စက္တင္ဘာလ ၂၀ ရက္ေန႕မွာ ရန္ကုန္က ေ႐ႊေဈးနဲ႕ ေဒၚလာေဈးေတြ ျပန္ၿပီး တက္လာခဲ့တယ္လို႔ ရန္ကုန္ေဈးကြက္ အတြင္းကသိရပါတယ္။ရန္ကုန္ ေ႐ႊေဈးက အကယ္ဒမီ မီးလင္းေ႐ႊ တစ္က်ပ္သားကို ၁၈ သိန္း ငါးေသာင္းေက်ာ္နဲ႕ ဒီကေန႕ ေဈးပိတ္သြားခဲ့ပါတယ္၊…
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
ရန္ကုန္က ေငြလဲေကာင္တာ အခ်ိဳ႕မွာ ဒီကေန႕ အေမရိကန္တစ္ေဒၚလာကို သူတို႔ဆီကဝယ္ရင္ ၂၀၁၀ က်ပ္ေက်ာ္နဲ႕ ေဈးေပါက္ေနၿပီးေတာ့ ေကာင္တာေတြကို ျပန္ေရာင္းရင္ေတာ့ ၁၉၈၀ က်ပ္နဲ႕ ဝယ္တာေတြ႕ရပါတယ္။ဗဟိုဘဏ္ကေတာ့ အေမရိကန္ေဒၚလာ ၁၅ သန္းဒီေန႕ ေဈးၿပိဳင္ေလလံနဲ႕ေရာင္းခ်ေပးခဲ့ၿပီး ေလလံေဈးက အေမရိကန္တစ္ေဒၚလာကို ၁၇၅၀ က်ပ္ျဖစ္တယ္လို႔ ဗဟိုဘဏ္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။…
ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ဗဟိုဘဏ္က အေမရိကန္ ေဒၚလာ ၂၃ သန္းကို ေဈးကြက္အတြင္းတစ္ေဒၚလာ ၁၇၅၀ က်ပ္ႏူန္းနဲ႕ ဝင္ေရာင္းေပးခဲ့တာရွိၿပီး၊အဲ့ဒီေနာက္မွာ အေမရိကန္ေဒၚလာေဈးေတြ တစ္ေဒၚလာကို က်ပ္ ၂၀၀၀ ေအာက္ျပန္က်လာခဲ့ပါတယ္။ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္က စစ္ေကာင္စီအစည္းအေဝးမွာ ေကာင္စီဝင္တခ်ိဳ႕က ေဒၚလာေဈးနဲ႕ ေ႐ႊေဈး ကစားေနသူေတြကို ေဖာ္ထုတ္အေရးယူဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။…
အဲ့ဒီေနာက္ စစ္ေကာင္စီက ေဒၚလာေဈးကြက္နဲ႕ ေ႐ႊေဈးကြက္ထဲ ဝင္ေရာက္ထိန္းေက်ာင္းဖို႔ ႀကိဳးစားလာပါတယ္။ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၀ ရက္ေန႕ကစၿပီး အေမရိကန္ေဒၚလာနဲ႕ ျမန္မာေငြတို႔ ဝယ္ေရာင္းလုပ္ရာမွာ အမ်ားဆုံးထားရမဲ့ ကြာဟခ်က္ကို ဗဟိုဘဏ္က ပယ္ဖ်က္လိုက္ၿပီး ႏူန္းရွင္ျဖစ္လာခဲ့ပါတယ္။…
စမ်းချောင်းမြို့နယ်က ငွေလဲကောင်တာတစ်ခု
ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၁ ရက္ေန႕က ေဒၚလာေဈးေတြ တစ္ေဒၚလာကို ၂၀၀၀ က်ပ္အထက္ေဈးေပါက္ခဲ့ၿပီးေနာက္ပိုင္း ဗဟိုဘဏ္က ေဒၚလာေတြေဈးၿပိဳင္ဝင္ေရာင္းလို႔ ျပန္က်လာခဲ့ပါတယ္။ဒါေပမဲ့ ဒီေန႕စက္တင္ ဘာလ ၂၀ ရက္ေန႕ ေဈးကြက္အတြင္း အေမရိကန္ေဒၚ လာေဈးေတြ တစ္ေဒၚလာကို က်ပ္ ၂၀၀၀ ေအာက္ကန တျဖည္းျဖည္း ျပန္တက္လာၿပီး ဒီကေန႕ ေန႕လယ္ပိုင္းမွာ ၂၀၀၀ အထက္ကိုျပန္ေရာက္လာခဲ့ပါတယ္။…
ဒီကေန႕မနက္ပိုင္းက ရန္ကုန္မွာ အေမရိကန္တစ္ေဒၚလာကို လုပ္ငန္းေငြေပးေခ်မႈေတြမွာ ၁၉၄၀ က်ပ္နဲ႕ တြက္ ခ်က္ၿပီးေပးေခ်ခဲ့ရေၾကာင္းနဲ႕ ညေနပိုင္းမွာ ေငြလဲႏူန္း ေတြ အခုလိုေျပာင္းလာတာျဖစ္တယ္လို႔လည္း ရန္ကုန္က လုပ္ငန္းရွင္တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။စက္ တင္ဘာလ ၁၀ ရက္ေန႕က ၂၀ ရက္ေန႕ အထိဗဟိုဘဏ္က ေဈးကြက္ထဲကို ေဒၚလာထုတ္ေရာင္းတာ ၃၈ သန္းရွိလာၿပီ ျဖစ္ပါတယ္။…
စစ်အာဏာသိမ်းပြီးကာစ ရက်ပိုင်း ဗဟိုဘဏ်ရှေ့မြင်ကွင်း
အလားတူ ဒီကေန႕ ရန္ကုန္က ေ႐ႊေဈးေတြလည္းအကယ္ ဒမီ အေခါက္ေ႐ႊ တစ္က်ပ္သား ၁၈ သိန္းေက်ာ္လာတယ္လို႔ ရန္ကုန္ေ႐ြလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။ေ႐ႊအေရာင္းအဝယ္ေတြကို ထိန္းထိန္းသိမ္းသိမ္းျပဳလုပ္ၾကဖို႔ အသင္း႐ုံးခန္း ဖြင့္ခ်ိန္ပိတ္ခ်ိန္ ေျပာင္းလဲသတ္မွတ္တဲ့ အလုပ္အမႈေဆာင္အစည္း အေဝးတစ္ရပ္ကို စက္တင္ဘာလ (၁၈)ရက္ေန႕မနက္ပိုင္းက ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္ အသင္း အစည္း အေဝးခန္းမမွာ က်င္းပခဲ့ၿပီးေတာ့ ေရာင္းတာဝယ္တာေတြကို ၁၀ က်ပ္သားစီပဲ လုပ္ၾကဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ အသင္းက ထုတ္ျပန္ပါတယ္။…
ဒါ့အျပင္ ေ႐ႊနဲ႕ က်ပ္ေငြ သယ္ယူခြင့္ ေထာက္ခံခ်က္ လက္မွတ္ေတြကို အသင္းဝင္ေတြကို ထုတ္ေပးဖို႔ ရွိတယ္လို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ဒီကေန႕ စက္တင္ဘာ ၂၀ ရက္မွာေတာ့ ေ႐ႊေဈးႏႈန္း က်ပ္ ၁၈သိန္း ငါးေသာ င္းအထိ ေဈးျပန္တက္လာတာျဖစ္ပါတယ္။ “အရင္တနလၤာက ၁၈သိန္း ၁ေသာင္းအထိက်တယ္၊ အခုေတာ့ ၁၈သိန္း ၅ေသာင္းအထိ နည္းနည္းျပန္ တက္လာတယ္။ ေဈးကေတာ့ ၁၈ သိန္းနဲ႕ ၁၉သိန္းၾကားမွာရွိေနတာပဲ။”လို႔ ေ႐ႊဆိုင္ပိုင္ရွင္ျဖစ္တဲ့ ကိုေဇာ္ေအာင္က ဘီဘီစီကိုေျပာပါတယ္။…
စစ္ေကာင္စီ တာဝန္ရွိသူေတြဘက္ကေတာ့ အခုလို ေ႐ႊေဈးတက္တာဟာ ေဈးကြက္ ကစားတာေၾကာင့္လို႔ ဆိုကာ ေ႐ႊေဈးကစားသူတခ်ိဳ႕ကို ေခၚယူသတိေပးတာေတြလုပ္တယ္လို႔ ေ႐ႊလုပ္ငန္းရွင္အသိုင္းအဝိုင္းကေန သိရပါတယ္။ဒီလိုအေခါက္ေ႐ႊတစ္က်ပ္သားကို ၁၈ သိန္းေက်ာ္လာတာဟာ ျမန္မာ့ေ႐ႊေဈးသမိုင္းမွာအျမင့္ဆုံး မွတ္တမ္းဝင္တဲ့ ေဈးလည္းျဖစ္သလို အေမရိကန္ေဒၚလာနဲ႕ ျမန္မာေငြလဲႏူန္း တစ္ေဒၚလာကို ၂၀၀၀ ေက်ာ္လာတာဟာ စံခ်ိန္တင္တဲ့ မွတ္တမ္းတစ္ခုျဖစ္ပါတယ္။…
ယူနီကုဒ်ဖြင့် ဖတ်ရန်
စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်က ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ပြန်ပြီး တက်လာခဲ့တယ်လို့ ရန်ကုန်ဈေးကွက် အတွင်းကသိရပါတယ်။ရန်ကုန် ရွှေဈေးက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၈ သိန်း ငါးသောင်းကျော်နဲ့ ဒီကနေ့ ဈေးပိတ်သွားခဲ့ပါတယ်၊…
ရန်ကုန်က ငွေလဲကောင်တာ အချို့မှာ ဒီကနေ့ အမေရိကန်တစ်ဒေါ်လာကို သူတို့ဆီကဝယ်ရင် ၂၀၁၀ ကျပ်ကျော်နဲ့ ဈေးပေါက်နေပြီးတော့ ကောင်တာတွေကို ပြန်ရောင်းရင်တော့ ၁၉၈၀ ကျပ်နဲ့ ဝယ်တာတွေ့ရပါတယ်။ဗဟိုဘဏ်ကတော့ အမေရိကန်ဒေါ်လာ ၁၅ သန်းဒီနေ့ ဈေးပြိုင်လေလံနဲ့ရောင်းချပေးခဲ့ပြီး လေလံဈေးက အမေရိကန်တစ်ဒေါ်လာကို ၁၇၅၀ ကျပ်ဖြစ်တယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။…
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ၂၃ သန်းကို ဈေးကွက်အတွင်းတစ်ဒေါ်လာ ၁၇၅၀ ကျပ်နူန်းနဲ့ ဝင်ရောင်းပေးခဲ့တာရှိပြီး၊အဲ့ဒီနောက်မှာ အမေရိကန်ဒေါ်လာဈေးတွေ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ အောက်ပြန်ကျလာခဲ့ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လကုန်က စစ်ကောင်စီအစည်းအဝေးမှာ ကောင်စီဝင်တချို့က ဒေါ်လာဈေးနဲ့ ရွှေဈေး ကစားနေသူတွေကို ဖော်ထုတ်အရေးယူဖို့ ဆွေးနွေးခဲ့ကြပါတယ်။…
အဲ့ဒီနောက် စစ်ကောင်စီက ဒေါ်လာဈေးကွက်နဲ့ ရွှေဈေးကွက်ထဲ ဝင်ရောက်ထိန်းကျောင်းဖို့ ကြိုးစားလာပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေတို့ ဝယ်ရောင်းလုပ်ရာမှာ အများဆုံးထားရမဲ့ ကွာဟချက်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီး နူန်းရှင်ဖြစ်လာခဲ့ပါတယ်။…
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ဒေါ်လာဈေးတွေ တစ်ဒေါ်လာကို ၂၀၀၀ ကျပ်အထက်ဈေးပေါက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်က ဒေါ်လာတွေဈေးပြိုင်ဝင်ရောင်းလို့ ပြန်ကျလာခဲ့ပါတယ်။ဒါပေမဲ့ ဒီနေ့စက်တင် ဘာလ ၂၀ ရက်နေ့ ဈေးကွက်အတွင်း အမေရိကန်ဒေါ် လာဈေးတွေ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ အောက်ကန တဖြည်းဖြည်း ပြန်တက်လာပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ၂၀၀၀ အထက်ကိုပြန်ရောက်လာခဲ့ပါတယ်။…
ဒီကနေ့မနက်ပိုင်းက ရန်ကုန်မှာ အမေရိကန်တစ်ဒေါ်လာကို လုပ်ငန်းငွေပေးချေမှုတွေမှာ ၁၉၄၀ ကျပ်နဲ့ တွက် ချက်ပြီးပေးချေခဲ့ရကြောင်းနဲ့ ညနေပိုင်းမှာ ငွေလဲနူန်း တွေ အခုလိုပြောင်းလာတာဖြစ်တယ်လို့လည်း ရန်ကုန်က လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။စက် တင်ဘာလ ၁၀ ရက်နေ့က ၂၀ ရက်နေ့ အထိဗဟိုဘဏ်က ဈေးကွက်ထဲကို ဒေါ်လာထုတ်ရောင်းတာ ၃၈ သန်းရှိလာပြီ ဖြစ်ပါတယ်။…
အလားတူ ဒီကနေ့ ရန်ကုန်က ရွှေဈေးတွေလည်းအကယ် ဒမီ အခေါက်ရွှေ တစ်ကျပ်သား ၁၈ သိန်းကျော်လာတယ်လို့ ရန်ကုန်ရွေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ရွှေအရောင်းအဝယ်တွေကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြဖို့ အသင်းရုံးခန်း ဖွင့်ချိန်ပိတ်ချိန် ပြောင်းလဲသတ်မှတ်တဲ့ အလုပ်အမှုဆောင်အစည်း အဝေးတစ်ရပ်ကို စက်တင်ဘာလ (၁၈)ရက်နေ့မနက်ပိုင်းက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း အစည်း အဝေးခန်းမမှာ ကျင်းပခဲ့ပြီးတော့ ရောင်းတာဝယ်တာတွေကို ၁၀ ကျပ်သားစီပဲ လုပ်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။…
ဒါ့အပြင် ရွှေနဲ့ ကျပ်ငွေ သယ်ယူခွင့် ထောက်ခံချက် လက်မှတ်တွေကို အသင်းဝင်တွေကို ထုတ်ပေးဖို့ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာတော့ ရွှေဈေးနှုန်း ကျပ် ၁၈သိန်း ငါးသော င်းအထိ ဈေးပြန်တက်လာတာဖြစ်ပါတယ်။ “အရင်တနင်္လာက ၁၈သိန်း ၁သောင်းအထိကျတယ်၊ အခုတော့ ၁၈သိန်း ၅သောင်းအထိ နည်းနည်းပြန် တက်လာတယ်။ ဈေးကတော့ ၁၈ သိန်းနဲ့ ၁၉သိန်းကြားမှာရှိနေတာပဲ။”လို့ ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကိုဇော်အောင်က ဘီဘီစီကိုပြောပါတယ်။…
စစ်ကောင်စီ တာဝန်ရှိသူတွေဘက်ကတော့ အခုလို ရွှေဈေးတက်တာဟာ ဈေးကွက် ကစားတာကြောင့်လို့ ဆိုကာ ရွှေဈေးကစားသူတချို့ကို ခေါ်ယူသတိပေးတာတွေလုပ်တယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ဒီလိုအခေါက်ရွှေတစ်ကျပ်သားကို ၁၈ သိန်းကျော်လာတာဟာ မြန်မာ့ရွှေဈေးသမိုင်းမှာအမြင့်ဆုံး မှတ်တမ်းဝင်တဲ့ ဈေးလည်းဖြစ်သလို အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနူန်း တစ်ဒေါ်လာကို ၂၀၀၀ ကျော်လာတာဟာ စံချိန်တင်တဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။…