🌟မကြာခင် တိုက်ပွဲ ခေါ်သံ ကြားရပါမည်။တိုက်ပွဲ စတင်ရင် စကစမှ
မီးဖြတ် .ရေဖြတ် ..ရိက္ခာ ဖြတ် … လမ်းပမ်းဆက်သွယ်ရေးဖြတ် …တယ်လီဖုံးလိုင်း ဖြတ် စသည်တို့ လုပ်လာပါမယ်။
မီးဖြတ်ပါက ကြိုတင်ကာကွယ်ရန် —-
မီးသွေး၊ ဂတ်မီးဖိုနဲ့ဂတ်များ၊ ဖယောင်းတိုင်၊ ဓါတ်မီးနဲ့ဓါတ်ခဲများ ဆောင်ထားကြပါ။
မီးစက် တက်နိုင်ပါက ဝယ်ယူထားပါ။
ရေဖြတ် ခဲ့သော် —
ရေကို အချိန်တိုင်း ရသလောက် ဆောင်ထားပါ။
ရေကို သောက်ရေ၊ ထမင်းချက် အတွက်ပဲ သုံးပါ။
ရေအရမ်းချိုးချင်လျှင် ရေပတ်ပဲတိုက်ပါ။
မိမိ အနီးအနားမှ အိမ်နီးနားချင်း တွေ အတွက် သောက်ရေ ဝေမျှပေးပါ။ခြံနဲ့ နေတဲ့သူတွေ မီးစက်၊ရေမော်တာ နဲ့
လောင်စာဆီ ဆောင်ထားပါ။
ရိက္ခာအတွက် —ကြာရှည်ခံပြီး အလွယ်တကူ ချက်ပြုတ်လို့ ရတာ သိမ်းစည်းထားပါ။
လုံခြုံရေး
တံခါးအလွယ်တကူ ဖွင့်လို့ မရအောင် သော့များများ ခတ်ထားပါ။တတ်နိုင်လျှင် သံပန်း တပ်ထားပါ။အိမ်ထဲမှ နေပြီး
တံခါးမဖွင့်ဘဲ အပြင်အခြေအနေ၊ အိမ်အရှေ့ ကြည့်လို့ရအောင် စီမံထားပါ။
နောက်ဘေးမှ အရေးပေါ် ထွက်ပြေးနိုင်အောင် အရေးပေါ် လှေကား ပြုပြင်မွန်းမံထားပါ။
♂️ခြံနဲ့နေသူများ အရေးပေါ်အခြေအနေမှာ ခြံနောက်ကနေ ထွက်နိုင်အောင် အိမ်နီးနားချင်းတွေနဲ့ တိုင်ပင်ထားပါ။
♂️အိမ်နီးနားချင်းတွေနဲ့ ဆက်သွယ်လို့ ရအောင် ဘယ်သူမှ မသိနိုင်တဲ့ တံခါးခေါက် ပုံစံ မျိုးလုပ်ထားပါ။
ကာကွယ်ရေး PDF တွေကို ကူညီပါ။စခ လမ်းကြောင်း ထောက်လှမ်း ပြီးသတင်းပေးပါ။PDF တွေ ပုန်းခိုဖို့၊ ရိက္ခာ၊
သောက်သုံးရေ လိုအပ်ပါက တတ်နိုင်သလောက်ပေးပါ။
ဆေးဝါး၊ ဆေးပစ္စည်းမဖြစ်မနေ ဆောင်ထားပါ။မိမိ အသုံးမလိုသော်လည်း လိုအပ်သူကို ပေးနိုင်သည်။အထူးသတိ ပေး
ချက်
သေနက်သံ၊ ဗုံးသံ ကြားလျှင် —
ကြောက်အား လန့်အားနဲ့ အပြင်ကို ပြေးထွက် ခြင်း မလုပ်ပါနဲ့။အပြင်အခြေအနေ ကြည့်ချင်ပါက အကာအကွယ် တခု ယူ
ပြီး ကြည့်ပါ။မိမိ ချောင်းမြောင်းကြည့်ရှူ တာကို စခ တွေ မမြင်ပါစေနဲ့။
မိမိ အိမ်တွင်းမှာ နေထိုင်ခြင်းသည်သာ အလုံခြုံဆုံး ဖြစ်သည်။မိမိ အိမ်ထဲကို စခတွေ ဝင်ရောက်ဖို့ တံခါးခေါက်လျှင် –
မိမိမှာ သေနက်မရှိလျှင် –ခုခံခြင်း မပြုပါ။
လောက်လေးခွ၊ ဓါးတို့နဲ့ တိုက်ခိုက်ခြင်း မပြုပါနဲ့။သေနက်ကိုင်ထားသူကို လက်ရုံးနဲ့ တိုက်ခိုက်တာ မိမိအပြင် မိသားစုပါ
အသက် အန္တရာယ် ရှိပါတယ်။
တံခါး လုံးဝ မဖွင့်ပေးပါနဲ့၊အိမ်ထဲမှာ လူရှိကြောင်း အသံမပြုပါနဲ့။စခတွေ အိမ်ထဲ မလာခင် အထက်က ပြောသလို အိမ်
နောက်ဖေးပေါက်ကနေ တိတ်တဆိပ် ထွက်ပြေးပါ။
အိမ်နောက်ဖေးကနေ အိမ်နီးနားချင်း အိမ်တစ်အိမ်ဆီကို တံခါးခေါက် အမှတ်အသား ပြုပြီး ရှောင်တိမ်းပါ။မှတ်ချက်။ ။
တံခါးခေါက်ရင် ဖွင့်ပေးမယ် ဆိုတဲ့ အကြံပေးသူတွေ ရှိမှာပါ။
တကယ်လို့ တံခါး ဖွင့်ပေးခဲ့သော်–မိမိကို ဓါးစာခံ အနေနဲ့ ခေါ်နိုင်တယ် တိုက်ပွဲ ဖြစ်ရာ နေရာမှာ ပေါ်တာဆွဲနိုင်တယ်
မိသားစုထဲမှာ လူငယ်ယောက်ျားရှိပါက PDF လို့ သတ်မှတ်ပြီး သတ်ပြစ်နိုင်သည်။ နှိပ်စက်နိုင်သည်။
ဒဏ်ရာဖြင့် စခ အိမ်ရှေ့ရောက်လာခဲ့သော် သေနက်၊ ခဲယမ်းပစ္စည်း အရင်သိမ်းပါ။အိမ်ထဲခေါ်ပြီး လက်ပြန်ကြိုးတုတ်၊
ပါးစပ် အသံမထွက်အောင် အဝတ်စ ပါးစပ်ထဲ ထည့်ပြီး တိတ်နဲ့ စည်းပါ။
ဒဏ်ရာကို ကုသပေးပါ။ရန်သူအားအင်ကြီးလျှင် မိမိကို အန္တရာယ်ပြုနိုင်လို့ အင်အားနည်းအောင်ထားပါ။(အစားအစာ၊
ရေ မသေရုံကြွေးပါ၊ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်)
မိသားစုမှ အလှည့်ကျ ခပ်ခွာခွာမှ နေပြီး အလှည့်နဲ့ စောင့်ကြည့်ပါ။လွတ်မြောက်နယ်မြေ ဖြစ်ရင် PDF လက်ထဲ ထည့်ပါ။
သတင်: အချက်အလက်
ဓါတ်ခဲသုံး Radio ကနေ သတင်းနားဆင်ပါ။ ရရှိတဲ့ သတင်းကို ပတ်ဝန်းကျင်ကို ဝေမျှပါ။ဘယ်ဒေသ၊ ဘယ်ရပ်ကွက်၊
ဘယ်မြို့၊ ဘယ်တိုင်း တွေ လွတ်မြောက်နယ်မြေ ဖြစ်လာပြီ ဆိုတာ နေ့စဉ်နှင့် အမျှ ကြားရပါလိမ့်မယ်
လွတ်မြောက်နယ်မြေ ဖြစ်တဲ့ နယ်မြေဟာ မိမိတို့နေရာနဲ့ အနီးမှာဆိုရင် မကြာခင် မိမိတို့ လွတ်မြောက်တော့မယ် ဆိုတဲ့
အသိနဲ့ ဝမ်းမြောက်ပါ။လုံးဝ စိတ်ဓါတ် မကျပါနဲ့။
နှစ်ပေါင်း ၆၀ ကျော် အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ အသက်တွေ ပေးလှူကြရအုံးမယ်အခက်အခဲ
တွေ အများကြီး ဖြစ်မယ်။
ဒီတခါ နွေဦးတော်လှန်ရေးဟာ ထာဝရ ငြိမ်းချမ်းရေး ၊ အာဏာရှင် အမြစ်ဖျက်ရေး ဖြစ်လို့ ဒီလို အခက်အခဲတွေကို ကျော်
ဖြတ်ရမယ် ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်ရမှာပါ။
လိုအပ်မူ ရှိရင်လဲ ထည့်ဖြည့်ပါ။
————————–
🌟မၾကာခင္ တိုက္ပြဲ ေခၚသံ ၾကားရပါမည္။တိုက္ပြဲ စတင္ရင္ စကစမွ
မီးျဖတ္ .ေရျဖတ္ ..ရိကၡာ ျဖတ္ … လမ္းပမ္းဆက္သြယ္ေရးျဖတ္ …တယ္လီဖုံးလိုင္း ျဖတ္ စသည္တို႔ လုပ္လာပါမယ္။
မီးျဖတ္ပါက ႀကိဳတင္ကာကြယ္ရန္ —-
မီးေသြး၊ ဂတ္မီးဖိုနဲ႔ဂတ္မ်ား၊ ဖေယာင္းတိုင္၊ ဓါတ္မီးနဲ႔ဓါတ္ခဲမ်ား ေဆာင္ထားၾကပါ။
မီးစက္ တက္ႏိုင္ပါက ဝယ္ယူထားပါ။
ေရျဖတ္ ခဲ့ေသာ္ —
ေရကို အခ်ိန္တိုင္း ရသေလာက္ ေဆာင္ထားပါ။
ေရကို ေသာက္ေရ၊ ထမင္းခ်က္ အတြက္ပဲ သုံးပါ။
ေရအရမ္းခ်ိဳးခ်င္လွ်င္ ေရပတ္ပဲတိုက္ပါ။
မိမိ အနီးအနားမွ အိမ္နီးနားခ်င္း ေတြ အတြက္ ေသာက္ေရ ေဝမွ်ေပးပါ။ၿခံနဲ႔ ေနတဲ့သူေတြ မီးစက္၊ေရေမာ္တာ နဲ႔ ေလာင္
စာဆီ ေဆာင္ထားပါ။
ရိကၡာအတြက္ —ၾကာရွည္ခံၿပီး အလြယ္တကူ ခ်က္ျပဳတ္လို႔ ရတာ သိမ္းစည္းထားပါ။
လုံၿခဳံေရး
တံခါးအလြယ္တကူ ဖြင့္လို႔ မရေအာင္ ေသာ့မ်ားမ်ား ခတ္ထားပါ။တတ္ႏိုင္လွ်င္ သံပန္း တပ္ထားပါ။အိမ္ထဲမွ ေနၿပီး တံခါးမ
ဖြင့္ဘဲ အျပင္အေျခအေန၊ အိမ္အေရွ႕ ၾကည့္လို႔ရေအာင္ စီမံထားပါ။
ေနာက္ေဘးမွ အေရးေပၚ ထြက္ေျပးႏိုင္ေအာင္ အေရးေပၚ ေလွကား ျပဳျပင္မြန္းမံထားပါ။
♂️ၿခံနဲ႔ေနသူမ်ား အေရးေပၚအေျခအေနမွာ ၿခံေနာက္ကေန ထြက္ႏိုင္ေအာင္ အိမ္နီးနားခ်င္းေတြနဲ႔ တိုင္ပင္ထားပါ။
♂️အိမ္နီးနားခ်င္းေတြနဲ႔ ဆက္သြယ္လို႔ ရေအာင္ ဘယ္သူမွ မသိႏိုင္တဲ့ တံခါးေခါက္ ပုံစံ မ်ိဳးလုပ္ထားပါ။
ကာကြယ္ေရး PDF ေတြကို ကူညီပါ။စခ လမ္းေၾကာင္း ေထာက္လွမ္း ၿပီးသတင္းေပးပါ။PDF ေတြ ပုန္းခိုဖို႔၊ ရိကၡာ၊ ေသာက္
သုံးေရ လိုအပ္ပါက တတ္ႏိုင္သေလာက္ေပးပါ။
ေဆးဝါး၊ ေဆးပစၥည္းမျဖစ္မေန ေဆာင္ထားပါ။မိမိ အသုံးမလိုေသာ္လည္း လိုအပ္သူကို ေပးႏိုင္သည္။အထူးသတိ ေပးခ်
က္
ေသနက္သံ၊ ဗုံးသံ ၾကားလွ်င္ —
ေၾကာက္အား လန႔္အားနဲ႔ အျပင္ကို ေျပးထြက္ ျခင္း မလုပ္ပါနဲ႔။အျပင္အေျခအေန ၾကည့္ခ်င္ပါက အကာအကြယ္ တခု ယူၿ
ပီး ၾကည့္ပါ။မိမိ ေခ်ာင္းေျမာင္းၾကည့္ရႉ တာကို စခ ေတြ မျမင္ပါေစနဲ႔။
မိမိ အိမ္တြင္းမွာ ေနထိုင္ျခင္းသည္သာ အလုံၿခဳံဆုံး ျဖစ္သည္။မိမိ အိမ္ထဲကို စခေတြ ဝင္ေရာက္ဖို႔ တံခါးေခါက္လွ်င္ –မိမိ
မွာ ေသနက္မရွိလွ်င္ –ခုခံျခင္း မျပဳပါ။
ေလာက္ေလးခြ၊ ဓါးတို႔နဲ႔ တိုက္ခိုက္ျခင္း မျပဳပါနဲ႔။ေသနက္ကိုင္ထားသူကို လက္႐ုံးနဲ႔ တိုက္ခိုက္တာ မိမိအျပင္ မိသားစုပါ အ
သက္ အႏၲရာယ္ ရွိပါတယ္။
တံခါး လုံးဝ မဖြင့္ေပးပါနဲ႔၊အိမ္ထဲမွာ လူရွိေၾကာင္း အသံမျပဳပါနဲ႔။စခေတြ အိမ္ထဲ မလာခင္ အထက္က ေျပာသလို အိမ္ေနာ
က္ေဖးေပါက္ကေန တိတ္တဆိပ္ ထြက္ေျပးပါ။
အိမ္ေနာက္ေဖးကေန အိမ္နီးနားခ်င္း အိမ္တစ္အိမ္ဆီကို တံခါးေခါက္ အမွတ္အသား ျပဳၿပီး ေရွာင္တိမ္းပါ။မွတ္ခ်က္။ ။ တံ
ခါးေခါက္ရင္ ဖြင့္ေပးမယ္ ဆိုတဲ့ အႀကံေပးသူေတြ ရွိမွာပါ။
တကယ္လို႔ တံခါး ဖြင့္ေပးခဲ့ေသာ္–မိမိကို ဓါးစာခံ အေနနဲ႔ ေခၚႏိုင္တယ္ တိုက္ပြဲ ျဖစ္ရာ ေနရာမွာ ေပၚတာဆြဲႏိုင္တယ္
မိသားစုထဲမွာ လူငယ္ေယာက္်ားရွိပါက PDF လို႔ သတ္မွတ္ၿပီး သတ္ျပစ္ႏိုင္သည္။ ႏွိပ္စက္ႏိုင္သည္။
ဒဏ္ရာျဖင့္ စခ အိမ္ေရွ႕ေရာက္လာခဲ့ေသာ္ ေသနက္၊ ခဲယမ္းပစၥည္း အရင္သိမ္းပါ။အိမ္ထဲေခၚၿပီး လက္ျပန္ႀကိဳးတုတ္၊ ပါးစ
ပ္ အသံမထြက္ေအာင္ အဝတ္စ ပါးစပ္ထဲ ထည့္ၿပီး တိတ္နဲ႔ စည္းပါ။
ဒဏ္ရာကို ကုသေပးပါ။ရန္သူအားအင္ႀကီးလွ်င္ မိမိကို အႏၲရာယ္ျပဳႏိုင္လို႔ အင္အားနည္းေအာင္ထားပါ။(အစားအစာ၊ေရ
မေသ႐ုံေႂကြးပါ၊ မိမိကိုယ္ကိုယ္ ကာကြယ္ရန္အတြက္)
မိသားစုမွ အလွည့္က် ခပ္ခြာခြာမွ ေနၿပီး အလွည့္နဲ႔ ေစာင့္ၾကည့္ပါ။လြတ္ေျမာက္နယ္ေျမ ျဖစ္ရင္ PDF လက္ထဲ ထည့္ပါ။
သတင္: အခ်က္အလက္
ဓါတ္ခဲသုံး Radio ကေန သတင္းနားဆင္ပါ။ ရရွိတဲ့ သတင္းကို ပတ္ဝန္းက်င္ကို ေဝမွ်ပါ။ဘယ္ေဒသ၊ ဘယ္ရပ္ကြက္၊ ဘ
ယ္ၿမိဳ႕၊ ဘယ္တိုင္း ေတြ လြတ္ေျမာက္နယ္ေျမ ျဖစ္လာၿပီ ဆိုတာ ေန႔စဥ္ႏွင့္ အမွ် ၾကားရပါလိမ့္မယ္
လြတ္ေျမာက္နယ္ေျမ ျဖစ္တဲ့ နယ္ေျမဟာ မိမိတို႔ေနရာနဲ႔ အနီးမွာဆိုရင္ မၾကာခင္ မိမိတို႔ လြတ္ေျမာက္ေတာ့မယ္ ဆိုတဲ့
အသိနဲ႔ ဝမ္းေျမာက္ပါ။လုံးဝ စိတ္ဓါတ္ မက်ပါနဲ႔။
ႏွစ္ေပါင္း ၆၀ ေက်ာ္ အျမစ္တြယ္ေနတဲ့ စစ္အာဏာရွင္ကို အျမစ္ဖ်က္ဖို႔ အသက္ေတြ ေပးလႉၾကရအုံးမယ္အခက္အခဲေတြ
အမ်ားႀကီး ျဖစ္မယ္။
ဒီတခါ ေႏြဦးေတာ္လွန္ေရးဟာ ထာဝရ ၿငိမ္းခ်မ္းေရး ၊ အာဏာရွင္ အျမစ္ဖ်က္ေရး ျဖစ္လို႔ ဒီလို အခက္အခဲေတြကို ေက်ာ္ျဖ
တ္ရမယ္ ဆိုရင္ေတာင္ ေက်ေက်နပ္နပ္ႀကီး ေက်ာ္ျဖတ္ရမွာပါ။
လိုအပ္မူ ရွိရင္လဲ ထည့္ျဖည့္ပါ။



