Unicode Version
လောကမှာ လူတိုင်း ပိုက်ဆံရဖို့ အလုပ်လုပ်နေရပြီး မတူညီတဲ့ ဝင်ငွေလမ်းကြောင်းတွေ ရှိတတ်ကြပါတယ်။ ချမ်းသာသူအများစုကို ကြည့်လိုက်ရင် ဝင်ငွေလမ်း ကြောင်းများစွာရှိကြပြီး ငွေရေးခက်ခဲသူအများစုမှာတော့ ဝန်ထမ်းလုပ်ပြီး ရလာတဲ့ ပိုက်ဆံအပေါ်သာ အဓိက မှီခိုနေကြတာ တွေရပါလိမ့်မယ်။ အကယ်၍ ဝင်ငွေ တစ်ခုတည်းသာရှိတဲ့ လူတစ်ယောက် နာမကျန်း၍ဖြစ်စေ၊ အလုပ်မလုပ်နိုင်တော့၍ဖြစ်စေ ဝင်ငွေ ရပ်တန့်သွားပါက သူနဲ့ သူ့အပေါ်မှီခိုနေရတဲ့ မိသားစု ငွေကြေးအခက် တွေ့သွားနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ တစ်ခုထက် ပိုတဲ့ ဝင်ငွေရလမ်းကြောင်းများကို ဖန်တီးထားသင့်ပါတယ်။
ပိုက်ဆံ ဝင်နိုင်မယ့် လမ်းကြောင်း(၇)မျိုးကို အောက်မှာ ဖော်ပြပေးသွားပါ့မယ်။
၁။ Earned Income (လုပ်အားခဝင်ငွေ)

လူအများစုကတော့ လုပ်အားခမှရတဲ့ ဝင်ငွေအပေါ် မှီခိုနေရပါတယ်။ အစိုးရဝန်ထမ်း၊ စက်ရုံအလုပ်ရုံဝန်ထမ်းမှ စ၍ ဆရာဝန်၊ အင်ဂျင်နီယာ၊ နေ့စားအလုပ်သမားထိ အားလုံးပါဝင်ပါတယ်။ သင့်အနေနဲ့ ယခုလက်ရှိ လုပ်အားခအပေါ် မှီခိုနေပြီး ငွေကြေးခက်ခဲ နေရင်တော့ စိတ်မပူပါနဲ့တော့။ ဆက်လက်ဖော်ပြမယ့် ဝင်ငွေ ရလမ်းကြောင်းများထဲမှ တစ်ခုခုကိုသာ ရအောင် ဖန်တီးထားပါ။ ငွေရေးကြေးရေး အဆင်ပြေလာပါလိမ့်မယ်။ ဝန်ထမ်းမို့ အရင်းနှီး မရှိဘူးလို့ မပြောပါနဲ့။ လစာငွေရဲ့ ဆယ်ပုံတစ်ပုံကို ရအောင်စုပြီး အခြားဝင်ငွေရလမ်းကြောင်းတွေ ဖန်တီးပါ။ အဲ့လိုမလုပ်ရင်တော့ လက်ရှိအတိုင်းပဲ သင် ရလိုက် သုံး လိုက် ကုန်လိုက်နဲ့ အိုမင်းလာတဲ့အခါ သိပ်စုမိဆောင်းမိရှိမှာ မဟုတ်ပါဘူး။
၂။ Interest Income (အတိုးဝင်ငွေ)

မိတ်ဆွေ အနေနဲ့ လက်ထဲမှာ ငွေပိုငွေလျံရှိတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုခု စရမှာလည်း အဆင်မပြေဘူး။ အခက်တွေရှိလို့ မစရဲသေးဘူးဆိုရင်တော့ Bank တိုး ဖြစ်စေ၊ စိတ်ချယုံကြည်ရတဲ့ မိတ်ဆွေတွေ လုပ်ငန်းရှင်တွေဆီကို ငွေချေးပေးပြီး အတိုးရယူနိုင်ပါ တယ်။
၃။ Profit Income (အမြတ်ဝင်ငွေ)

Billie dollar in hand
ဥပမာ- မိတ်ဆွေအနေနဲ့ ကုန်ပစ္စည်းတစ်ခုခုကို 800 နဲ့ ဝယ်ပြီး 1000 နဲ့ ပြန်ရောင်းလို့ ရလာတဲ့ 200ဝင်ငွေကို အမြတ်ဝင်ငွေလို့ ခေါ်ပါတယ်။ ကုန်သည်တွေ စတိုးဆိုင် ပိုင်ရှင်တွေ၊ Online Shop လုပ်သူတွေ ပါဝင်ပါတယ်။ ၄င်းအပြင် ကုန်ပစ္စည်း သို့မဟုတ် ထုတ်ကုန်တစ်ခုခုကို ထုတ်လုပ်ရောင်းချရာမှ ရလာတဲ့ ဝင်ငွေဟာလည်း အမြတ်ဝင်ငွေပါပဲ။ ထုတ်ကုန်ဆိုလို့ အကြီးကြီးတွေမှ မဟုတ်ပါဘူး။ အိမ်တွင်းမှု အသေးစား လုပ်ငန်းလေးတွေကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။
၄။ Rent Income (ငှားရမ်းခဝင်ငွေ)
အိမ်၊ခြံ၊မြေ၊တိုက်၊ကား စသည်တို့ကို ငှားရမ်းထားရာမှ ရရှိလာတဲ့ ဝင်ငွေအမျိုးစား ဖြစ်ပါတယ်။ မိတ်ဆွေမှာ အိမ်တစ်လုံးပိုနေ၍ ငှားထားရာ အိမ်ငှားခမှ ရသည့်ဝင်ငွေမျိုး ဖြစ်သည်။ မိတ်ဆွေမှာရှိတဲ့ ကား၊ဆိုင်ကယ်၊ထွန်စက် စသည်တို့ကို တစ်ယောက်တည်း အကုန်မမောင်းနိုင်ပါဘူး။
ဒါကြောင့် သင့်လျော်တဲ့သူတွေဆီ ငှားရမ်းပေးရာမှလည်း သင့်အတွက် ဝင်ငွေတိုးလာစေမှာ ဖြစ်ပါတယ်။
“Do what you love and the money will follow.”
၅။ Royalty Income
ဥပမာပေးရရင် စာအုပ်ထုတ်ခြင်း၊သီချင်းရေး၊သီချင်းခွေထုတ်ခြင်း စသည်တို့မှ ရလာတဲ့ ဝင်ငွေမျိုးပါ။ မိတ်ဆွေ စာအုပ်တစ်အုပ်ကို 2015 လောက်က ထုတ်ခဲ့ပေမယ့် စာဖတ်သူတွေကြိုက်လို့ ထပ်ပြီးပုံနှိပ်ရတာမျိုး၊ သင့်ရဲ့ဝတ္ထုကို ဇာတ်ကားရိုက်လို့ ဝင်ငွေရခြင်း၊ မိတ်ဆွသီချင်းကို ဇာတ်ဝင်တေးအဖြစ် သုံးချင်လို့ ရောင်းရသော ဝင်ငွေမျိုးကို Royalty Income လို့ခေါ်ပါတယ်။ မိတ်ဆွေ စာမရေးနိုင်တော့ရင် တောင်မှ မိတ်ဆွေရဲ့ စာကို ဖတ်နေသူရှိသေးရင် ဝင်ငွေတွေ ရနေမှာပါ။
Love is like money
၆။ Capital Gain (ရင်းနှီးမှုမှ ရငွေ)
မိတ်ဆွေအနေဖြင့် တိုက်ခန်း တစ်ခန်းကို သိန်း1000 နဲ့ဝယ်ပြီး နှစ်အနည်းငယ် ကြာမှ သိန်း1500 နဲ့ပြန်ရောင်းလို့ရလာတဲ့ ဝင်ငွေမျိုးပါ။ မြို့ပြင်ဘက်က စျေးသိပ်မရှိသေးတဲ့ မြေကွက်တွေ ကြိုဝယ်ထားပြီး နောင်တစ်ချိန် မြို့ဧရိယာကျယ်လာပြီး မြို့ပြင်က မြေကွက်တွေ စျေးရလာနိုင်ပါတယ်။ ထို့အတွက် သင့်ငွေတွေကို ရင်းနှီးမြှပ်နှံထားသင့်ပါတယ်။
၇။ Dividend Income
မိတ်ဆွေအနေနဲ့ Company တစ်ခုခုမှာ ရှယ်ယာ ထည့်ဝင်ထားပြီး အဲ့ Company က အမြတ်ဝေစု အတွက် ရရှိလာတဲ့ ဝင်ငွေမျိုးပါ။
“ဝင်ငွေရလမ်းကြောင်းများ ဖန်တီးနိုင်ကြပါစေ”
Credit: Original Writer
Sharing By: #Go_for_Goal



