုအလိုလိုက်ပစ်လိုက်၊ ပြီးရင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး အချိန်ဖြုန်းကြည့်လိုက်စမ်းပါလေ။
အဓိကတစ်ချက်တည်းကို အာရုံစိုက်မနေဘဲ သင်ဟာ မလိုလားအပ်တဲ့ ကိစ္စသေးသေးလေးတွေကို အာရုံစိက်နေပါလား။ ပြဿနာတွေ၊ အခက်အခဲတွေကြောင့် စိတ်တွေရှု့ပ်ထွေးနေတယ်ဆိုရင်တော့ တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသွားပြီး ခဏလေး သီးသီးသန့်သန့်ခေါင်းဆေးပြီး စဉ်းစားလိုက်ပါ။ အဖြေတစ်ခု ထွက်ကိုထွက်လာပါလိမ့်မယ်။ သင့်စောက်ရှောက်သူကတော့ သင့်ကို အရေးကြီးတဲ့ကိစ္စတွေဆီမှာပဲ အာရုံစိုက်စေချင်နေပါတယ်။
ငါးခုမြောက် သင်္ကေတကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သင့်အနေနဲ့ စည်းဘောင်တွေဟာ ဆိုးရွားတဲ့အရာတစ်ခုမဟုတ်ဘဲ ကောင်းတဲ့လမ်းကြောင်းပေါ်ကနေ သွေဖယ်မသွားအောင် ထိန်းကြောင်းပေးတဲ့အရာတွေကိုတာ သတိရစေချင်ပါတယ်။ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့တဲ့ ကိစ္စရပ်တွေကို သင့်အနေနဲ့ ပြန်လမ်းကြောင်းတည့်ပေးဖို့ ကြိုးစားပါ။ သင့်စောင့်ရှောက်သူကတော့ သင့်ကို ဒီအကြံလေးပါးလိုက်ပါတယ်။ ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက် အားမပေးတဲ့လူတချို့အတွက် အချိန်တွေနဲ့ အားအင်တွေ အကုန်စေပါနဲ့တဲ့။
နောက်ဆုံး သင်္ကေတလေးကတော့ လွှတ်ချလိုက်သင့်တဲ့အရာတွေအားလုံးကို လွှတ်ချပစ်ဖို့အတွက် နမိတ်ပေးနေပါတယ်။ အရာရာတိုင်း ကိုယ်ပြောသမျှဖြစ်လာအောင် အင်တိုက်အားတိုက်ကြိုးစားနေတာလေးကို ဒီတစ်ခေါက်မှာတော့ ရပ်ပစ်လိုက်ပြီး အနားယူပေးလိုက်ပါ။ တွန်းအားပေးခြင်းဟာ အောင်မြင်နိုင်တယ်ဆိုပေမယ့်လို့ သင့်ရဲ့ ကိုယ့်ကိုယ်ကိုခံနိုင်ရည်အားထက် ပိုပြီးတွန်းအားပေးနေတာကတော့ ဘဝတက်လမ်းအတွက် အပိတ်အဆို့တစ်ခု ဖြစ်နေစေပါလိမ့်မယ်။
credit to original writter

သင္ေရြးခ်ယ္လိုက္တဲ့ သေကၤတေလးက ေျပာျပေနတဲ့ သင့္အတြက္သတင္းစကားတစ္ခု ၾကားခ်င္ေနၿပီလား ဖတ္ၾကည့္လိုက္
သဘာဝလြန္ျဖစ္ရပ္ေတြဆိုတာ သင္ယုံၾကည္ပါသလား။ ကိုးကြယ္တဲ့ဘာသာတိုင္းလိုလိုမွာ သဘာဝလြန္ယုံၾကည္မႈေတြရွိတတ္ၾကတဲ့အျပင္ တခ်ိဳ႕အျဖစ္အပ်က္ေတြမွာလည္း သိပၸံနည္းက်ေျဖရွင္းလို႔မရတဲ့ အေျခအေနမ်ိဳးေတြရွိလို႔ေနတတ္ပါတယ္။ လူတစ္ေယာက္ဆီမွာ မျမင္ရတဲ့ အေစာင့္အေရွာက္တစ္ေယာက္ဆီရွိတတ္တယ္ဆိုတာ ယုံၾကည္ပါသလား။ ယုံသည္ျဖစ္ေစ၊ မယုံသည္ျဖစ္ေစ သင့္ရဲ့ေစာင့္ေရွာက္သူက သင့္ဘဝအတြက္ ဘယ္လိုအႀကံေပးစကားေတြ သတိေပးစကားေတြ ေပးေနသလားဆိုတာကို ေအာက္က ပုံေလးေတြထဲက တစ္ခုကိုေရြးခ်ယ္ၿပီး ရွာေဖြၾကည့္လိုက္ပါ။
စၾကဝဠာႀကီးရဲ့အမွတ္တံဆိပ္ေလးကို ေရြးခ်ယ္လိုက္ၿပီဆိုေတာ့ သင့္အတြက္သတင္းစကားက ဒီလိုပါ။ ဘဝမွာလုပ္သင့္လုပ္ထိုက္တာေတြကို လုပ္ေဆာင္ၿပီးၿပီမလို႔ ရလာတဲ့အသီးအပြင့္ေတြကိုပဲ ဆြတ္ခူးၿပီးစားသုံးပါေတာ့တဲ့။ လူအမ်ားႀကီးအတြက္ ေကာင္းေသာလမ္းကို ျပေပးခဲ့တဲ့အတြက္ေၾကာင့္လည္း စၾကာဝဠာႀကီးကသင့္ကို ေက်းဇူးတင္လ်က္ရွိေနပါတယ္။ သ့င္အေနန႔ ဘဝရဲ့စစ္မွန္တဲ့အလွတရားနဲ႔ ခ်စ္ျခင္းေမတၱာတို႔ကိုလည္း ရင္ထဲမွာသိသြားခဲ့ၿပီမလို႔ ေစာက္ေရွာက္သူလုပ္ေစခ်င္တာကေတာ့ လူေတြအတြက္ အက်ိဳးျပဳေစမယ့္ စာေတြကို ေရးသားၿပီးဘယ္သူမဆိုအခမဲ့ဖတ္နိုင္ေအာင္ လုပ္ေဆာင္ေပးျခင္း၊ သစ္ပင္စိုက္ေစခ်င္ၿပီး လိုအပ္ေနတဲ့သူေတြကို တတ္နိုင္သေလာက္ ကူညီေပးဖို႔ပါပဲတဲ့။
မ်က္ႏွာဖုံးေတြကို ခၽြတ္လိုက္ပါေတာ့။ စစ္မွန္တဲ့ကိုယ္ကိုယ့္ကိုကို ထုတ္ျပၿပီး ဒီေန႔ကစေနထိုင္လိုက္ပါ။ သင့္အေနနဲ႔လက္ရွိျဖစ္ပ်က္ေနတဲ့ လူမႈေရးျပႆနာနဲ႔ အခ်စ္ေရးျပႆနာေတြဟာ ခံစားနိုင္တဲ့ရင္ဘတ္ႀကီးကို ဖြင့္ၿပီး စစ္မွန္တဲ့တုန႔္ျပန္မႈေတြ မေပးလို႔ပါတဲ့။ တစ္ကိုယ္ေကာင္းဆန္တာေတြ နည္းနည္းေလၽွာ့ၿပီး လူေတြအားလုံးကို အျမင္သစ္၊ အေတြးသစ္နဲ႔ ဆက္ဆံၾကည့္ပါ။ ျဖစ္ေနတဲ့ ျပႆနာနဲ႔ စိတ္ရႈပ္မႈေတြကေန ကင္းေဝးလာပါလိမ့္မယ္။
သင့္ဘဝတစ္ေလၽွာက္လုံး အလုပ္ေတြခ်ည္း လုပ္လာရတာ ဒီေန႔ကစၿပီး အနည္းငယ္ေလာက္ အနားယူလိုက္ပါဦး။ နားစရာရွိနား၊ ေပ်ာ္စရာရွိေပ်ာ္ၿပီး ဘဝရဲ့ အႏွစ္သာရအစစ္အမွန္ကို သင့္ရဲ့ေစာင့္ေရွာက္သူက သင့္ကိုခံစားေနေစခ်င္ပါတယ္။ ခရီးေတြသြားပါ၊ က်န္းမာေရးလိက္စားပါ၊ စိတ္ကိုအလိုလိုက္ပစ္လိုက္၊ ၿပီးရင္ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ႀကီး အခ်ိန္ျဖဳန္းၾကည့္လိုက္စမ္းပါေလ။
အဓိကတစ္ခ်က္တည္းကို အာ႐ုံစိုက္မေနဘဲ သင္ဟာ မလိုလားအပ္တဲ့ ကိစၥေသးေသးေလးေတြကို အာ႐ုံစိက္ေနပါလား။ ျပႆနာေတြ၊ အခက္အခဲေတြေၾကာင့္ စိတ္ေတြရႈ႔ပ္ေထြးေနတယ္ဆိုရင္ေတာ့ တိတ္ဆိတ္တဲ့ေနရာတစ္ခုကိုသြားၿပီး ခဏေလး သီးသီးသန႔္သန႔္ေခါင္းေဆးၿပီး စဥ္းစားလိုက္ပါ။ အေျဖတစ္ခု ထြက္ကိုထြက္လာပါလိမ့္မယ္။ သင့္ေစာက္ေရွာက္သူကေတာ့ သင့္ကို အေရးႀကီးတဲ့ကိစၥေတြဆီမွာပဲ အာ႐ုံစိုက္ေစခ်င္ေနပါတယ္။
ငါးခုေျမာက္ သေကၤတကို ေရြးခ်ယ္လိုက္ၿပီဆိုရင္ေတာ့ သင့္အေနနဲ႔ စည္းေဘာင္ေတြဟာ ဆိုးရြားတဲ့အရာတစ္ခုမဟုတ္ဘဲ ေကာင္းတဲ့လမ္းေၾကာင္းေပၚကေန ေသြဖယ္မသြားေအာင္ ထိန္းေၾကာင္းေပးတဲ့အရာေတြကိုတာ သတိရေစခ်င္ပါတယ္။ အစီအစဥ္အတိုင္း ျဖစ္မလာခဲ့တဲ့ ကိစၥရပ္ေတြကို သင့္အေနနဲ႔ ျပန္လမ္းေၾကာင္းတည့္ေပးဖို႔ ႀကိဳးစားပါ။ သင့္ေစာင့္ေရွာက္သူကေတာ့ သင့္ကို ဒီအႀကံေလးပါးလိုက္ပါတယ္။ ကိုယ့္ရဲ့တိုးတက္ရာတိုးတက္ေၾကာင္းအတြက္ အားမေပးတဲ့လူတခ်ိဳ႕အတြက္ အခ်ိန္ေတြနဲ႔ အားအင္ေတြ အကုန္ေစပါနဲ႔တဲ့။
ေနာက္ဆုံး သေကၤတေလးကေတာ့ လႊတ္ခ်လိုက္သင့္တဲ့အရာေတြအားလုံးကို လႊတ္ခ်ပစ္ဖို႔အတြက္ နမိတ္ေပးေနပါတယ္။ အရာရာတိုင္း ကိုယ္ေျပာသမၽွျဖစ္လာေအာင္ အင္တိုက္အားတိုက္ႀကိဳးစားေနတာေလးကို ဒီတစ္ေခါက္မွာေတာ့ ရပ္ပစ္လိုက္ၿပီး အနားယူေပးလိုက္ပါ။ တြန္းအားေပးျခင္းဟာ ေအာင္ျမင္နိုင္တယ္ဆိုေပမယ့္လို႔ သင့္ရဲ့ ကိုယ့္ကိုယ္ကိုခံနိုင္ရည္အားထက္ ပိုၿပီးတြန္းအားေပးေနတာကေတာ့ ဘဝတက္လမ္းအတြက္ အပိတ္အဆို႔တစ္ခု ျဖစ္ေနေစပါလိမ့္မယ္။
credit to original writter



