ဗဟုသုတ

“ေခြၽးမလုပ္သူေတြ ေယာကၡမ သေဘာက်တဲ့သူ ျဖစ္ခ်င္တယ္ဆိုရင္ ဒီအခ်က္ေတြသိထားရမယ္”

“ေခြၽးမလုပ္သူေတြ ေယာကၡမ သေဘာက်တဲ့သူ ျဖစ္ခ်င္တယ္ဆိုရင္ ဒီအခ်က္ေတြသိထားရမယ္”

ကိုယ္နဲ႔ေယာကၡမက အတူတူေနလို႔ပဲျဖစ္ျဖစ္၊ မေနလို႔ဘဲျဖစ္ျဖစ္ မေျပလည္ၾကရင္ကိုယ့္ရဲ႕ ခင္ပြန္းသည္ေရာ ကိုယ္ေရာစိတ္ညစ္ရပါတယ္။

လူေတြမွာ လိုအပ္တာက အေျပာခ်ိဳသာမႈပါပဲ။ အေျပာခ်ိဳရင္ အရာအားလုံးမွာ အဆင္မေျပဘူးဆိုတာထက္ ေျပလည္ၾကတာကပိုမ်ားပါတယ္။ ဘာပဲေျပာေျပာ ေျပလည္တာကေတာ့ အတိုင္းထက္အလြန္ေပ့ါေလ။

ဒီေတာ့ဘယ္လိုစကားေတြကို အဓိကထားေျပာရမလဲဆိုတာကိုပရိသတ္ႀကီး အတြက္ေဝမွ်ေပး လိုက္ပါတယ္။ ေယာကၡမနဲ႔ အဆင္ေျပၾကပါေစ။

၁။ ေမေမက ဘယ္ေတာ့ၾကည့္ၾကည့္ ႏုပ်ိဳလန္းဆန္းေနတာပဲဒီစကားတစ္ခြန္းက တကယ္ေတာ့ ဘယ္သူ႔ကိုေျပာေျပာ အေျပာခံရတဲ့ သူေတြက ေက်နပ္ သေဘာက်ၾကပါတယ္။

ေယာက်ၤားေျပာေျပာ မိန္းမေျပာေျပာ အားလုံးက ႀကိဳက္ၾကေပမဲ့၊ ကိုယ့္ေယာကၡမျဖစ္သူ ကိုေျပာေတာ့ မယ္ဆိုရင္ေတာ့အရမ္းႀကီး အကဲမပိုဖို႔လိုပါတယ္။ သူကဒီလိုက သက္သက္လာေျမႇာက္တယ္ မထင္ရေအာင္ ေျပာတတ္ဖို႔လိုပါတယ္။

ဥပမာ အေမရယ္ အေမ့ကိုဘယ္ေတာ့ၾကည့္ၾကည့္ လန္းဆန္းေနတာပဲ။ ခုေနသမီးနဲ႔သြားရင္ သမီးကေတာင္အိုတဲ့ ႐ုပ္ထြက္ေနတာ ကိုယ့္ကိုယ္ကိုေတာင္စိတ္ပ်က္ပါတယ္ ဆိုတာမ်ိဳးေလးေပ့ါ။

၂။ အေမ့လက္ရာက အရမ္းစားလို႔ေကာင္းတာပဲ ဒီစကားကေတာ့ စားဖိုမႉးတစ္ေယာက္နဲ႔ေတြ႕မိလို႔ သူ႔ကိုဒီစကားေလးေျပာၿပီး ခ်ီးက်ဴးေပးရင္ သူလည္း သေဘာက်ၿပီးေနာက္ ကိုကိုယ္လာရင္ေတာင္ ေကာင္းေကာင္းမြန္မြန္ ပိုထည့္ေပးဖို႔ဝန္ေလးမွာ မဟုတ္ပါဘူး။ ေနာက္ၿပီး သူမ်ားအိမ္မွာ ဧည့္သည္သြားလုပ္ရင္လည္း အမလက္ရာေလးကေကာင္းလိုက္တာ၊

ထမင္းဆိုင္ ထက္ေတာင္သာတယ္ဆိုတာ မ်ိဳးေလးခ်ီးက်ဴးလိုက္ရင္ ဘယ္သူမဆိုပီတိျဖစ္ပါပဲ။ ေယာကၡမ အိမ္ေရာက္လို႔ သူခ်က္ေပးတဲ့ဟင္းစားရင္ ဘယ္ေလာက္ပဲ အရသာမေကာင္းမေကာင္း အမႈအရာမပ်က္ပဲ ဒါေလးက ဘယ္လိုခ်က္ထားတာလဲ အရမ္းစားေကာင္းလို႔ အေမ့ဆီကလာသင္ရဦးမယ္ဆိုတာမ်ိဳး။

၃။ဘာပဲဝတ္ဝတ္ ၾကည့္ေကာင္းေနတာပဲဒီစကားကိုေတာ့ ေယာကၡမအက်ၤ ီ အသစ္ဝတ္တဲ့အခါမ်ိဳးေတြမွာ မသိလိုက္မသိဖါသာမေနပဲ အေမရယ္ ဘာပဲဝတ္ဝတ္ၾကည့္ေကာင္းလိုက္တာ။

သမီးတို႔မ်ားအဝတ္စားတစ္ခါေ႐ြးရင္ ပိန္ေအာင္၊ၾကည့္ေကာင္းေအာင္ မနည္းရွာဝတ္ရတာအေမတို႔က်ေတာ့ ကံေကာင္းလိုက္တာ ဘာဝတ္ဝတ္လွေနေတာ့တာပဲဆိုတာမ်ိဳးေလး။

၄။အေမ့ေျမးေတြက သူ႔အဘြားကိုပဲတစ္ခ်ိန္လုံးတေနတာပိတ္ရက္ေတြ ေယာကၡမအိမ္ကေလးေခၚ မသြားမိတာၾကာလာၿပီဆိုရင္ ေယာကၡမကေတာ့ က်ိန္းေသတင္းေနပါၿပီ။

အဲလို အခ်ိန္မ်ိဳးေတြဆို အိမ္အ၀၀င္တာနဲ႔ အထုတ္မခ်ခင္ အေမရယ္ အေမ့ေျမးေတြက ဘြားဘြားႀကီးဆီသြားမယ္ဆိုၿပီး

တစ္ခ်ိန္လုံးဂ်ီက်ေနတာ သူ႔အိမ္စာေတြနဲ႔ စာမၿပီးမွာစိုးလို႔ခုမွ အေမ့ဆီကိုလာရေတာ့တယ္။

သားတို႔ေနာ္ေနာက္ကို စာေကာင္းေကာင္းလုပ္၊ စာေတြၿပီးရင္ ဘြားဘြားႀကီးဆီကိုေမေမ အပတ္တိုင္းပို႔ေပးမယ္ဆိုတာမ်ိဳးေလး ေျပာလိုက္ေတာ့ေယာကၡမႀကီးလည္း စိတ္ေျပသြားတာေပ့ါေနာ္။

၅။ အေမေျပာတာလည္း ဟုတ္တာပဲဒီစကားကိုေတာ့ ေယာကၡမဘာပဲေျပာေျပာ တစ္ခုခုထင္ျမင္ခ်က္ေပးလို႔ပဲျဖစ္ျဖစ္ကိုယ္ကမေက်မနပ္ျဖစ္ေနရင္ေတာင္ အရင္ဦးဆုံးတုန႔္ျပန္တာမ်ိဳးမလုပ္ပဲ။

အေမေျပာေတာ့လည္း ဟုတ္ေနတာပဲ သမီးေတာင္မေတြးမိလိုက္ပါဘူး။ဒါေပမဲ့ သမီးကေတာ့ ဒီလိုမ်ိဳးစဥ္းစားထားတယ္ အေမလည္းဝိုင္းအႀကံေပးပါဦးဆိုၿပီး ေနာက္ဆက္တြဲစကားကို ၿပီးမွျဖည့္ေျပာေပးပါ။

၆။ အရမ္းဝယ္တတ္တာပဲေဈးဝယ္ျပန္လာတဲ့ ေယာကၡမျဖစ္သူကို သူဘာေလးပဲဝယ္လာဝယ္လာ ခ်ီးက်ဴးစကားေျပာေပးပါ။ ဥပမာ ဟင္း႐ြက္ေလးဝယ္လာ ရင္ေတာင္ အေမဝယ္တာေလးက လတ္လိုက္တာ သမီးဝယ္ရင္ဘယ္ေတာ့မွ အေမ့လိုေကာင္းေကာင္းကန္းကန္းမရတတ္ဘူး။ အေမဝယ္ရင္ကို ေဈးသည္ေတြက ပိုေပးခ်င္ေနေတာ့တာလားမသိဘူး ဆိုေတာ့

သူလည္းသေဘာက် ကိုယ္လည္းေဈးဝယ္ရ သက္သြားႏိုင္ တာေပ့ါ။

မွတ္ထားၾကေနာ္မတ္မတ္တို႔😊😊

Crd

Unicode

“ချွေးမလုပ်သူတွေ ယောက္ခမ သဘောကျတဲ့သူ ဖြစ်ချင်တယ်ဆိုရင် ဒီအချက်တွေသိထားရမယ်”

ကိုယ်နဲ့ယောက္ခမက အတူတူနေလို့ပဲဖြစ်ဖြစ်၊ မနေလို့ဘဲဖြစ်ဖြစ် မပြေလည်ကြရင်ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရောစိတ်ညစ်ရပါတယ်။

လူတွေမှာ လိုအပ်တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာကပိုများပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေ့ါလေ။

ဒီတော့ဘယ်လိုစကားတွေကို အဓိကထားပြောရမလဲဆိုတာကိုပရိသတ်ကြီး အတွက်ဝေမျှပေး လိုက်ပါတယ်။ ယောက္ခမနဲ့ အဆင်ပြေကြပါစေ။

၁။ မေမေက ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ကိုပြောပြော အပြောခံရတဲ့ သူတွေက ကျေနပ် သဘောကျကြပါတယ်။

ယောင်္ကျားပြောပြော မိန်းမပြောပြော အားလုံးက ကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့ မယ်ဆိုရင်တော့အရမ်းကြီး အကဲမပိုဖို့လိုပါတယ်။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။

ဥပမာ အမေရယ် အမေ့ကိုဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင်အိုတဲ့ ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင်စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေ့ါ။

၂။ အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကိုဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်း သဘောကျပြီးနောက်ကိုကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ဝန်လေးမှာ မဟုတ်ပါဘူး။ နောက်ပြီး သူများအိမ်မှာ ဧည့်သည်သွားလုပ်ရင်လည်း အမလက်ရာလေးကကောင်းလိုက်တာ၊

ထမင်းဆိုင် ထက်တောင်သာတယ်ဆိုတာ မျိုးလေးချီးကျူးလိုက်ရင် ဘယ်သူမဆိုပီတိဖြစ်ပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ဟင်းစားရင် ဘယ်လောက်ပဲ အရသာမကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထားတာလဲ အရမ်းစားကောင်းလို့ အမေ့ဆီကလာသင်ရဦးမယ်ဆိုတာမျိုး။

၃။ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲဒီစကားကိုတော့ ယောက္ခမအင်္ကျ ီ အသစ်ဝတ်တဲ့အခါမျိုးတွေမှာ မသိလိုက်မသိဖါသာမနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ။

သမီးတို့များအဝတ်စားတစ်ခါရွေးရင် ပိန်အောင်၊ကြည့်ကောင်းအောင် မနည်းရှာဝတ်ရတာအမေတို့ကျတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ်လှနေတော့တာပဲဆိုတာမျိုးလေး။

၄။အမေ့မြေးတွေက သူ့အဘွားကိုပဲတစ်ချိန်လုံးတနေတာပိတ်ရက်တွေ ယောက္ခမအိမ်ကလေးခေါ် မသွားမိတာကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေတင်းနေပါပြီ။

အဲလို အချိန်မျိုးတွေဆို အိမ်အ၀၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး

တစ်ချိန်လုံးဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ခုမှ အမေ့ဆီကိုလာရတော့တယ်။

သားတို့နော်နောက်ကို စာကောင်းကောင်းလုပ်၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကိုမေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာမျိုးလေး ပြောလိုက်တော့ယောက္ခမကြီးလည်း စိတ်ပြေသွားတာပေ့ါနော်။

၅။ အမေပြောတာလည်း ဟုတ်တာပဲဒီစကားကိုတော့ ယောက္ခမဘာပဲပြောပြော တစ်ခုခုထင်မြင်ချက်ပေးလို့ပဲဖြစ်ဖြစ်ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံးတုန့်ပြန်တာမျိုးမလုပ်ပဲ။

အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး။ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုးစဉ်းစားထားတယ် အမေလည်းဝိုင်းအကြံပေးပါဦးဆိုပြီး နောက်ဆက်တွဲစကားကို ပြီးမှဖြည့်ပြောပေးပါ။

၆။ အရမ်းဝယ်တတ်တာပဲဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူးစကားပြောပေးပါ။ ဥပမာ ဟင်းရွက်လေးဝယ်လာ ရင်တောင် အမေဝယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင်ဘယ်တော့မှ အမေ့လိုကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေဝယ်ရင်ကို ဈေးသည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ဆိုတော့

သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သွားနိုင် တာပေ့ါ။

မှတ်ထားကြနော်မတ်မတ်တို့😊😊

Crd