မိုးေလ၀သ

တိုင်းနှင့်ပြည်နယ်(၁၄)နေရာအတွက် မနက်ဖြန်နံနက် အထိမိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်

တိုင်းနှင့်ပြည်နယ်(၁၄)နေရာအတွက် မနက်ဖြန်နံနက် အထိမိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်

၁၉.၉. ၂၀၂၁ ရက်နေ့ (မိုးလေဝသ အခြေအနေ )နံနက် ၁၁ နာရီ ၄၃ မိနစ်

မြန်မာတစ်ပြည်လုံး မိုးတိမ်တောင်ဖြစ်ထွန်းမှုအခြေအနေ ။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိမ်ထူထပ်စွာဖြစ်ထွန်းနေပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

တိုင်းနှင့်ပြည်နယ်(၁၄)နေရာအတွက် မနက်ဖြန်နံနက် အထိမိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်

ကချင်ပြည်နယ်အတွက်ခန့်မှန်းချက်။ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်သလို အောက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နေရာကျဲကျဲ​အောက်ပိုင်းနှင့် အလယ်ပိုင်းမှာ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်သလို နေရာကွက်ပြီးလဲ မိုးကြီးနိုင်ပါတယ်။

ချင်းပြည်နယ် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပါတယ်။

မန္တလေးတိုင်းဒေသကြီး နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မြောက်ပိုင်းမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

နေပြည်တော်တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါတယ်။

မကွေးတိုင်းဒေသကြီး နေရာကျဲကျဲသာ မိုးရွာသွန်းနိုင်ပြီး မြောက်ပိုင်းမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နေရာအနှံ့အပြား အရှေ့ပိုင်းမှာ နေရာစိပ်စိပ် တောင်ပိုင်းမှာ နေရာကျဲကျ မိုးရွာသွန်းနိုင်ပါတယ်။

ရခိုင်ပြည်နယ် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး နေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး နေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။

ပဲခူးတိုင်းဒေသကြီး နေရာကျဲကျဲ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ကယားပြည်နယ် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပါတယ်။

မွန်ပြည်နယ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါတယ်။

ကရင်ပြည်နယ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပါတယ်။

မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။

ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့မှာ မုန်တိုင်းဖြစ်ပေါ်ရန်အလားအလာမရှိသေးပါ ခင်ဗျာ။

လျှပ်စီးမိုးကြိုးအန္တရယ် ။

စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် လျှပ်စီးမိုးကြိုးအန္တရာယ်အနည်းငယ် ရှိနေပါတယ် ခင်ဗျာ။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်ခင်ဗျာ။

ဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ )

တိုင္းႏွင့္ျပည္နယ္(၁၄)ေနရာအတြက္ မနက္ျဖန္နံနက္ အထိမိုးရြာသြန္းနိုင္မႈ ခန႔္မွန္းခ်က္

၁၉.၉. ၂၀၂၁ ရက္ေန႔ (မိုးေလဝသ အေျခအေန )နံနက္ ၁၁ နာရီ ၄၃ မိနစ္

ျမန္မာတစ္ျပည္လုံး မိုးတိမ္ေတာင္ျဖစ္ထြန္းမႈအေျခအေန ။

ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ တိမ္ထူထပ္စြာျဖစ္ထြန္းေနၿပီး က်န္တိုင္းေဒသႀကီးႏွင့္ျပည္နယ္တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါတယ္။

တိုင္းႏွင့္ျပည္နယ္(၁၄)ေနရာအတြက္ မနက္ျဖန္နံနက္ အထိမိုးရြာသြန္းနိုင္မႈ ခန႔္မွန္းခ်က္

ကခ်င္ျပည္နယ္အတြက္ခန႔္မွန္းခ်က္။ ေနရာစိပ္စိပ္ မိုးရြာသြန္းနိုင္သလို ေအာက္ပိုင္းမွာ ေနရာကြက္ၿပီး မိုးႀကီးနိုင္ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းမွာ ေနရာက်ဲက်ဲ​ေအာက္ပိုင္းႏွင့္ အလယ္ပိုင္းမွာ ေနရာစိပ္စိပ္ မိုးရြာသြန္းနိုင္သလို ေနရာကြက္ၿပီးလဲ မိုးႀကီးနိုင္ပါတယ္။

ခ်င္းျပည္နယ္ ေနရာစိပ္စိပ္ မိုးရြာသြန္းနိုင္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ေနရာက်ဲက်ဲ မိုးရြာသြန္းနိုင္ၿပီး ေျမာက္ပိုင္းမွာေတာ့ ေနရာကြက္ၿပီး မိုးႀကီးနိုင္ပါတယ္။

ေနျပည္ေတာ္တြင္ ေနရာက်ဲက်ဲ မိုးရြာသြန္းနိုင္ပါတယ္။

မေကြးတိုင္းေဒသႀကီး ေနရာက်ဲက်ဲသာ မိုးရြာသြန္းနိုင္ၿပီး ေျမာက္ပိုင္းမွာေတာ့ ေနရာကြက္ၿပီး မိုးႀကီးနိုင္ပါတယ္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ေနရာအႏွံ့အျပား အေရွ႕ပိုင္းမွာ ေနရာစိပ္စိပ္ ေတာင္ပိုင္းမွာ ေနရာက်ဲက် မိုးရြာသြန္းနိုင္ပါတယ္။

ရခိုင္ျပည္နယ္ ေနရာစိပ္စိပ္ မိုးရြာသြန္းနိုင္ပါတယ္။ ဧရာဝတီတိုင္းေဒသႀကီး ေနရာက်ဲက်ဲ မိုးအသင့္အတင့္ရြာသြန္းနိုင္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ေနရာက်ဲက်ဲ မိုးအသင့္အတင့္ရြာသြန္းနိုင္ပါတယ္။

ပဲခူးတိုင္းေဒသႀကီး ေနရာက်ဲက်ဲ မိုးအသင့္အတင့္ ရြာသြန္းနိုင္ပါတယ္။

ကယားျပည္နယ္ ေနရာကြက္က်ား မိုးရြာသြန္းနိုင္ပါတယ္။

မြန္ျပည္နယ္ ေနရာက်ဲက်ဲ မိုးရြာသြန္းနိုင္ပါတယ္။

ကရင္ျပည္နယ္ ေနရာက်ဲက်ဲ မိုးရြာသြန္းနိုင္ပါတယ္။

တနသၤာရီတိုင္းေဒသႀကီး ေနရာစိပ္စိပ္ မိုးရြာသြန္းနိုင္ပါတယ္။

မုန္တိုင္းျဖစ္ေပၚနိုင္မႈအေျခအေန။

ဘဂၤလားပင္လယ္ေအာ္ ႏွင့္ ကပၸလီပင္လယ္ျပင္တို႔မွာ မုန္တိုင္းျဖစ္ေပၚရန္အလားအလာမရွိေသးပါ ခင္ဗ်ာ။

လၽွပ္စီးမိုးႀကိဳးအႏၲရယ္ ။

စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ရွမ္းျပည္နယ္တို႔တြင္ လၽွပ္စီးမိုးႀကိဳးအႏၲရာယ္အနည္းငယ္ ရွိေနပါတယ္ ခင္ဗ်ာ။

ေနာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။

ျမန္မာနိုင္ငံ အလယ္ပိုင္းေဒသမ်ားမွာ မိုးထစ္ခ်ဳန္းရြာသြန္းနိုင္ပါတယ္ခင္ဗ်ာ။

ေဝၿဖိဳးဟန္ (ေလေၾကာင္းမိုးေလဝသ )