PhyuPhyuHtwe
unicode
ဖြူဖြူထွေးဆိုတာ လွန်ခဲ့တဲ့အချိန်အနည်းငယ်ကမှ အကဗီဒီယိုလေးတွေ၊ဟာသဗီဒီယိုလေးတွေနဲ့ နာမည်ကျော်ကြားလာပြီး ပရိသတ်တွေရင်ထဲဝင်ရောက်လာတဲ့ အနုုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အင်တာဗျူးတွေဖြေရင် ပွင့်ပွင့်လင်းလင်းဟက်ဟက်ပက်ပက်ဖြေတတ်တဲ့ ဖြူဖြူထွေးကိုချစ်တဲ့ပရိသတ်တွေက အခိုင်အမာရှိနေတာဖြစ်ပြီးဖြူဖြူထွေးရဲ့
အနုပညာကိုတခဲနက်အားပေးတဲ့သူတွေကလည်း မြန်မာနို်င်ငံရဲ့နယ်ဘက်တွေမှာပါရှိနေတာပါ။ ဖေ့စ်ဘုတ်လူမှုကွန်ယက် စာမျက်နှာကနေ ပရိသတ်တွေသိခဲ့တဲ့ ဖြူဖြူထွေးက ဖေ့စ်ဘုတ်ကနေ သူမကို မရရင်သေတော့မယ်လို့ပြောလာသူတွေလည်း ရှိတယ်လို့ ရင်ဖွင့် လာပါတယ်။
ဖြူဖြူထွေးက သူမ ကိုဖေ့စ်ဘုတ်က တစ်ဆင့် ချစ်ခွင့်ပန်သူတွေ များပြားတဲ့အကြောင်းနဲ့ပတ်သက်ပြီး“သူတို့ကြိုက်တယ်ဆိုတာကလည်း ဖေ့စ်ဘုတ်ကနေကြိုက်တာလေ။ ဖေ့စ်ဘုတ်ပေါ်မှာ မဖြူထွေးကိုမရရင်တော့ သေတော့မယ်ပေါ့။ အဲလိုမျိုးတွေပြောတဲ့သူတွေလည်းရှိတာပဲ။ ဒါပေမယ့် တကယ်မှမဟုတ်တာ။
ကိုယ်ကသူ့ကိုကြည့်ပြီးတော့ တကယ်စဉ်းစားမယ်ဆိုပြီး ကြည့်လည်းကြည့်လိုက်ရော In relationship ဆိုပြီးတော့၊ ဟာ ဝမ်းသာပါတယ်။ ကြည်နူးပါတယ်။ ပစ်တိုင်းလွဲမဟုတ်ပါဘူး။ မပစ်ရသေးဘူး။ သူကလာလာပြောတော့ အာရုံတွေနောက်လို့။ ကိုယ့်ကိုမကြိုက်တဲ့သူများပါတယ်။ ညီမလိုအနေအထားမျိုးကို
တချို့လူတွေကထင်လိမ့်မယ် ကြိုက်တဲ့သူတွေလည်းရှိမှာပါ။ ဝှက်ထားတာပဲဖြစ်မယ် ဆိုပြီးတော့ ထင်ကြတယ်။ ညီမကိုကျတော့ ဘယ်ယောကျ်ားလေးမှ ကြိုက်ကို မကြိုက်တာ။ သူတို့ကြိုက်တာက ဆံပင်ရှည်လေးတွေ တည်တည်ငြိမ်ငြိမ်လေးတွေ ကြိုက်ကြတယ်။ ကိုယ်နဲ့ကကျတော့ ပုံစံမတူလို့ မကြိုက်တာများပါတယ်။ ကိုယ့်ရဲ့ဟာသပုံလေးတွေကိုပဲကြိုက်ကျတာပါ။” လို့ သူမကပြောပြခဲ့ပါတယ်။
သိုက်ကလာတာ ယောကျ်ားယူလို့မရဘူးနော်။ ရည်းစားမထားရဘူးလို့ အမေကခဏခဏပြောတယ် ဆိုတဲ့ ဖြူဖြူထွေး
PhyuPhyuHtwe