ၾကားသိရသမွ်

CDM ပြုလုပ်နေသည့် စက်ခေါင်းမှူး ဆိုင်ကယ်ရိုက်အလုခံရရာမှ ကွယ်လွန်

Sep 19, 9:33 PM

ယနေ့ မန္တလေးမြို့သို့ ဈေးရောင်းလာစဉ် ဆိုင်ကယ်ရိုက်အလုခံရရာမှ ဦးခေါင်းအတွင်း ‌သွေးခဲကာ ဆိုင်ကယ်မောင်းသူတဦး သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားသွားသည်။

သေဆုံးသွားသူမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း မီးရထားစက်ခေါင်းမှူးအဖြစ်မှ CDM ပြုလုပ်ကာ မန္တလေးမြို့တွင်းရှိ ဈေးတဈေး၌ မုန့်တီမုန့်ဖတ်ရောင်းချသူအဖြစ် ပြောင်းလဲလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းက လူမှုကွန်ရက်ပေါ်သို့ ရေးတင်ထားကြသည်။

လုယက်သူများက ဆိုင်ကယ်ကိုယူဆောင်သွားသည့်အပြင် ခန္ဓာကိုယ်နှင့် ဦးခေါင်းကိုရိုက်နှက်ကာ ထားပစ်ခဲ့ကြပြီး ဦးဏှောက်သွေးခဲမှုကြောင့် ခွဲစိတ်ကုသရန် ပြင်ဆင်နေစဉ် စက်တင်ဘာ၁၉ရက် ညပိုင်းတွင် အသက်ဆုံးပါးခဲ့ရသည်ဟု သိရသည်။

Photo Khin Hnin Wai

မန္တလေးသတင်းကွန်ရက်

unicode


Sep 19, 9:33 PM




Photo Khin Hnin Wai
