ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိမှုများ နေပြည်တော်မှာပဲ စစ်ဆေးရန် အကြမ်းဖမ်း စစ်ကောင်စီ စီစဉ်
နေပြည်တော်၊ စင်တင်ဘာ ၁၇
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တ်သက်၍ အဂတိလိုက်စားမှု ၄ မှုဖြင့် အမှုဆင် စွဲဆိုထားရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အမှု ၃ ခု၊ ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အမှု ၁ ခုတို့ကို ယခုလာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ နေပြည်တော်တွင် ရုံးထုတ်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် စစ်ဆေးနေသည့် အထူးတရားရုံးတွင် မန္တလေးတိုင်း တရားလွှတ်တော်မှ တရားသူကြီးတဦး လာရောက် စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ၎င်းတဦးတည်းအတွက် ၂ မှု၊ အခြားသူများနှင့် ၂ မှု စုစုပေါင်း ၄ မှုဖြင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမြို့တွင် စွဲဆိုထားသည့် ယခုလို အဂတိမှုများကို နေပြည်တော်တွင် ယခုလို စစ်ဆေးမည့်အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅၊ သဘာဝဘေး ပုဒ်မများ၊ အစိုးရ လျှို့ ဝှက်ချက် ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ဖြင့် စသည့် ပုဒ်မ များစွာတပ် အရေးယူထားသည်။
unicode



