နဂါးမွန္းသိေအာင္ အေမာက္ ေထာင္ျပျခင္း..
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
NUG ကခုခံကာကြယ္စစ္ တျပည္လုံး ဆင္ႏြဲရန္ ေၾက ျငာလိုက္ၿပီးေနာက္ အားလုံး လႈပ္လႈပ္ ခါခါ ျဖစ္လာၾကပါတ
ယ္.. အားလုံးဆိုတဲ့အထဲ စကစတို႔ တသိုက္တင္မကဘဲ ကမာၻ႔နိုင္ငံ အသီးသီးက သက္ဆိုင္ရာ ပုဂၢိဳလ္ အဖြဲ႕ အစည္းတို႔ကို
လည္း ဆိုလိုပါတယ္…
ေၾကျငာခ်ိန္ဟာလည္း ကုလသမဂၢ အေထြေထြညီလာခံမတိုင္ခင္ Credential Committee ၾကားနားမႈ႕မစခင္ တပ
တ္အလိုမွာ ျဖစ္ပါတယ္..သူတို႔ဆုံးျဖတ္ရင္ စဥ္းစားမယ့္ အေျခခံ အခ်က္ေတြျဖစ္တဲ့ အမ်ားဆႏၵနဲ႕ေ႐ြးခ်ယ္ခံရျခင္း ျ
ပည္သူလူထုကို အကာအကြယ္ေပးနိုင္ျခင္း စသျဖင့္ အခ်က္ေတြနဲ႕ မျပည္စုံဘဲ ကြၽန္ေတာ္တို႔ဘက္က အစစ အရာ
ရာ သာပါတယ္…
သို႔ေပမယ့္ စကစမွာ ရွိေနတဲ့ တခုတည္းေသာ Defecto Power ကို ေတာ္လွန္ေရး အင္အားစုေတြသုံးၿပီး စိန္ေ
ခၚလိုက္ျခင္းျဖစ္တဲ့အတြက္ နယ္ေျမစိုးမိုးမႈ႕ တကယ္ေကာ ရရဲ႕လားလို႔ ကုလသမဂၢမွာ အႀကိတ္ အန
ယ္ေျပာဆိုၾကရေတာ့မွာ ျဖစ္ပါတယ္…
အဲဒီအျပင္ အာစီယံကိုယ္စားလွယ္ရဲ႕ အပစ္ရပ္ ၄ လ ေၾကျငာၿပီး ေနာက္တေန႕မွာတင္ျဖစ္ပါတယ္.. ဒါတင္မက ၿမိဳ႕ႀ
ကီးေတြမွာ ညစဥ္ ရမ္သမ္းဖမ္းၿပီး နိပ္စက္သတ္ျဖတ္ နယ္ဘက္ေတြမွာ ေန႕စဥ္ ႐ြာမီးရွို႔ ုေနမႈ႕ေတြ ရပ္တန႔္ေ
အာင္ လက္ဦးမႈ႕ အရယူၿပီး ဂီယာခ်ိန္းလိုက္တဲ့အတြက္ အရွိန္ေလွ်ာ့သြားပါတယ္. အခုဆို ထိုးစစ္ကေန ခံစစ္ အသြင္ေျ
ပာင္းထားပါၿပီ….
အေမရိကန္နဲ႕ ၿဗိတိန္အပါအဝင္ အေနာက္နိုင္ငံမ်ားက လက္နက္ကိုင္လမ္းစဥ္ကို လက္မခံတဲ့ သူတို႔မူအတိုင္း ဒီမိုကေရစီေရး ၿငိ
မ္းခ်မ္းစြာ ေစ့စပ္ညွိႏွိုင္းတာကို ႀကိဳ ဆိုပါတယ္လို႔ ေဖၚျပသြားပါတယ္..သံတမန္ေရး စကားအရဆိုရင္
Condemn တို႔ Concern တို႔ Reject တို႔လို စကားလုံး အလတ္စားနဲ႕ အျပင္းစား ေတြမသုံးဘဲ သူအားေပးတာ
လက္နက္ကိုင္လမ္းစဥ္ မဟုတ္ေၾကာင္းသာ တဖက္လွည့္ စကားလုံးေတြနဲ႕ ျငင္ျငင္သာသာ ေဖၚျပသြားၾကပါတ
ယ္…
အာစီယံမွာလည္း ျမန္မာ့အေရးနဲ႕ ပတ္သက္ၿပီး သူတို႔လုပ္ရပ္ေတြ ျပန္သုံးသပ္နိုင္ဖို႔ အခ်က္ေပး သံေခ်ာင္း ေခါက္လို
က္တာပါ..NUG ကို ေဆြးေႏြးပြဲေတြမွာမဖိတ္သလို အပစ္ရပ္ကိစၥကိုလည္း စကစကိုေျပာၿပီး သေဘာတူမွ NUG
တို႔လို စကစ ဆန႔္က်င္သူမ်ားကို တဆင့္ခံ အေၾကာင္းၾကားတာဟာ တဆင့္နိမ့္ဆက္ဆံတဲ့ ပုံစံခ်ိဴးထားတာပါ….
အဲဒါေၾကာင့္ အခုေၾကျငာခ်က္ဟာ ျပည္သူ မပါရင္ ဘာမွ လုပ္လို႔ မရဘူးဆိုတာ ျပလိုက္တဲ့သေဘာလည္းျဖစ္သြား
လို႔ မေလးရွားနိုင္ငံျခားေရးဝန္ႀကိးက အာစီယံရဲ႕ က်ဆဳံးမႈ႕ျဖစ္တယ္လို႔ ဝန္ခံသြားပါတယ္…ထူးျခားစြာဘဲ ႐ုရွားနိုင္ငံျ
ခားေရး ဝန္ႀကီးကလည္း ျမန္မာနိုင္ငံအေရး အာစီယံကို ကူညီမယ္လို႔ ကိုယ္စားလွယ္ဆီ ဆက္သြယ္လာပါသတဲ့…
ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ် Erivan Yusof (ပုံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန)
လက္နက္ေရာင္းေကာင္းေအာင္ Marketing ဝင္တာျဖစ္သလို ျမန္မာ့အေရးကို ေပၚေပၚထင္ထင္ ဝင္ေရာက္လာတဲ့
ပထမ ဦးဆုံးေသာ အျဖစ္အပ်က္လည္း ျဖစ္ပါတယ္.. (အဲဒါ တ႐ုတ္ႀကီးေၾကာက္တဲ့ ကိစၥထဲက တခုပါ.)တ႐ုတ္ျပည္က သ
တင္းစာတေစာင္မွာ အေနာက္ နိုင္ငံေတြဟာ ျပည္တြင္းစစ္ျဖစ္ဖို႔ NLD ကိုျမႇောက္ေပးေနတယ္ ဒါေပမယ့္ စစ္
တပ္ကို ယွဥ္လို႔မရပါဘူးလို႔ ေရးထားတယ္….
ဒါေပမယ့္တ႐ုတ္အစိုးရကေတာ့္ NLD ပါတီကကိုယ္ စားလွယ္ေတြကို တ႐ုတ္ျပည္ ကြန္ျမဴနစ္ ပါတီ အ စည္းအေဝး
မွာ တက္ေရာက္နိုင္ဖို႔ အထိ ဖိတ္ၾကားထားေၾကာင္း သိရပါတယ္ သူတို႔ရဲ႕ အရင္အယူအဆျဖစ္တဲ့ အားသာတဲ့ သူနဲ႕
ဆက္အလုပ္လုပ္ေက်းဆိုတဲ့ ေပတံနဲ႕ဆို ဖယ္ထားလို႔ မရေတာ့ေၾကာင္း ေပၚလြင္တယ္သူက လူလည္ဆိုေတာ့ ခြ ခ်က္ခ်က္
ထားတာေပါ့…
ယဥ္ေက်းတဲ့ လူေဘာင္အဖြဲ႕ အစည္းလို႔ ေျပာေပမယ့္ ေတာရိုင္းဥပေဒသလို အားႀကိးမွ ေနရာေပးၿပီး
အားနဲရင္ ေခ်ာင္ထိုးထားေလ့ရွိတဲ့ သက္ေသပါဘဲ.. ျပည္သူ႕အင္အား ဒီထက္ျပလာနိုင္တာနဲ႕တကြ စကစ အေျခ အေန ဒီ
ထက္ဆိုးလာပါလိမ့္မယ္..အခ်ိဳ႕သုံးသပ္သူမ်ားက NUG အေနနဲ႕ D Day ေၾကျငာဖို႔ ဒီထက္ အဆင္သင့္ျဖစ္ေအာင္ ျပ
င္ဆင္သင့္တယ္..
တခ်ိဳ႕က်ေတာ့လည္း မစေသးဘူးလား ေနာက္က်ေနၿပီနဲ႕ အယူအဆမ်ိဴးစုံ ရွိခဲ့ၾကပါတယ္.. ကြၽန္ေတာ္ကေတာ့
Right Timing လို႔ ယူဆပါတယ္.. Cube ေတာ္လွန္ေရးေခါင္းကိုင္ႀကီး Che Guevara ေျပာဘူးပါတယ္.. ေ
တာ္လွန္ေရးကို အဆင္သင့္ျဖစ္ေအာင္ ေစာင့္ေနတာထက္ ေတာ္လွန္ေနရင္းနဲ႕ကို အဆင့္သင့္ ျဖစ္ေအာင္ ျ
ပင္ဆင္ သြားပါ…တဲ့…
အေရးေတာ္ပုံ ေအာင္ရမည္..…ဝင္းဗိုလ္..2021
ယူနီကုဒ်ဖြင့် ဖတ်ရန်
နဂါးမှန်းသိအောင် အမောက် ထောင်ပြခြင်း..
NUG ကခုခံကာကွယ်စစ် တပြည်လုံး ဆင်နွဲရန် ကြေ ငြာလိုက်ပြီးနောက် အားလုံး လှုပ်လှုပ် ခါခါ ဖြစ်လာကြပါတယ်..
အားလုံးဆိုတဲ့အထဲ စကစတို့ တသိုက်တင်မကဘဲ ကမ္ဘာ့နိုင်ငံ အသီးသီးက သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့ အစည်းတို့ကိုလည်း
ဆိုလိုပါတယ်…
ကြေငြာချိန်ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်ခင် Credential Committee ကြားနားမှု့မစခင် တပတ်အလို
မှာ ဖြစ်ပါတယ်..သူတို့ဆုံးဖြတ်ရင် စဉ်းစားမယ့် အခြေခံ အချက်တွေဖြစ်တဲ့ အများဆန္ဒနဲ့ရွေးချယ်ခံရခြင်း ပြည်သူလူထုကို
အကာအကွယ်ပေးနိုင်ခြင်း စသဖြင့် အချက်တွေနဲ့ မပြည်စုံဘဲ ကျွန်တော်တို့ဘက်က အစစ အရာရာ သာပါတယ်…
သို့ပေမယ့် စကစမှာ ရှိနေတဲ့ တခုတည်းသော Defecto Power ကို တော်လှန်ရေး အင်အားစုတွေသုံးပြီး စိန်ခေါ်လိုက်ခြင်း
ဖြစ်တဲ့အတွက် နယ်မြေစိုးမိုးမှု့ တကယ်ကော ရရဲ့လားလို့ ကုလသမဂ္ဂမှာ အကြိတ် အနယ်ပြောဆိုကြရတော့မှာ ဖြစ်ပါ
တယ်…
အဲဒီအပြင် အာစီယံကိုယ်စားလှယ်ရဲ့ အပစ်ရပ် ၄ လ ကြေငြာပြီး နောက်တနေ့မှာတင်ဖြစ်ပါတယ်.. ဒါတင်မက မြို့ကြီးတွေ
မှာ ညစဉ် ရမ်သမ်းဖမ်းပြီး နိပ်စက်သတ်ဖြတ် နယ်ဘက်တွေမှာ နေ့စဉ် ရွာမီးရှို့ ုနေမှု့တွေ ရပ်တန့်အောင် လက်ဦးမှု့ အရယူ
ပြီး ဂီယာချိန်းလိုက်တဲ့အတွက် အရှိန်လျှော့သွားပါတယ်. အခုဆို ထိုးစစ်ကနေ ခံစစ် အသွင်ပြောင်းထားပါပြီ….
အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက လက်နက်ကိုင်လမ်းစဉ်ကို လက်မခံတဲ့ သူတို့မူအတိုင်း ဒီမိုကရေစီ
ရေး ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းတာကို ကြို ဆိုပါတယ်လို့ ဖေါ်ပြသွားပါတယ်..သံတမန်ရေး စကားအရဆိုရင် Condemn
တို့ Concern တို့ Reject တို့လို စကားလုံး အလတ်စားနဲ့ အပြင်းစား တွေမသုံးဘဲ သူအားပေးတာ လက်နက်ကိုင်လမ်းစဉ်
မဟုတ်ကြောင်းသာ တဖက်လှည့် စကားလုံးတွေနဲ့ ငြင်ငြင်သာသာ ဖေါ်ပြသွားကြပါတယ်…
အာစီယံမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သူတို့လုပ်ရပ်တွေ ပြန်သုံးသပ်နိုင်ဖို့ အချက်ပေး သံချောင်း ခေါက်လိုက်တာ
ပါ..NUG ကို ဆွေးနွေးပွဲတွေမှာမဖိတ်သလို အပစ်ရပ်ကိစ္စကိုလည်း စကစကိုပြောပြီး သဘောတူမှ NUG တို့လို စကစ
ဆန့်ကျင်သူများကို တဆင့်ခံ အကြောင်းကြားတာဟာ တဆင့်နိမ့်ဆက်ဆံတဲ့ ပုံစံချိူးထားတာပါ….
အဲဒါကြောင့် အခုကြေငြာချက်ဟာ ပြည်သူ မပါရင် ဘာမှ လုပ်လို့ မရဘူးဆိုတာ ပြလိုက်တဲ့သဘောလည်းဖြစ်သွားလို့ မ
လေးရှားနိုင်ငံခြားရေးဝန်ကြိးက အာစီယံရဲ့ ကျဆုံးမှု့ဖြစ်တယ်လို့ ဝန်ခံသွားပါတယ်…ထူးခြားစွာဘဲ ရုရှားနိုင်ငံခြားရေး
ဝန်ကြီးကလည်း မြန်မာနိုင်ငံအရေး အာစီယံကို ကူညီမယ်လို့ ကိုယ်စားလှယ်ဆီ ဆက်သွယ်လာပါသတဲ့…
လက်နက်ရောင်းကောင်းအောင် Marketing ဝင်တာဖြစ်သလို မြန်မာ့အရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာတဲ့ ပထမ
ဦးဆုံးသော အဖြစ်အပျက်လည်း ဖြစ်ပါတယ်.. (အဲဒါ တရုတ်ကြီးကြောက်တဲ့ ကိစ္စထဲက တခုပါ.)တရုတ်ပြည်က
သတင်းစာတစောင်မှာ အနောက် နိုင်ငံတွေဟာ ပြည်တွင်းစစ်ဖြစ်ဖို့ NLD ကိုမြှောက်ပေးနေတယ် ဒါပေမယ့် စစ်တပ်ကို
ယှဉ်လို့မရပါဘူးလို့ ရေးထားတယ်….
ဒါပေမယ့်တရုတ်အစိုးရကတော့် NLD ပါတီကကိုယ် စားလှယ်တွေကို တရုတ်ပြည် ကွန်မြူနစ် ပါတီ အ စည်းအဝေးမှာ
တက်ရောက်နိုင်ဖို့ အထိ ဖိတ်ကြားထားကြောင်း သိရပါတယ် သူတို့ရဲ့ အရင်အယူအဆဖြစ်တဲ့ အားသာတဲ့ သူနဲ့ ဆက်
အလုပ်လုပ်ကျေးဆိုတဲ့ ပေတံနဲ့ဆို ဖယ်ထားလို့ မရတော့ကြောင်း ပေါ်လွင်တယ်သူက လူလည်ဆိုတော့ ခွ ချက်ချက်ထား
တာပေါ့…
ယဉ်ကျေးတဲ့ လူဘောင်အဖွဲ့ အစည်းလို့ ပြောပေမယ့် တောရိုင်းဥပဒေသလို အားကြိးမှ နေရာပေးပြီး အားနဲရင် ချောင်ထိုး
ထားလေ့ရှိတဲ့ သက်သေပါဘဲ.. ပြည်သူ့အင်အား ဒီထက်ပြလာနိုင်တာနဲ့တကွ စကစ အခြေ အနေ ဒီထက်ဆိုးလာပါလိမ့်
မယ်..အချို့သုံးသပ်သူများက NUG အနေနဲ့ D Day ကြေငြာဖို့ ဒီထက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်သင့်တယ်..
တချို့ကျတော့လည်း မစသေးဘူးလား နောက်ကျနေပြီနဲ့ အယူအဆမျိူးစုံ ရှိခဲ့ကြပါတယ်.. ကျွန်တော်ကတော့ Right
Timing လို့ ယူဆပါတယ်.. Cube တော်လှန်ရေးခေါင်းကိုင်ကြီး Che Guevara ပြောဘူးပါတယ်.. တော်လှန်ရေးကို
အဆင်သင့်ဖြစ်အောင် စောင့်နေတာထက် တော်လှန်နေရင်းနဲ့ကို အဆင့်သင့် ဖြစ်အောင် ပြင်ဆင် သွားပါ…တဲ့…
အရေးတော်ပုံ အောင်ရမည်..…ဝင်းဗိုလ်..2021