ကမ္ဘာကစောင့်ကြည့်ရမည့်အထွေထွေညီလာခံရဲ့ နောက်ဆုံးရက်
၂၀ စက်တင်ဘာ ၂၀၂၁
အခုလ ၁၄ ရက်ကစတင်နေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံအလိုက်ဆွေးနွေးတင်ပြမှုတွေကို မနက်ဖန် စက်တင်ဘာ ၂၁ မှာ စတင်တော့မှာဖြစ်ပါတယ်။
ဒုတိယ ၅ နှစ်သက်တမ်းထမ်းဆောင်ခွင့်ရထားတဲ့ အတွင်းရေးမှူးချုပ် António Guterres အမေရိကန်သမ္မတ ဘိုင်ဒန် အပါအဝင် နိုင်ငံတကာခေါင်းဆောင် (၁) ရာနီးပါးလည်း ညီလာခံတက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံအလိုက် ဆွေးနွေးတင်ပြမဲ့ အစီအစဉ်တွေထဲမှာ ထူးခြားတာကတော့ မြန်မာ အာဖဂန်နစ္စတန် ဂီနီနဲ့ မြောက်ကိုရီးယား (၄) နိုင်ငံကို နောက်ဆုံးရက်ဖြစ်တဲ့ စက်တင်ဘာ ၂၇ ရဲ့ နောက်ဆုံးပိုင်းမှာ ထဲ့ထားတာပဲဖြစ်ပါတယ်။
မြန်မာနဲ့ ဂီနီက စစ်တပ်အာဏာသိမ်းတာခံထားရသလို အာဖဂန်က ဘာသာရေးအစွန်းရောက် တာလီဘန်တွေအောက်ရောက်နေတဲ့နိုင်ငံပါ။ မြောက်ကိုရီးယားကလည်း ကမ္ဘာရဲ့အထီးကျန်နိုင်ငံဖြစ်ပါတယ်။
မြန်မာ အာဖဂန်နစ္စတန်နဲ့ ဂီနီ (၃) နိုင်ငံလုံးက မူလတာဝန်ထမ်းနေတဲ့ ပြည်သူ့အစိုးရကိုယ်စားပြုသံအမတ်တွေပဲ တက်ရောက်မိန့်ခွန်းပြောကြားဖို့ရှိနေတာမို့ ညီလာခံနောက်ဆုံးရက်အပေါ် နိုင်ငံတကာက စိတ်ဝင်စားနေကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာဖေါ်ပြနေပါတယ်။
————————–
ကမာၻကေစာင့္ၾကည့္ရမည့္အေထြေထြညီလာခံရဲ႕ ေနာက္ဆုံးရက္
၂၀ စက္တင္ဘာ ၂၀၂၁
အခုလ ၁၄ ရက္ကစတင္ေနတဲ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံရဲ႕ ႏိုင္ငံအလိုက္ေဆြးေႏြးတင္ျပမႈေတြကို မနက္ဖန္ စက္တင္ဘာ ၂၁ မွာ စတင္ေတာ့မွာျဖစ္ပါတယ္။
ဒုတိယ ၅ ႏွစ္သက္တမ္းထမ္းေဆာင္ခြင့္ရထားတဲ့ အတြင္းေရးမႉးခ်ဳပ္ António Guterres အေမရိကန္သမၼတ ဘိုင္ဒန္ အပါအဝင္ ႏိုင္ငံတကာေခါင္းေဆာင္ (၁) ရာနီးပါးလည္း ညီလာခံတက္ေရာက္မွာျဖစ္ပါတယ္။
ႏိုင္ငံအလိုက္ ေဆြးေႏြးတင္ျပမဲ့ အစီအစဥ္ေတြထဲမွာ ထူးျခားတာကေတာ့ ျမန္မာ အာဖဂန္နစၥတန္ ဂီနီနဲ႔ ေျမာက္ကိုရီးယား (၄) ႏိုင္ငံကို ေနာက္ဆုံးရက္ျဖစ္တဲ့ စက္တင္ဘာ ၂၇ ရဲ႕ ေနာက္ဆုံးပိုင္းမွာ ထဲ့ထားတာပဲျဖစ္ပါတယ္။
ျမန္မာနဲ႔ ဂီနီက စစ္တပ္အာဏာသိမ္းတာခံထားရသလို အာဖဂန္က ဘာသာေရးအစြန္းေရာက္ တာလီဘန္ေတြေအာက္ေရာက္ေနတဲ့ႏိုင္ငံပါ။ ေျမာက္ကိုရီးယားကလည္း ကမာၻရဲ႕အထီးက်န္ႏိုင္ငံျဖစ္ပါတယ္။
ျမန္မာ အာဖဂန္နစၥတန္နဲ႔ ဂီနီ (၃) ႏိုင္ငံလုံးက မူလတာဝန္ထမ္းေနတဲ့ ျပည္သူ႔အစိုးရကိုယ္စားျပဳသံအမတ္ေတြပဲ တက္ေရာက္မိန္႔ခြန္းေျပာၾကားဖို႔ရွိေနတာမို႔ ညီလာခံေနာက္ဆုံးရက္အေပၚ ႏိုင္ငံတကာက စိတ္ဝင္စားေနၾကတယ္လို႔ ႏိုင္ငံတကာသတင္းေတြမွာေဖၚျပေနပါတယ္။