ၾကားသိရသမွ်

ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေ သတင်း လူမူကွန်ရက်မှာ ပျံ့နှံ့နေ

လူမူကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကစပြီး တရားဝင်‌ငွေစက္ကူအဖြစ်က ရပ်စဲလိုက်တယ်ဆိုတဲ့စာဟာ အတုဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။

အဲ့ဒီ့ အမိန့်စာအတုမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးထားပြီး ငွေကြေးတန်ဖိုး ကျဆင်းခြင်းနဲ့ ငွေကြေး‌ဖောင်းပွမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဒီအမိန့်ကို ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

ဒီစာကို မသမာသူအချို့က ထုတ်ပြန်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပြီး ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ယုံယုံကြည်ကြည် သုံးကြဖို့ကိုလည်း စစ်ကောင်စီက ပြောပါတယ်။

စစ်ကောင်စီ လက်ရှိကိုးကားပြီးပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ငွေစက္ကူတွေကို ဖျက်သိမ်းတာကို တားမြစ်ထားပါတယ်။

———————

လူမူကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗဟိုဘဏ္က ထုတ္ေဝထားတဲ့ က်ပ္ ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္ေငြစကၠဴေတြကို စက္တင္ဘာလ ၁၆ ရက္ေန႔ မြန္းလြဲ ၂ နာရီကစၿပီး တရားဝင္‌ေငြစကၠဴအျဖစ္က ရပ္စဲလိုက္တယ္ဆိုတဲ့စာဟာ အတုျဖစ္တယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ကေျပာပါတယ္။

အဲ့ဒီ့ အမိန႔္စာအတုမွာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက လက္မွတ္ေရးထိုးထားၿပီး ေငြေၾကးတန္ဖိုး က်ဆင္းျခင္းနဲ႔ ေငြေၾကး‌ေဖာင္းပြမႈကို ထိန္းခ်ဳပ္ဖို႔ စစ္ေကာင္စီက ဒီအမိန႔္ကို ထုတ္ျပန္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီစာကို မသမာသူအခ်ိဳ႕က ထုတ္ျပန္တယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာၿပီး ဗဟိုဘဏ္က ထုတ္ေဝထားတဲ့ ေငြစကၠဴေတြကို ယုံယုံၾကည္ၾကည္ သုံးၾကဖို႔ကိုလည္း စစ္ေကာင္စီက ေျပာပါတယ္။

စစ္ေကာင္စီ လက္ရွိကိုးကားၿပီးေျပာဆိုေနတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာလည္း ေငြစကၠဴေတြကို ဖ်က္သိမ္းတာကို တားျမစ္ထားပါတယ္။