မိုးေလ၀သ

မြန်မာနိုင်ငံသို့ ဝင်ရောက်တော့မယ့် အားကောင်းတဲ့ Typhoon မုန်တိုင်း

မြန်မာနိုင်ငံသို့ ဝင်ရောက်တော့မယ့် အားကောင်းတဲ့ Typhoon မုန်တိုင်း

“ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်ဘက် တောင်တရုတ်ပင်လယ်ပြင်တွင်(18W)CONSON အမည်ရTyphoon မုန်တိုင်းဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသို့ဦးတည်ရွေလျားနေ”

၉.၉.၂၀၂၁ နံနက် ၁၀ နာရီ ၀၉ မိနစ်

အပတ်စဉ်ခန့်မှန်းချက်မှာ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းအပြောင်းအလဲမရှိ ဖိလစ်ပိုင်နိုင်ငံရဲ့အနောက်ဘက်

ဗီယက်နမ်နိုင်ငံရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်​ပြင်တွင် (18W)CONSON အမည်ရမုန်တိုင်းဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသို့ဦးတည်ရွေလျားနေတာကိုတွေ့ရပါတယ်။

မုန်တိုင်းအန္တရယ်မရှိပါ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို လေပွေလှိုင်းများအဖြစ်နဲ့မိုးရွာသွန်းနိုင်တာလောက်ပဲ ဖြစ်နိုင်ပါတယ်။

ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းရဲ့အခြေအနေကတော့…

JTWCရဲ့ ယနေ့မြန်မာစံတော်ချိန် နံနက် ၆နာရီ၃ဝမိနစ်အချိန်တိုင်းထွာချက်များအရ Center pressureမှာ”1000hpa”ဖြစ်ပြီး အနောက်မြောက်ဘက်ကို၁နာရီ၁ဝမိုင်နှုန်းဖြင့် မြန်မာနိုင်ငံရှိရာဘက်သို့ ဦးတည်ရွေ့လျားနေပါတယ်။

အဆိုပါ Typhoon မုန်တိုင်းဟာဆက်လက်အားကောင်းလာကာ နောက်၂ရက်အတွင်း အားအလွန်ကောင်းသော Typhoon မုန်တိုင်းဖြစ်သို့ရောက်ရှိလာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်ရှိထားပါတယ်ခင်ဗျာ ။

Update သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြသွားပါမည် ခင်ဗျာ။

wai phyo han











wai phyo han