နေအိမ်အောက်တွင်တောင်ပို့ပေါက်သည့်အခါတချို့လူများကအိမ်ကိုဖျက်ဆီးမည်ဟုသဘောထားကာတောင်ပို့ကိုတူးဆွဖယ်ထုတ်ပစ်လိုက်ကြသည်တချို့လူများကတော့
ကောင်းကျိုးပေးမည့်အရာဟုသဘောထားပြီးရာဇမတ်လေးဖက်လေးတန်ကာ၍တံခွန်၊ကုက္ကား၊မုလေးပွားများစိုက်၊အမွှေးနံ့သာများပက်ဖျန်းကြသည်ဖယောင်းတိုင်၊အမွှေးတိုင်များကို
အဆက်မပြတ်ထွန်းညှိပူဇော်ထားကြသည်တောင်ပို့ကတစ်စထက်တစ်စမြင့်တက်လာရာအိမ်ကဆင့်တန်းဖြုတ်၊ခင်းထားသောပျဉ်ချပ်များကို ခွာပစ်ရသည်အထိယုံကြည်ကိုးစားစွာ
ဖြင့်ရိုသေစွာထားကြသည်ကိုလည်းတွေ့ဖူးသည်။ညီငယ်လေးပမာခင်မင်ရသောသက်ကိုကသူ၏အိမ်အောက်တွင်တောင်ပို့ပေါက်လာသည့်အခါအဆိုပါတောင်ပို့ကိုသည်အတိုင်းပဲထား
ရမည်လား၊တောင်ပို့ကို ဖြိုချပစ်ရမည်လားဟုမေးခဲ့ဖူးပါသည်များစွာသောလူတို့သည်အိမ်ထဲသို့မဟုတ်ခြံဝင်းထဲ၌တောင်ပို့ပေါက်လာလျှင်ကောင်းသည်ဟုသာထင်မှတ်ကြလေ
သည်ရှေးလူကြီးသူမတို့ကမူကောင်းကျိုး၏ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှုနှင့်မကောင်းကျိုး၏ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှုဟူ၍နှစ်မျိုးရှိကြောင်းဆိုခဲ့ကြပေသည်
ရှေးလူကြီးသူမတို့သည်အကြားအမြင်၊ ဗဟုသုတရင့်ကျက်ကြသူများပီပီနောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့်ပတ်သက်၍ကောင်းခြင်းဆိုးခြင်းကိုသိမြင်မှတ်သားလိုက်နာ
ဆောင်ရွက်နိုင်စေရန်ကဗျာလင်္ကာများစပ်ဆို ထားခဲ့ပေသည၎င်းလင်္ကာမှာ၁အရှေ့တောင်ခွင်၊တောင်ပို့ထင်၊မီးလျှင်လောင်တတ်စွ၂အနောက်ပေါက်ငြား၊အောက်လူများနာ
ဖျားဘေးဒဏ်ရ၃အနောက်တောင်တွင်၊တောင်ပို့မြင်၊သူလျှင် ခိုးတတ်လှ၊၄ကြင်းငါးရပ်မှာ၊ပေါက်ရောက်လာ၊မှန်စွာချမ်းကြည်မြ၊၅မကောင်းရပ်နေ၊ပေါက်လာပေ၊ရွှေရည်လောင်း
လေကြ၊၆။ဤသို့ယတြာ၊ပြုသောခါ၊ရောဂါရန်ကွယ်ဟူ၍ဖြစ်သည်။အဋ္ဌလဂ်ခွင်အရအရပ်ရှစ်ပါးရှိရာ၁အရှေ့မြောက်အရပ်၊၂အရှေ့အရပ်၊၃အရှေ့တောင်အရပ်၊၄တောင်အရပ်၊
၅အနောက်တောင်အရပ်၊၆အနောက်အရပ်၊၇အနောက်
မြောက်အရပ်၊၈မြောက်အရပ်ဟူ၍ဖြစ်လေသည်အိမ်အတွင်း၊ခြံဝင်းအတွင်းတောင်ပို့ပေါက်သောအရပ်သည်မည်သည့်
အရပ်၌ဖြစ်သည်ကိုတိကျစွာသတ်မှတ်ရပါမည်။ရှေးလူကြီးသူမတို့မိန့်ဆိုခဲ့သောကဗျာလင်္ကာအရတောင်ပို့ပေါက်သောအရပ်သည်အရှေ့တောင်ထောင့်အရပ်ဖြစ်ပါကအိမ်ကို
မီးလောင်တတ်သည်အနောက်အရပ်တွင်ဖြစ်ပါကလူငယ်လူရွယ်များနာဖျားတတ်သည်။ဘေးရန်သင့်တတ်သည်အနောက်တောင်အရပ်တွင်ဖြစ်ပါကနေအိမ်တွင်သူခိုးခိုးခံ
ရတတ်သည်။ကျန်သည့်အရပ်ငါးမျိုးတွင်တောင်ပို့ပေါက်ပါကစည်းစိမ်ဥစ္စာကြီးပွားတိုးတက်ချမ်းသာမည်ဟုဆိုလိုပေသည်မကောင်းသောအရပ်တွင်တောင်ပို့ပေါက်လျှင်မည်သို့
ပြုလုပ်ရမည်ကိုရှေးဗေဒကဝိတို့ကယတြာထားခဲ့ကြသည်။၎င်းယတြာမှာမိမိအိမ်သောက်ရေအိုးထဲမှရေကိုခပ်၍မကောင်းသောဘေးအန္တရာယ်များပပျောက်ပါဟေုဆုတောင်း
ကာပေါက်လာသည့်တောင်ပို့ပေါ်သို့နောက်ပြန်လောင်းရပေမည်။နေအိမ်(သို့မဟုတ်)ခြံဝင်းထဲ၌တောင်ပို့ပေါက်ပါကအမှုမဲ့အမှတ်မဲ့မနေဘဲကောင်းကျိုးလား၊မကောင်းကျိုးလား
ဆိုသည်ကိုအထက်ပါလင်္ကာအရဆန်းစစ်ကာမကောင်းကျိုးဖြစ်ပါကယတြာချေရုံသာရှိပါတော့သတည်းဝင်းဇော်သုံးဆယ်ရွှေပေါက်ဆိန်ဂျာနယ်အတွဲ(၃)၊အမှတ်၆၀တွင်ဖေါ်ပြပြီးဖြစ်ပါသည်)
credit
Zawgyi

ေနအိမ္ေအာက္တြင္ေတာင္ပို႔ေပါက္သည့္အခါတခ်ိဳ႕လူမ်ားကအိမ္ကိုဖ်က္ဆီးမည္ဟုသေဘာထားကာေတာင္ပို႔ကိုတူးဆြဖယ္ထုတ္ပစ္လိုက္ၾကသည္တခ်ိဳ႕လူမ်ားကေတာ့
ေကာင္းက်ိဳးေပးမည့္အရာဟုသေဘာထားၿပီးရာဇမတ္ေလးဖက္ေလးတန္ကာ၍တံခြန္၊ကုကၠား၊မုေလးပြားမ်ားစိုက္၊အေမႊးနံ႔သာမ်ားပက္ဖ်န္းၾကသည္ဖေယာင္းတိုင္၊အေမႊးတိုင္မ်ားကို
အဆက္မျပတ္ထြန္းညႇိပူေဇာ္ထားၾကသည္ေတာင္ပို႔ကတစ္စထက္တစ္စျမင့္တက္လာရာအိမ္ကဆင့္တန္းျဖဳတ္၊ခင္းထားေသာပ်ဥ္ခ်ပ္မ်ားကို ခြာပစ္ရသည္အထိယုံၾကည္ကိုးစားစြာ
ျဖင့္႐ိုေသစြာထားၾကသည္ကိုလည္းေတြ႕ဖူးသည္။ညီငယ္ေလးပမာခင္မင္ရေသာသက္ကိုကသူ၏အိမ္ေအာက္တြင္ေတာင္ပို႔ေပါက္လာသည့္အခါအဆိုပါေတာင္ပို႔ကိုသည္အတိုင္းပဲထား
ရမည္လား၊ေတာင္ပို႔ကို ၿဖိဳခ်ပစ္ရမည္လားဟုေမးခဲ့ဖူးပါသည္မ်ားစြာေသာလူတို႔သည္အိမ္ထဲသို႔မဟုတ္ၿခံဝင္းထဲ၌ေတာင္ပို႔ေပါက္လာလွ်င္ေကာင္းသည္ဟုသာထင္မွတ္ၾကေလ
သည္ေရွးလူႀကီးသူမတို႔ကမူေကာင္းက်ိဳး၏ေရွ႕ေျပးျဖစ္ေသာေတာင္ပို႔ေပါက္မႈႏွင့္မေကာင္းက်ိဳး၏ေရွ႕ေျပးျဖစ္ေသာေတာင္ပို႔ေပါက္မႈဟူ၍ႏွစ္မ်ိဳးရွိေၾကာင္းဆိုခဲ့ၾကေပသည္
ေရွးလူႀကီးသူမတို႔သည္အၾကားအျမင္၊ ဗဟုသုတရင့္က်က္ၾကသူမ်ားပီပီေနာင္လာေနာက္သားတို႔ေတာင္ပို႔ေပါက္ျခင္းႏွင့္ပတ္သက္၍ေကာင္းျခင္းဆိုးျခင္းကိုသိျမင္မွတ္သားလိုက္နာ
ေဆာင္႐ြက္ႏိုင္ေစရန္ကဗ်ာလကၤာမ်ားစပ္ဆို ထားခဲ့ေပသည၎လကၤာမွာ၁အေရွ႕ေတာင္ခြင္၊ေတာင္ပို႔ထင္၊မီးလွ်င္ေလာင္တတ္စြ၂အေနာက္ေပါက္ျငား၊ေအာက္လူမ်ားနာ
ဖ်ားေဘးဒဏ္ရ၃အေနာက္ေတာင္တြင္၊ေတာင္ပို႔ျမင္၊သူလွ်င္ ခိုးတတ္လွ၊၄ၾကင္းငါးရပ္မွာ၊ေပါက္ေရာက္လာ၊မွန္စြာခ်မ္းၾကည္ျမ၊၅မေကာင္းရပ္ေန၊ေပါက္လာေပ၊ေ႐ႊရည္ေလာင္း
ေလၾက၊၆။ဤသို႔ယၾတာ၊ျပဳေသာခါ၊ေရာဂါရန္ကြယ္ဟူ၍ျဖစ္သည္။အ႒လဂ္ခြင္အရအရပ္ရွစ္ပါးရွိရာ၁အေရွ႕ေျမာက္အရပ္၊၂အေရွ႕အရပ္၊၃အေရွ႕ေတာင္အရပ္၊၄ေတာင္အရပ္၊
၅အေနာက္ေတာင္အရပ္၊၆အေနာက္အရပ္၊၇အေနာက္
ေျမာက္အရပ္၊၈ေျမာက္အရပ္ဟူ၍ျဖစ္ေလသည္အိမ္အတြင္း၊ၿခံဝင္းအတြင္းေတာင္ပို႔ေပါက္ေသာအရပ္သည္မည္သည့္
အရပ္၌ျဖစ္သည္ကိုတိက်စြာသတ္မွတ္ရပါမည္။ေရွးလူႀကီးသူမတို႔မိန႔္ဆိုခဲ့ေသာကဗ်ာလကၤာအရေတာင္ပို႔ေပါက္ေသာအရပ္သည္အေရွ႕ေတာင္ေထာင့္အရပ္ျဖစ္ပါကအိမ္ကို
မီးေလာင္တတ္သည္အေနာက္အရပ္တြင္ျဖစ္ပါကလူငယ္လူ႐ြယ္မ်ားနာဖ်ားတတ္သည္။ေဘးရန္သင့္တတ္သည္အေနာက္ေတာင္အရပ္တြင္ျဖစ္ပါကေနအိမ္တြင္သူခိုးခိုးခံ
ရတတ္သည္။က်န္သည့္အရပ္ငါးမ်ိဳးတြင္ေတာင္ပို႔ေပါက္ပါကစည္းစိမ္ဥစၥာႀကီးပြားတိုးတက္ခ်မ္းသာမည္ဟုဆိုလိုေပသည္မေကာင္းေသာအရပ္တြင္ေတာင္ပို႔ေပါက္လွ်င္မည္သို႔
ျပဳလုပ္ရမည္ကိုေရွးေဗဒကဝိတို႔ကယၾတာထားခဲ့ၾကသည္။၎ယၾတာမွာမိမိအိမ္ေသာက္ေရအိုးထဲမွေရကိုခပ္၍မေကာင္းေသာေဘးအႏၲရာယ္မ်ားပေပ်ာက္ပါေဟုဆုေတာင္း
ကာေပါက္လာသည့္ေတာင္ပို႔ေပၚသို႔ေနာက္ျပန္ေလာင္းရေပမည္။ေနအိမ္(သို႔မဟုတ္)ၿခံဝင္းထဲ၌ေတာင္ပို႔ေပါက္ပါကအမႈမဲ့အမွတ္မဲ့မေနဘဲေကာင္းက်ိဳးလား၊မေကာင္းက်ိဳးလား
ဆိုသည္ကိုအထက္ပါလကၤာအရဆန္းစစ္ကာမေကာင္းက်ိဳးျဖစ္ပါကယၾတာေခ်႐ုံသာရွိပါေတာ့သတည္းဝင္းေဇာ္သုံးဆယ္ေ႐ႊေပါက္ဆိန္ဂ်ာနယ္အတြဲ(၃)၊အမွတ္၆၀တြင္ေဖၚျပၿပီးျဖစ္ပါသည္)
credit



