ၾကားသိရသမွ်

သားကနှစ်နဲ့ချီစွန့်ပစ်ခြံတဲ့ အဘွားအိုကိုခေါ်ယူပြီး နားကြားကိရိယာလေး တပ်ပေးခဲ့တဲ့ ပရဟိတသမားများ

သားကနှစ်နဲ့ချီစွန့်ပစ်ခြံတဲ့ အဘွားအိုကိုခေါ်ယူပြီး နားကြားကိရိယာလေး တပ်ပေးခဲ့တဲ့ ပရဟိတသမားများ

ယခုလိုကိုဗစ်ကပ်ရောဂါတွေကြောင့် စီးပွားရေးမပြေလည်တဲ့ အချိန်ကာလကြီးမှာ မြန်မာပြည်သူတွေဟာ ဒုက္ခတွေရောက်ပြီး အခက်အခဲတွေများစွာကို ရင်ဆိုင်နေရပါတယ်။ ပရဟိတသမားတွေ၊အဆင်ပြေတဲ့လူတွေကလည်း စားဝတ်နေရေး

အဆင်မပြေကြတဲ့ ပြည်သူတွေကို သူတို့တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ မော်လမြိုင်မြို့က အသက် (၇၀) အရွယ်ရှိ အဘွားအိုတစ်ဦးဟာ ချွေးမဖြစ်သူနဲ့မတည့်တာကြောင့် သားဖြစ်သူရဲ့ နှစ်နဲ့ချီစွန့်ပစ်ခြင်းကို ခံထားရပါတယ်။

အဆိုပါအဘွားအိုတစ်ဦးဟာ ပြိုကျလုနီးပါးဖြစ်နေတဲ့ လိုင်းခန်းလေးမှာ တစ်ယောက်တည်းနေထိုင်နေရတာ ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ယခုမှာတော့ ပရဟိတသမားတွေက ဒုက္ခရောက်နေတဲ့ အဆိုပါ

အဘွားအိုကို မြဆည်းဆာဘိုးဘွားရိပ်သာဆီ သွားရောက်ခေါ်ဆောင်လာခဲ့ပြီး ပြုစုစောင့်ရှောက်ပေးထားခဲ့ပါတယ်။ သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့ အဆိုပါအဘွားအိုဟာ အကြားအာရုံချို့တဲ့နေတဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။

နားသိပ်မကြားတဲ့ အဆိုပါအဘွားအိုအတွက် ပရဟိတသမားတွေက နားကြားကိရိယာ( ၁)ခုကိုဝယ်ယူပေးခဲ့ပြီး သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ရိပ်သာမှာနေထိုင်နေပြီး နားမကြားတဲ့ တစ်ခြားအဘွားအိုတစ်ဦးဆီကိုလည်း နားကြားကိရိယာတစ်ခု

လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ နားကြားကိရိယာလေးရရှိသွားပြီး အရင်လိုနားပြန်ကြားရတော့မှာဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ အဘွားအိုတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Credit

သားကႏွစ္နဲ႔ခ်ီစြန႔္ပစ္ၿခံတဲ့ အဘြားအိုကိုေခၚယူၿပီး နားၾကားကိရိယာေလး တပ္ေပးခဲ့တဲ့ ပရဟိတသမားမ်ား

ယခုလိုကိုဗစ္ကပ္ေရာဂါေတြေၾကာင့္ စီးပြားေရးမေျပလည္တဲ့ အခ်ိန္ကာလႀကီးမွာ ျမန္မာျပည္သူေတြဟာ ဒုကၡေတြေရာက္ၿပီး အခက္အခဲေတြမ်ားစြာကို ရင္ဆိုင္ေနရပါတယ္။ ပရဟိတသမားေတြ၊အဆင္ေျပတဲ့လူေတြကလည္း စားဝတ္ေနေရး

အဆင္မေျပၾကတဲ့ ျပည္သူေတြကို သူတို႔တတ္ႏိုင္သေလာက္ ကူညီမႈေတြ ျပဳလုပ္ေပးေနၾကပါတယ္။ ေမာ္လၿမိဳင္ၿမိဳ႕က အသက္ (၇၀) အ႐ြယ္ရွိ အဘြားအိုတစ္ဦးဟာ ေခြၽးမျဖစ္သူနဲ႔မတည့္တာေၾကာင့္ သားျဖစ္သူရဲ႕ ႏွစ္နဲ႔ခ်ီစြန႔္ပစ္ျခင္းကို ခံထားရပါတယ္။

အဆိုပါအဘြားအိုတစ္ဦးဟာ ၿပိဳက်လုနီးပါးျဖစ္ေနတဲ့ လိုင္းခန္းေလးမွာ တစ္ေယာက္တည္းေနထိုင္ေနရတာ ျဖစ္ၿပီး စားဝတ္ေနေရးအခက္အခဲကို ရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။ယခုမွာေတာ့ ပရဟိတသမားေတြက ဒုကၡေရာက္ေနတဲ့ အဆိုပါ

အဘြားအိုကို ျမဆည္းဆာဘိုးဘြားရိပ္သာဆီ သြားေရာက္ေခၚေဆာင္လာခဲ့ၿပီး ျပဳစုေစာင့္ေရွာက္ေပးထားခဲ့ပါတယ္။ သားျဖစ္သူရဲ႕ စြန႔္ပစ္ျခင္းကို ခံထားရတဲ့ အဆိုပါအဘြားအိုဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ေနတဲ့ ေဝဒနာကို ခံစားေနရတာပဲ ျဖစ္ပါတယ္။

နားသိပ္မၾကားတဲ့ အဆိုပါအဘြားအိုအတြက္ ပရဟိတသမားေတြက နားၾကားကိရိယာ( ၁)ခုကိုဝယ္ယူေပးခဲ့ၿပီး သြားေရာက္လႉဒါန္းေပးခဲ့ေၾကာင္း သိရပါတယ္။ ရိပ္သာမွာေနထိုင္ေနၿပီး နားမၾကားတဲ့ တစ္ျခားအဘြားအိုတစ္ဦးဆီကိုလည္း နားၾကားကိရိယာတစ္ခု

လႉဒါန္းေပးခဲ့ေၾကာင္း သိရပါတယ္။ နားၾကားကိရိယာေလးရရွိသြားၿပီး အရင္လိုနားျပန္ၾကားရေတာ့မွာျဖစ္တာေၾကာင့္ ဝမ္းသာေပ်ာ္႐ႊင္ေနတဲ့ အဘြားအိုတစ္ဦးရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ကာ အဆိုပါပုံရိပ္ေလးေတြကို ေအာက္မွာၾကည့္ႏိုင္ပါတယ္။

Credit