HomenewsElectrical Engineering ဘွဲ့ကို အသက် ၉ နှစ်နဲ့ ရရှိတော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေး
Electrical Engineering ဘွဲ့ကို အသက် ၉ နှစ်နဲ့ ရရှိတော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေး
တစ်ခါတရံမှာ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေက နယ်ပယ် တစ်ခုမှာ ပုံမှန်ထက် ထူးချွန်နေ တတ်ပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်လာပြီး “ငါ့ဘဝကြီးမှာ ဘာတွေ လုပ်ပြီးပြီလဲ ” လို့ တွေးမိတတ် ပါတယ်။
ဒါပေမယ့် လူတိုင်းက သူတို့ ကျင်လည်ရာ နယ်ပယ်မှာ အောင်မြင်အောင် ကြိုးစားတယ် ဆိုတာကိုတော့ လက်ခံရ မှာပါ။ ကိုယ့်မှာလည်း သူ မတူတဲ့ အရည်အချင်း တစ်ရပ်က အမြဲတမ်း ရှိပါတယ်။ နေရာတကာမှာ မအောင်မြင် လို့လည်း စိတ်ဓါတ်ကျစရာ မရှိပါဘူးနော်။
နယ်သာလန် နိုင်ငံက အသက် ၉ နှစ် အရွယ် ကလေးလေးက လာမယ့် ဒီဇင်ဘာလ ထဲမှာ Electrical Engineering ဘွဲ့ကို ရတော့မှာ ဖြစ်ပါတယ် ။ Laurent Simons ဆိုတဲ့ ကလေးလေးက Edinhoven နည်းပညာ တက္ကသိုလ်မှာ Electrical Engineering ပညာရပ်ကို သင်ယူခဲ့ ပါတယ်။
Laurent ရဲ့ အနာဂတ် အစီအစဉ်က အင်ဂျင်နီယာ ဘာသာရပ်မှာ Ph.D ဘွဲ့ အထိ ယူဖို့ စီစဉ်ထားပြီး ဆေးပညာရပ်နဲ့ ဆိုင်တဲ့ဘွဲ့ကိုလည်း ယူဦးမှာပါ။ Laurent ရဲ့ မွေးရာပါ ပါရမီကို သတိထားမိ သူတွေ ကတော့ အဘိုးနဲ့ အဘွားပါ။
အစ ကတော့ Laurent ရဲ့ မိဘတွေက Laurent ဉာဏ်ကောင်းတာကို အဘိုးအဘွားတွေက ချဲ့ကား ပြောတယ်လို့ ထင်နေကြ တာပါ ။ အဲဒီနောက်မှာတော့ Laurent ကို စမ်းသပ်မှုတွေ တစ်ခုပြီး တစ်ခု ပြုလုပ် ပါတယ်။ အဲဒီ စမ်းသပ်မှု တိုင်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။
အဲဒီနောက် မှာတော့ ဆရာ၊ ဆရာမတွေက Laurent ရဲ့ ထူးချွန်မှုတွေကို မိဘတွေကို ပြောပြခဲ့ပါတယ်။ Laurent ရဲ့ ဉာဏ် အလွန်ကောင်းနေမှုကို ဘယ်သူကမှ မသိခဲ့ကြ ပါဘူး။ ဒါပေမယ့် Laurent တို့ မိသားစုက ဆရာဝန်တွေပါ ။ သူ့ရဲ့အမေက Laurent ကို ကိုယ်ဝန်ဆောင်တုန်းက ငါးတွေ စားတယ်လို့ ပြောပါတယ်။
တဖက်မှာတော့ Laurent ကို ဖိအားတွေ မများစေဖို့ အတွက် ကစားချိန်တွေ ပေးထား ပါတယ်။ Laurent က သူရဲ့ခွေးလေးနဲ့ ကစားရတာ၊ ဖုန်းနဲ့ ဆော့ရတာကို သဘောကျကြောင်း ပြောပါတယ်။
သူ့ရဲ့ အိပ်မက်ကတော့ လူ့ခန္ဓါကိုယ်မှာ ချွတ်ယွင်းနေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုးဖို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အတုတွေ တီထွင်ဖို့ပါ။ နောက်ထပ် တက္ကသိုလ် ဆက်မတက်ခင် မှာတော့ ဂျပန်ကို အလည် သွားချင်တယ်လို့ Laurent က ပြောပါတယ်။
Zombie (Lovemedia)
Ref – worldofbuzz
for zawgyi
Electrical Engineering ဘြဲ႕ကို အသက္ ၉ ႏွစ္နဲ႔ ရရွိေတာ့မယ့္ ကမၻာ့အသက္အငယ္ဆုံး ကေလး
တစ္ခါတရံမွာ ကိုယ့္ထက္ အသက္ငယ္တဲ့ သူေတြက နယ္ပယ္ တစ္ခုမွာ ပုံမွန္ထက္ ထူးခြၽန္ေန တတ္ပါတယ္။ အဲဒီအခါ ကိုယ့္ကိုယ္ကို အားမလို အားမရ ျဖစ္လာၿပီး “ငါ့ဘဝႀကီးမွာ ဘာေတြ လုပ္ၿပီးၿပီလဲ ” လို႔ ေတြးမိတတ္ ပါတယ္။
ဒါေပမယ့္ လူတိုင္းက သူတို႔ က်င္လည္ရာ နယ္ပယ္မွာ ေအာင္ျမင္ေအာင္ ႀကိဳးစားတယ္ ဆိုတာကိုေတာ့ လက္ခံရ မွာပါ။ ကိုယ့္မွာလည္း သူ မတူတဲ့ အရည္အခ်င္း တစ္ရပ္က အၿမဲတမ္း ရွိပါတယ္။ ေနရာတကာမွာ မေအာင္ျမင္ လို႔လည္း စိတ္ဓါတ္က်စရာ မရွိပါဘူးေနာ္။
နယ္သာလန္ ႏိုင္ငံက အသက္ ၉ ႏွစ္ အ႐ြယ္ ကေလးေလးက လာမယ့္ ဒီဇင္ဘာလ ထဲမွာ Electrical Engineering ဘြဲ႕ကို ရေတာ့မွာ ျဖစ္ပါတယ္ ။ Laurent Simons ဆိုတဲ့ ကေလးေလးက Edinhoven နည္းပညာ တကၠသိုလ္မွာ Electrical Engineering ပညာရပ္ကို သင္ယူခဲ့ ပါတယ္။ Laurent ရဲ႕ အနာဂတ္ အစီအစဥ္က အင္ဂ်င္နီယာ ဘာသာရပ္မွာ Ph.D ဘြဲ႕ အထိ ယူဖို႔ စီစဥ္ထားၿပီး ေဆးပညာရပ္နဲ႔ ဆိုင္တဲ့ဘြဲ႕ကိုလည္း ယူဦးမွာပါ။
Laurent ရဲ႕ ေမြးရာပါ ပါရမီကို သတိထားမိ သူေတြ ကေတာ့ အဘိုးနဲ႔ အဘြားပါ။ အစ ကေတာ့ Laurent ရဲ႕ မိဘေတြက Laurent ဉာဏ္ေကာင္းတာကို အဘိုးအဘြားေတြက ခ်ဲ႕ကား ေျပာတယ္လို႔ ထင္ေနၾက တာပါ ။ အဲဒီေနာက္မွာေတာ့ Laurent ကို စမ္းသပ္မႈေတြ တစ္ခုၿပီး တစ္ခု ျပဳလုပ္ ပါတယ္။ အဲဒီ စမ္းသပ္မႈ တိုင္းကို ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္ခဲ့ပါတယ္။
အဲဒီေနာက္ မွာေတာ့ ဆရာ၊ ဆရာမေတြက Laurent ရဲ႕ ထူးခြၽန္မႈေတြကို မိဘေတြကို ေျပာျပခဲ့ပါတယ္။ Laurent ရဲ႕ ဉာဏ္ အလြန္ေကာင္းေနမႈကို ဘယ္သူကမွ မသိခဲ့ၾက ပါဘူး။ ဒါေပမယ့္ Laurent တို႔ မိသားစုက ဆရာဝန္ေတြပါ ။ သူ႔ရဲ႕အေမက Laurent ကို ကိုယ္ဝန္ေဆာင္တုန္းက ငါးေတြ စားတယ္လို႔ ေျပာပါတယ္။
တဖက္မွာေတာ့ Laurent ကို ဖိအားေတြ မမ်ားေစဖို႔ အတြက္ ကစားခ်ိန္ေတြ ေပးထား ပါတယ္။ Laurent က သူရဲ႕ေခြးေလးနဲ႔ ကစားရတာ၊ ဖုန္းနဲ႔ ေဆာ့ရတာကို သေဘာက်ေၾကာင္း ေျပာပါတယ္။
သူ႔ရဲ႕ အိပ္မက္ကေတာ့ လူ႔ခႏၶါကိုယ္မွာ ခြၽတ္ယြင္းေနတဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြကို အစားထိုးဖို႔ ကိုယ္အဂၤါ အစိတ္အပိုင္း အတုေတြ တီထြင္ဖို႔ပါ။ ေနာက္ထပ္ တကၠသိုလ္ ဆက္မတက္ခင္ မွာေတာ့ ဂ်ပန္ကို အလည္ သြားခ်င္တယ္လို႔ Laurent က ေျပာပါတယ္။
Zombie (Lovemedia)
Ref – worldofbuzz