အခ်စ္နွင့္ဘဝ

သူ လွလို႔ ခ်စ္တယ္ဆိုရင္ သူ႔ အလွေတြ ပ်က္သြားရင္ေရာ မင္း ခ်စ္ဦးမွာလား…

၁။ သူ႔ အၿပဳံးကို သေဘာက်လို႔ ခ်စ္တယ္ဆိုရင္… သူ႔အၿပဳံးေတြ ေပ်ာက္ကြယ္သြားရင္ေရာ မင္း ခ်စ္ဦးမွာလား။

၂။ သူ႔ သြားေလးေတြ ညီညာလို႔ ခ်စ္တယ္ဆိုရင္… သူ႔သြားေတြ က်ိဳးကုန္ရင္ေရာ မင္း ခ်စ္ဦးမွာလား။

၃။ သူ႔ ဆံႏြယ္ေလးေတြ ေၾကာ့ရွင္းလို႔ ခ်စ္တယ္ဆိုရင္…သူ ဆံပင္ေတြျဖဴၿပီး တစ္ေခါင္းလုံး ရွင္းသြားရင္ေရာ မင္း ခ်စ္ဦးမွာလား။

၄။ သူ ပိန္လို႔ခ်စ္တယ္ဆိုရင္… သူ ၀ လာရင္ေရာ မင္း ခ်စ္ဦးမွာလား။

၅။ သူ ေတာင့္တင္း ႀကံ့ခိုင္လို႔ ခ်စ္တယ္ ဆိုရင္… သူ အိပ္ရာထဲ ဘုန္းဘုန္းလဲခဲ့ ရင္ေရာ မင္း ခ်စ္ဦးမွာလား။

၆။ သူ ႐ိုးသားလို႔ခ်စ္တယ္ဆိုရင္…သူ လွည့္စားခဲ့ရင္ေရာ မင္း ခ်စ္ဦးမွာလား။

၇။ သူ ဉာဏ္ေကာင္းလို႔ ခ်စ္တယ္ဆိုရင္… သူ မွတ္ဉာဏ္ေတြ ခ်ိဳ႕ယြင္းသြားတဲ့အ႐ြယ္မွာေရာ မင္း ခ်စ္ဦးမွာလား။

၈။ သူ႔အသားေရ လွလို႔ ခ်စ္တယ္ဆိုရင္….သူ ပါးေရ နားေရ တြန႔္သြားရင္ေရာ မင္း ခ်စ္ဦးမွာလား။

၉။ သူ႔စကားသံေတြ ခ်ိဳသာလို႔ ခ်စ္တယ္ဆိုရင္… သူ ဗ်စ္ေတာက္ဗ်စ္ေတာက္ လုပ္ရင္ေရာ မင္း ခ်စ္ဦးမွာလား။

၁၀။ သူ႔ရဲ႕ဥစၥာ စည္းစိမ္ကို ခ်စ္တယ္ဆိုရင္…. သူ ပိုင္ဆိုင္မႈေတြ တစ္ခုမွ မရွိေတာ့ရင္ေရာ မင္းခ်စ္ဦးမွာလား။

၁၁။ သူ႔ မ်က္ဝန္းေတြ ညႇိဳ႕အား ျပင္းလို႔ ခ်စ္တယ္ဆိုရင္…. သူ႔ မ်က္လုံးကြယ္သြားရင္ေရာ မင္း ခ်စ္ဦးမွာလား။

၁၂။ သူ႔ အသံေလးကို သေဘာက်လို႔ ခ်စ္တယ္ဆိုရင္… သူ႔ အသံေတြ တုန္ယင္သြားရင္ေရာ မင္း ခ်စ္ဦးမွာလား။

ဒါေတြ အားလုံး မခ်စ္ေတာ့ဘူးဆိုတဲ့အေျဖထြက္လာရင္ေတာ့…. မင္း သူ႔ကို တကယ္ ခ်စ္တာ မဟုတ္ဘူးေလ။ မင္း ကိုယ္ မင္း ညာေန

တာပါ။ ဒီလို ဆိုရင္ေတာ့

သူ႔ကို ခ်စ္တယ္လို႔ မေျပာထိုက္ပါဘူး။ ခ်စ္တယ္ဆိုတာ တာဝန္တစ္ခုပဲမဟုတ္လား။

ဒီတာဝန္ကို ယူႏိုင္မွ မင္း သူ႔ရဲ႕ ႏွလုံးသားကို တို႔ထိၿပီး ခ်စ္တာလို႔ သူ႔အေနနဲ႔ ယုံၾကည္ႏိုင္မွာေလ။

အခ်စ္စစ္ ဆိုတာ တကယ္ေတာ့ သူ႔ရဲ႕လက္ရွိ ပိုင္ဆိုင္တဲ့အေနအထားကို ခ်စ္တာမဟုတ္ပဲ သူ႔ရဲ႕ႏွလုံးသားကို တို႔ထိၿပီး ခ်စ္တာပါပဲ။

[ Unicode ]

၁။ သူ့ အပြုံးကို သဘောကျလို့ ချစ်တယ်ဆိုရင်… သူ့အပြုံးတွေ ပျောက်ကွယ်သွားရင်ရော မင်း ချစ်ဦးမှာလား။

၂။ သူ့ သွားလေးတွေ ညီညာလို့ ချစ်တယ်ဆိုရင်… သူ့သွားတွေ ကျိုးကုန်ရင်ရော မင်း ချစ်ဦးမှာလား။

၃။ သူ့ ဆံနွယ်လေးတွေ ကြော့ရှင်းလို့ ချစ်တယ်ဆိုရင်…သူ ဆံပင်တွေဖြူပြီး တစ်ခေါင်းလုံး ရှင်းသွားရင်ရော မင်း ချစ်ဦးမှာလား။

၄။ သူ ပိန်လို့ချစ်တယ်ဆိုရင်… သူ ၀ လာရင်ရော မင်း ချစ်ဦးမှာလား။

၅။ သူ တောင့်တင်း ကြံ့ခိုင်လို့ ချစ်တယ် ဆိုရင်… သူ အိပ်ရာထဲ ဘုန်းဘုန်းလဲခဲ့ ရင်ရော မင်း ချစ်ဦးမှာလား။

၆။ သူ ရိုးသားလို့ချစ်တယ်ဆိုရင်…သူ လှည့်စားခဲ့ရင်ရော မင်း ချစ်ဦးမှာလား။

၇။ သူ ဉာဏ်ကောင်းလို့ ချစ်တယ်ဆိုရင်… သူ မှတ်ဉာဏ်တွေ ချို့ယွင်းသွားတဲ့အရွယ်မှာရော မင်း ချစ်ဦးမှာလား။

၈။ သူ့အသားရေ လှလို့ ချစ်တယ်ဆိုရင်….သူ ပါးရေ နားရေ တွန့်သွားရင်ရော မင်း ချစ်ဦးမှာလား။

၉။ သူ့စကားသံတွေ ချိုသာလို့ ချစ်တယ်ဆိုရင်… သူ ဗျစ်တောက်ဗျစ်တောက် လုပ်ရင်ရော မင်း ချစ်ဦးမှာလား။

၁၀။ သူ့ရဲ့ဥစ္စာ စည်းစိမ်ကို ချစ်တယ်ဆိုရင်…. သူ ပိုင်ဆိုင်မှုတွေ တစ်ခုမှ မရှိတော့ရင်ရော မင်းချစ်ဦးမှာလား။

၁၁။ သူ့ မျက်ဝန်းတွေ ညှို့အား ပြင်းလို့ ချစ်တယ်ဆိုရင်…. သူ့ မျက်လုံးကွယ်သွားရင်ရော မင်း ချစ်ဦးမှာလား။

၁၂။ သူ့ အသံလေးကို သဘောကျလို့ ချစ်တယ်ဆိုရင်… သူ့ အသံတွေ တုန်ယင်သွားရင်ရော မင်း ချစ်ဦးမှာလား။

ဒါတွေ အားလုံး မချစ်တော့ဘူးဆိုတဲ့အဖြေထွက်လာရင်တော့…. မင်း သူ့ကို တကယ် ချစ်တာ မဟုတ်ဘူးလေ။ မင်း ကိုယ် မင်း ညာနေတာပါ။ ဒီလို ဆိုရင်တော့

သူ့ကို ချစ်တယ်လို့ မပြောထိုက်ပါဘူး။ ချစ်တယ်ဆိုတာ တာဝန်တစ်ခုပဲမဟုတ်လား။

ဒီတာဝန်ကို ယူနိုင်မှ မင်း သူ့ရဲ့ နှလုံးသားကို တို့ထိပြီး ချစ်တာလို့ သူ့အနေနဲ့ ယုံကြည်နိုင်မှာလေ။

အချစ်စစ် ဆိုတာ တကယ်တော့ သူ့ရဲ့လက်ရှိ ပိုင်ဆိုင်တဲ့အနေအထားကို ချစ်တာမဟုတ်ပဲ သူ့ရဲ့နှလုံးသားကို တို့ထိပြီး ချစ်တာပါပဲ။

Ref; rsgoals