ငွေကိုဘယ်လိုထားမလဲ?
credit.ပါ..
Unicode Version
ငွေကိုဘယ်လိုထားမလဲ?
ငွေကို ပိုက်ဆံအိတ် အံဆွဲမီးခံသေတ္တာ စသည်မှာထားပါတယ် …ဒါပေမဲ့…ထားတဲ့နည်းစံနစ် လိုပါတယ်..
မိမိငွေ အဝင်များဖို့…အထွက်နည်းဖို့…လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့…
အဝင်ကောင်း သလိုအထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ..ဖုန်းရွှေFung Shui ပညာက အခုလိုအကြံပြုပါတယ်..
☘️၁☘️ကရဝေးရွက် နဲ့အတူထားပါ…အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ…ငွေပွားများ လာစေပါတယ်…
☘️၂ ☘️အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ..,
လာဘ်ပွင့်လန်းစေတဲ့အပြင်မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်….
☘️၃ ☘️ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ်အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ…
ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်…
☘️၄ ☘️ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေအတူထားပါ..ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်….
☘️၅ ☘️ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ….ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ…
☘️၆ ☘️ပိုက်ဆံအိတ်ထဲမှာငွေလုံးဝ မရှိတဲ့ အဖြစ်မျိုး မပြုမိပါစေနဲ့….ငွေကံ ညံ့သွားတတ်ပါတယ်…
☘️၇ ☘️ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ…ရော မထားပါနဲ့…
ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့…လာဘ်တိတ်ပါတယ်…
☘️၈ ☘️အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ်… အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့ သင့်ပါတယ်…
☘️၉ ☘️ဝင်ငွေကောင်း ငွေမြဲပြီးလာဘ်လာဘ ပွားများကြပါစေ…။
☘️၁၀ ☘️တားရော့ကတ် အနေနဲ့နံပါတ် ၁၇ The Star ကို အဆောင်အဖြစ် ထည့်ထားနိုင်ပါတယ်…။
credit.ပါ..