မိဘတွေရဲ့ ၎င်းတို့သားသမီးတွေအတွက် ထားရှိတဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာတွေဟာ ဘယ်သောအရာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ ထိုချစ်ခြင်းမေတ္တာဟာ မည်သည့်အရာကိုမဆိုဖြတ်ကျော်နိုင်ပြီး စိန်ခေါ်မှုများဟာ ဤဘ၀ တွင် အဖေများရဲ့သားသမီးများကိုပေးစွမ်းနိုင်တဲ့အကြီးမြတ်ဆုံးသောမေတ္တာကိုလောင်ကျွမ်းစေတဲ့ဓာတ်ကူပစ္စည်းများသာဖြစ်ပါတယ်။ အောက်ပါဇာတ်လမ်းသည်၎င်းအတွက်ပြီးပြည့်စုံသောဥပမာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက Janette Odon အမည်ရှိ netizen တစ်ဦးဟာ သူ၏ဖျားနာနေသောကလေးများနှင့်အတူ ဖခင်တစ်ဦးရဲ့ဝမ်းနည်းငိုကြွေးနေခဲ့တဲ့ဓာတ်ပုံကို ပြန်လည်မျှဝေခဲ့ပေးခဲ့ပါတယ်။ Janette က သူမဟာ အဖျားရှိသည့် သားလေးတစ်ဦး နှင့် ဦး နှောက်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ သမီးလေးတို့အား ပြုစုပေးနေတဲ့အဆိုပါဖခင်တို့နှင့်အတူကားတစ်စီးထဲတွင် ရှိနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပူပင်သောကရောက်နေတဲ့အဖေဟာ ဆက်တိုက်ငိုကြွေးနေခဲ့ပြီး ၎င်းတို့သားအဖသုံးယောက်အား အိမ်ပြန်ပို့ပေးနိုင်မဲ့မျှော်လင့်ချက်ကြောင့် ပတ်ဝန်းကျင်ကလူတွေဆီကအကူအညီ လှမ်းတောင်းခံနေခဲ့ပါတယ်။ ကျေးဇူးတင်စွာနဲ့ ခရီးသည်အချို့ကလည်း ၎င်းတို့ရဲ့ကြင်နာမှုကိုပြခဲ့ပြီး အဆိုပါဖခင်အား ငွေအနည်းငယ်ပေးကမ်းခဲ့ကြပါတယ်။
အဆိုပါဖခင်ကမျှဝေခဲ့သည့်အတိုင်း သူဟာ မိသားစုငွေကြေးပြဿနာကိုကူညီဖြေရှင်းပေးနိုင်သောအလုပ်တစ်ခုရှိရန် အလွန်အရေးကြီးကြောင်းသိသော်လည်း သူ့ရဲ့ဇနီးသည်ဟာ ၎င်းတို့သားအဖ သုံးယောက်ကိုထားခဲ့တာကြောင့် သူက သားသမီးများကို မပစ်ထားချင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ၎င်းအဖေနဲ့သူ့ကလေးတွေရဲ့ဇာတ်လမ်းကို Facebook page တစ်ခုဖြစ်တဲ့ Tagalog မှာအဖြစ်အပျက်ရဲ့အနှစ်ချုပ်ကို ပြန်လည်ဖော်ပြထားပါတယ်။
အဖေဖြစ်သူဟာ ၎င်းတို့သားအဖသုံးယောက်က Cogeo မြို့ရှိနေအိမ်သို့ပြန်ရန် မျှော်လင့်နေခဲ့ပြီး သူဟာ မျက်ရည်များစီးကျကာ အခြားခရီးသည်များထံအကူအညီတောင်းခံနေခဲ့ပါတယ်။
၎င်းတို့ဟာ ကားခကလွှဲရင် Cogeo မြို့သို့ပြန်ဖို့ ပိုက်ဆံတပြားတချပ်မှမရှိနေပါဘူး။ မဟုတ်ရင် ၎င်းတို့က နောက်ထပ် ၆ လထပ်စောင့်ရဦးမှာမို့ ထို့အချိန်မှာ ချက်ချင်း အိမ်ပြန်ဖို့လည်း လိုနေခဲ့ပါတယ်။ လူတွေရဲ့မျက်နှာသာတွေတောင်းနေချိန်မှာ သူဟာ ဖျားနေတဲ့သူ့သားအကြောင်းကိုလည်း ပြောပြနေခဲ့ပါတယ်။ ”ဟု ထိုကဲ့သို့ဖော်ပြထားခဲ့ပါတယ်။
ထို့နောက် စိတ်ဆင်းရဲနေရတဲ့ အဆိုပါဖခင်က မိန်းမဖြစ်သူက သူနဲ့သူတို့ကလေးတွေကို ၂၀၁၈ ခုနှစ်မှာ ထားသွားခဲ့ကြောင်း၊ အဲဒီအချိန်ကစပြီး သူဟာ တစ်ကိုယ်တည်း ဆက်လက်ကာ ကလေးတွေကိုပြုစုပျိုးထောင်ပေးနိုင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
သူဖြစ်ချင်တဲ့တစ်ခုအရာက သူ့ဆွေမျိုးသားချင်းတွေရှိတဲ့ နေအိမ်ကိုသာ ပြန်သွားချင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ထို့နောက် Janette Odon အပါအဝင် ကျောင်းသားများ ၊ အမေများနှင့် အခြားခရီးသည်များက သူ့အား ငွေကြေးအချို့ထောက်ပံ့ပေးခဲ့ပြီး သူ့ရဲ့ကိစ္စများကို ရက်အနည်းငယ်အတွင်း လျင်မြန်စွာ ဖြေရှင်းနိုင်ရန်အတွက်လည်း မျှော်လင့်နေခဲ့ကြရပါတယ်။ ခရီးသည်များရဲ့သေးငယ်တဲ့အထောက်အပံ့များက အဆိုပါဖခင်အတွက် အသုံးဝင်စေသလို တစ်စုံတစ်ယောက်ကလည်း အဆိုပါသားအဖသုံးယောက်အား အပြည့်အဝကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
Mia (Mckzone Daily)
Mia (Mckzone Daily)