ၾကားသိရသမွ်

“သီးလေးသီး တိုင်းပြည်ကို သစာဖောက်ပြီ ”လို့ပြည်သူကို အသိပေးလိုက်တဲ့ ဟားငါးကောင် see more

ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့

ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။

ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာတော့ အဖွဲ့ဝင်အချင်းချင်းဖြစ်ပေမယ့် သူ့တို့ရဲ့ခံယူချက်တွေကိုတော့ သဲသဲကွဲကွဲသိခဲ့ရပြီပဲ ဖြစ်ပါတယ်။

သီးလေးသီး လူရွှင်တော်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စိန်သီး ကတော့ လက်ရှိမှာ အမှန်တရားအတွက်

ပြည်သူတွေနဲ့ရပ်တည်ခဲ့ပြီး တော်လှန်‌ရေးမှာ နေရာတစ်ခုကနေ ပါဝင်နေခဲ့ပါတယ်။

လူရွှင်တော် စိန်သီး ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေပြီး

ပရိသတ်တွေရဲ့ လေးစားအားပေးမှု့ကို ရရှိထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုခါမှာတော့ တစ်ခေတ်တခါက အာဏာရှင်ကိုအငြိမ့်ပြက်လုံးတွေနဲ့ သလျော်ခဲ့တဲ့ သီးလေးသီးအဖွဲ့ရဲ့ ရာဇဝင်ကတော့ ရိုင်းသွားခဲ့ပါပြီ။

သီးလေးသီး လူရွှင်တော်ကြယ်သီး ဟာ စစ်ကောင်စီ ရဲ့ အစီအစဥ်တစ်ခုမှာပါဝင်နေပြီး ပြည်သူတွေရဲ့ဆန်ကျင်ဘက်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီလိုခံယူချက်ကွဲသွားတဲ့ ကြယ်သီးကို ဟားငါးကောင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်ကျော် ကတော့ အခုလိုပဲ ရေးသားလိုက်ပါတယ်။

“အကိုကျွန်တော့်ကိုခွင့်လွှတ်ပါခံယူချက်ချင်းမတူလို့အကို့ကိုလည်းလီးပဲ…”လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

စာဖတ်ပရိသတ်ကြီးရေ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲသွားရောက်

တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တွေအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါအုန်းနော်။

Zawgyi,
















