မကြာခင် ပြတ်တော့မယ် စုံတွဲတွေရဲ့ အပြုအမူ (၄) မျိုး
ချစ်တယ်လို့ဘယ်လိုပဲ ပြောခဲ့ပြောခဲ့ တစ်ချို့ချစ်သူစုံတွဲတွေဟာ တစ်ယောက်ကို တစ်ယောက် ပြန်မဆုံပါရစေနဲ့လို့တောင် ဆုတောင်းပြီး ခွဲသွားတာမျိုးတွေ ရှိပါတယ်။ ဘယ်သူပဲမှားလို့ဖြစ်စေ ဘာကြောင့်ပဲ လမ်းခွဲရသည်ဖြစ်စေ အချစ်ရေးတစ်ခုကတော့ ဒီအချိန်မှာ နိဌိတံသွားပြီ ဖြစ်ပါတယ်။တကယ်တော့ စုံတွဲတွေ မကြာခင် ပြတ်တော့မယ်ဆိုတာ ရာသီဥတု ခန့်မှန်းချက်လို ခန့်မှန်းကြည့်လို့ရတဲ့ အချက်တွေ ရှိပါတယ်။
(၁) အကောင်းမမြင်ချင်တော့ဘူး
ဘာရယ်မဟုတ်တာလေးနဲ့စိတ်မရှည်နိုင်တော့ဘူး။ တစ်ယောက်ရဲ့ အမှားသေးသေးလေးအပေါ် တစ်ယောက် နားလည်သည်းခံပေးမှုမျိုး ရှားပါးလာပြီဆိုရင် မကြာခင်မှာ ကွဲဖို့ရာခိုင်နှုန်းများလာပါပြီ။
(၂) ဟက်ဟက်ပက်ပက် စကားမဆိုတော့ဘူး
သူနဲ့ကိုယ့်အကြား စကားချင်းတောင် မဖလှယ်ချင်တော့ဘူး။ သူပြောတာလည်း ကိုယ်မကြားချင်တော့ဘူးဆိုရင် အက်သံထွက်လာပြီလို့ဆိုနိုင်ပါတယ်။ တကယ်ဆိုရင် ကိုယ့်ချစ်သူဟာ ကိုယ်စကားအပြောချင်ဆုံးသူဖြစ်သင့်သလို သူစကားကို ကိုယ်အကြားချင်ဆုံးပဲ ဖြစ်နေမှ လက္ခဏာမှန်တယ်လို့ ဆိုရမှာပါ။
(၃) ခံစားချက်တွေ ထုတ်မပြောတော့ဘူး
ကိုယ်အဆင်မပြေခဲ့တာတွေရော ၊ ပြေခဲ့တာတွေရော ၊ သူနဲ့ပတ်သက်လို့ကိုယ့်စိတ်အခြေအနေနဲ့တုန့်ပြန်ခဲ့ချင်တဲ့ အကြောင်းအရာတွေပါ ချပြပြီး တည့်တည့်လင်းလင်း ဖြေရှင်းဖို့မလုပ်တော့ဘူးဆိုတာ မကောင်းဆဲ့ အခြေအနေပါ။ တစ်ယောက်ကို တစ်ယောက် သံသယ ရှိလာပြီး ဒီသံသယကို မွေးထားကြရင်းနဲ့ပေါက်ထွက်လာတဲ့နေ့ပြတ်သွားတတ်ပါတယ်။
(၄) ပတ်ဝန်းကျင်ကလည်း ပြတ်ဖို့တိုက်တွန်းနေတယ်
ဒါဆိုရင်တော့ ပြတ်ဖို့ပိုများပါတယ်။ နဂိုကတည်းက နဲ့နေတဲ့ ချစ်သူရည်းစား ဆက်ဆံရေးချည်တိုင်ဟာ တွန်းလှဲနေတာ ဖြစ်လို့ စိတ်မခိုင်တဲ့တစ်နေ့ ပြဿနာတွေ ဆက်တိုက်တွေ့ တဲ့အခါ ညောင်ညိုရိပ်မှာ လမ်းခွဲဖို့အလားအလာ များသွားပါပြီ။
mysylemyanmar
Zawgyi
မၾကာခင္ ျပတ္ေတာ့မယ္ စုံတြဲေတြရဲ႕ အျပဳအမူ (၄) မ်ိဳး
ခ်စ္တယ္လို႔ဘယ္လိုပဲ ေျပာခဲ့ေျပာခဲ့ တစ္ခ်ိဳ႕ခ်စ္သူစုံတြဲေတြဟာ တစ္ေယာက္ကို တစ္ေယာက္ ျပန္မဆုံပါရေစနဲ႔လို႔ေတာင္ ဆုေတာင္းၿပီး ခြဲသြားတာမ်ိဳးေတြ ရွိပါတယ္။ ဘယ္သူပဲမွားလို႔ျဖစ္ေစ ဘာေၾကာင့္ပဲ လမ္းခြဲရသည္ျဖစ္ေစ အခ်စ္ေရးတစ္ခုကေတာ့ ဒီအခ်ိန္မွာ နိဌိတံသြားၿပီ ျဖစ္ပါတယ္။တကယ္ေတာ့ စုံတြဲေတြ မၾကာခင္ ျပတ္ေတာ့မယ္ဆိုတာ ရာသီဥတု ခန႔္မွန္းခ်က္လို ခန႔္မွန္းၾကည့္လို႔ရတဲ့ အခ်က္ေတြ ရွိပါတယ္။
(၁) အေကာင္းမျမင္ခ်င္ေတာ့ဘူး
ဘာရယ္မဟုတ္တာေလးနဲ႔စိတ္မရွည္ႏိုင္ေတာ့ဘူး။ တစ္ေယာက္ရဲ႕ အမွားေသးေသးေလးအေပၚ တစ္ေယာက္ နားလည္သည္းခံေပးမႈမ်ိဳး ရွားပါးလာၿပီဆိုရင္ မၾကာခင္မွာ ကြဲဖို႔ရာခိုင္ႏႈန္းမ်ားလာပါၿပီ။
(၂) ဟက္ဟက္ပက္ပက္ စကားမဆိုေတာ့ဘူး
သူနဲ႔ကိုယ့္အၾကား စကားခ်င္းေတာင္ မဖလွယ္ခ်င္ေတာ့ဘူး။ သူေျပာတာလည္း ကိုယ္မၾကားခ်င္ေတာ့ဘူးဆိုရင္ အက္သံထြက္လာၿပီလို႔ဆိုႏိုင္ပါတယ္။ တကယ္ဆိုရင္ ကိုယ့္ခ်စ္သူဟာ ကိုယ္စကားအေျပာခ်င္ဆုံးသူျဖစ္သင့္သလို သူစကားကို ကိုယ္အၾကားခ်င္ဆုံးပဲ ျဖစ္ေနမွ လကၡဏာမွန္တယ္လို႔ ဆိုရမွာပါ။
(၃) ခံစားခ်က္ေတြ ထုတ္မေျပာေတာ့ဘူး
ကိုယ္အဆင္မေျပခဲ့တာေတြေရာ ၊ ေျပခဲ့တာေတြေရာ ၊ သူနဲ႔ပတ္သက္လို႔ကိုယ့္စိတ္အေျခအေနနဲ႔တုန႔္ျပန္ခဲ့ခ်င္တဲ့ အေၾကာင္းအရာေတြပါ ခ်ျပၿပီး တည့္တည့္လင္းလင္း ေျဖရွင္းဖို႔မလုပ္ေတာ့ဘူးဆိုတာ မေကာင္းဆဲ့ အေျခအေနပါ။ တစ္ေယာက္ကို တစ္ေယာက္ သံသယ ရွိလာၿပီး ဒီသံသယကို ေမြးထားၾကရင္းနဲ႔ေပါက္ထြက္လာတဲ့ေန႔ျပတ္သြားတတ္ပါတယ္။
(၄) ပတ္ဝန္းက်င္ကလည္း ျပတ္ဖို႔တိုက္တြန္းေနတယ္
ဒါဆိုရင္ေတာ့ ျပတ္ဖို႔ပိုမ်ားပါတယ္။ နဂိုကတည္းက နဲ႔ေနတဲ့ ခ်စ္သူရည္းစား ဆက္ဆံေရးခ်ည္တိုင္ဟာ တြန္းလွဲေနတာ ျဖစ္လို႔ စိတ္မခိုင္တဲ့တစ္ေန႔ ျပႆနာေတြ ဆက္တိုက္ေတြ႕ တဲ့အခါ ေညာင္ညိဳရိပ္မွာ လမ္းခြဲဖို႔အလားအလာ မ်ားသြားပါၿပီ။
mysylemyanmar