ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတာကိုတွက်ချက်ပြီး ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ကိစ္စတွေကို အတိအကျဟောကိန်းထုတ်လိုက်တဲ့ ဗေဒင်ဆရာမတစ်ဦး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယခုလက်ရှိမှာ နေအိမ်အကျယ်ချုပ်ဖြင့် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ(၁၉)ရက်နေ့ကပဲ အသက် (၇၆)နှစ်ပြည့်သွားခဲ့တဲ့ အမေစုက အရင်နှစ်တွေကလိုပြည်သူတွေနဲ့အတူ မရှိနိုင်ခဲ့ပေမယ့်လည်း ပြည်သူ့မေတ္တာကို ရရှိနေဆဲ ဖြစ်ပါတယ် ။
အခုလည်း မေတ္တာဖြင့် အခမဲ့ဗေဒင်ဟောပေးနေတဲ့ ဆရာမတစ်ဦးက အမေစုနဲ့ပတ်သက်ပြီးဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။
ဆရာမရဲ့ဟောကိန်းကို ပြည်သူတွေက အရမ်းစိတ်ဝင်စားနေကြပြီး ဟောစာတမ်းထဲကအတိုင်း ဖြစ်လာမလားဆိုတာကို သိချင်နေကြတာ ဖြစ်ပါတယ် ။
အမေစုရဲ့ဇာတာကိုတွက်ချက်ပြီး ထုတ်ပြန်ထားတဲ့ ဒီဟောကိန်းက သူမတစ်ယောက်တည်းရဲအဟောမဟုတ်ဘဲ ဆရာတွေရဲ့တွက်ချက်မှုတွေပါပါတဲ့ တူညီသောအဟောဖြစ်ကြောင်းဆရာမက ပြောထားပါသေးတယ်။
ဟောပြောချက်ထဲမှာတော့ အမေစုရဲ့ကံက (၇၆)နှစ်ပြည့်သွားကတည်းက ကောင်းသွားပြီဖြစ်တာကြောင့်“ဇွန်လကစပြီး (၄)လအတွင်း ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်”လို့ ပြောထားတာ တွေ့ရပါတယ်။
တိတိကျကျပြောရမယ်ဆိုရင် “(၇၆)နှစ်ကစပြီး (၈၇)နှစ်ထိ အရင်ကထက်ပိုကောင်းသွားပြီးပြည်သူတွေရဲ့ ချစ်ခင်ထောက်ပံ့မှုကိုလည်း ပိုရလာနိုင်တာ တွေ့ရပါတယ်။
(၈၇)နှစ်ထိဆက်တိုက် တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တာ တွေ့နေရပါတယ်။
နိုင်ငံတကာဆုတွေလည်း ရနိုင်တာကိုလည်း ထပ်တွေ့ရပါတယ်။
ဒါ့အပြင် (၉၉)နှစ်ထိ အသက်ရှည်စွာနေထိုင်နိုင်ပါလိမ့်မယ်။ ” ဆိုပြီး ဟောထားတာ ဖြစ်ပါတယ် ။
ထူးခြားတာတစ်ခုကတော့ အမေစုကို တရားကစောင့်ရှောက်သောသူလို့ ဆိုနိုင်တာကြောင့်အခုချိန်မှာ တရားလုပ်ခွင့်ရနေတာကလည်း သူမရဲ့ကံတရားကို ပိုကောင်းစေကြောင်းဆရာမက ပြောပြထားတာ ဖြစ်ပါတယ် ။
ပြည်သူတွေကတော့ ဆရာမရဲ့ဟောကိန်းအတိုင်းဖြစ်လာဖို့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
မအိပ်ခင်မှာ ဝမ်းသာစရာလေး ပြောပါရစေ။
ကြီးကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတာကိုလည်း တွက်ထားပြီးပါပြီ။
ကျမတစ်ဦးတည်းရဲ့ အဟောမဟုတ်ပါဘူး၊ ကျမ ဆရာတွေရဲ့ တွက်ချမှုတွေမှာ အားလုံးရဲ့တူညီသောအဟောဖြစ်ပါတယ်။
အမေစုဟာ ၇၆ ပြည့်သွားကတည်းက ကောင်းသွားပါပြီ။
ဇွန်လကစပြီး၄ လအတွင်း ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။
တိတိကျကျပြောရရင်တော့ ၇၆ နှစ်ကစပြီး ၈၇ နှစ်ထိ အရင်ကထက်ပိုကောင်းသွားပြီးပြည်သူတွေရဲ့ ချစ်ခင်ထောက်ပံ့မှုကိုလည်း ပိုရလာနိုင်တာ တွေ့ရပါတယ်။
၈၇ နှစ်ထိဆက်တိုက် တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တာ တွေ့နေရပါတယ်။
နိုင်ငံတကာ ဆုတွေလည်း ရနိုင်တာကိုလည်း ထပ်တွေ့ရပါတယ်။
ဒါ့အပြင် ၉၉ နှစ်ထိ အသက်ရှည်စွာနေထိုင်နိုင်ပါလိမ့်မယ်။
ကြီးကြီးရဲ့ ကံဇာတာမှာတော့ကြာသပတေးဟာကသစ်ဖြစ်တဲ့အတွက်ပြည်သူ့အတွက် ရှင်သန်သလို၊ ပြည်သူကရဲ့ ချစ်မေတ္တာ အထောက်အပံ့လည်း ရရှိတာတွေ့ရပါတယ်။
ပြည်သူအတွက် အမြဲတမ်း အလုပ်လုပ်နေမဲ့ ကံတရားမျိုးရှိနေတာ တွေ့ရပါတယ်။
အဲဒါကြောင့်လည်း ပြည်သူအတွက်ဆို ဘာမဆိုပေးဆပ်ရဲတာလို့ ဆိုရမလားပါပဲ။
ထူးခြားတာကတော့ တရားကစောင့်ရှောက်သော သူလို့ ဆိုနိုင်ပါတယ်။
ခုလိုအချိန်မှာ ကြီးကြီးအနေနဲ့တရားလုပ်ခွင့်ရနေတာကလည်း
ကြီးကြီးရဲ့ ကံတရားကိုပိုကောင်းစေတယ်လို့ ဆိုရမှာပါ။
ပြီးတော့ ချစ်သော သူများ ပြောပြချင်ပါတယ်။
မနက်ဖြန်အတွက်လည်း ဘာမှ တကူးတက အပင်ပန်းမခံကြပါနဲ့လို့သာ
မေတ္တာနဲ့ တိုက်တွန်းချင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ မအလရဲ့ ကံက ဘယ်လိုမှကို အဖတ်ဆယ်လို့မရလို့ပါ။
မွေးနေ့ကို အင်္ဂဝိဇ္ဖာနဲ့ တွက်ရင်ပဲ ဖြစ်ဖြစ် မကောင်းတာပဲ တွေ့နေရပါတယ်။
ရေးပြရင် မကောင်းလို့ကို မရေးချင်တော့တာပါ။
သူ့အခါပေးတွေကတော့ သူ့ကို ကြောက်ပြီး ဘယ်လို လိမ်နေသလဲ မသိဘူး ၊အမှန်တော့ ၆၅-၆၆ ဟာ အဆိုးဆုံးနှစ်တွေပါ၊ ၆၆ ဟာပိုဆိုးပါတယ်။
မအလရဲ့ ကံက ဘယ်လို ယတြာချေချေ မရတော့ပါဘူး။



