သူမမှာရှိတဲ့ ငွေတွေအကုန်လုံးကို ခက်ခဲနေတဲ့ CDM သမားတွေကိုအကုန်လှူဒါန်းလိုက်တဲ့ ဟန်နာယူရီ
တိုင်းပြည်မငြိမ်မသက်စဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မြန်မာ့အရေးအတွက် ပါဝင်လှုပ်ရှားခဲ့ပြီး ယနေ့ထက်ထိလည်း တက်ကြွနေဆဲဖြစ်တဲ့ ဟန်နာယူရီဟာ အလှူတွေ အဆက်မပြတ်လုပ်သလို အခုလက်ရှိမှာလည်း သူမ အိမ်လခပေးရမယ့် ငွေတွေကိုပါ
CDM သမားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ကျောင်းကထောက်ပံ့ခဲ့တဲ့ ထောက်ပံ့ကြေးငွေနဲ့ လှူဒါန်းတဲ့အပြင် တချို့ခက်ခဲလွန်းတဲ့ အခြေအနေတွေကြောင့် မနေသာတော့ဘဲ အိမ်ငှားခငွေတွေကိုပါ အခုလို ထုတ်လှူလိုက်တာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ကိုရီးယားမှာ
လတ်တလော အလုပ်မရှိသေးဘဲ ရပ်တည်နေရတာဖြစ်လို့ ကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။ ချစ်ခင်နွေးထွေးပေးကြတဲ့ သူမရဲ့ အသိမိတ်ဆွေတွေကြောင့်သာ နေပျော်သလိုထင်ရပေမယ့် ကိုယ့်တိုင်းပြည် မအေးချမ်းတာတွေကိုမြင်တိုင်း ဟန်နာယူရီ
တစ်ယောက် စိတ်မချမ်းမသာဖြစ်ရသလို တိုင်းပြည်အရေးကို ကမ္ဘာက သိစေဖို့အတွက်လည်း သူမရဲ့လူမှုကွန်ယက်တွေကို အသုံးချပြီး နေ့တိုင်းသတင်းအမှန်တွေ ဝေမျှပေးခဲ့ပါတယ်။ လှူဒါန်းလိုက်ရတဲ့ သူမရဲ့ပီတိကို ”ဒီလ မြန်မာအတွက် total (၁၃) ယောက်စာလှူပါတယ်။
ကျောင်းကပေးတဲ့ ထောက်ပံ့ကြေးနဲ့ လှူတာပါ ထောက်ပံ့ကြေးက ကြာနေတာနဲ့ အချို့လူတွေက စားရေးအရမ်းခက်ခဲနေတာနဲ့ ကျမက အိမ်လခနဲ့ ဒီနေ့စိုက်လှူလိုက်ပါတယ်။ ထပ်အလှူခံလာသူတွေကို ထပ်မလှူနိုင်သေးတာ နားလည်ပေးကြပါ။ ကျမလည်း အလုပ်မရှိ
ဝင်ငွေမရှိဖြစ်နေလို့ပါရှင့်” ဆိုပြီး Instagram Myday မှာ ရင်ဖွင့်လာခဲ့ပါတယ်။ နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် မြန်မာပြည်အတွက် ေ.သွ.းေ.အ.းမနေဘဲ ရတဲ့ဖက်ကနေ အမြဲတမ်း တက်တက်ကြွကြွ ကူညီပေးတာ တကယ်ကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
ကိုရီးယားမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ အမြဲဖြေပေးကာ ခက်ခဲနေတဲ့ မြန်မာပြည် အတွက် ကောက်ရိုးတစ်မျှင် ဖြစ်ပေးခဲ့ပါတယ်။ မှန်ကန်တဲ့သတင်းတွေကို ကမ္ဘာကသိစေဖို့ ဒီလိုလူမျိုးတွေ အများကြီးလိုအပ်ပါတယ်။ ဘယ်တော့မှ
ေ.သွ.းေ.အ.းမသွားဘဲ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေခဲ့ပါတယ်။ အိမ်လခပေးရမယ့် ငွေအထိပါ စိုက်ထုတ်ပြီးလှူဒါန်းပေးတဲ့ ဟန်နာယူရီရဲ့ မြင့်မြတ်လွန်းတဲ့စေတနာကို အကြိမ်ကြိမ် သာဓု ခေါ်ဆိုမိပါတယ်။
Credit
သူမမွာရွိတဲ့ ေငြေတြအကုန္လုံးကို ခက္ခဲေနတဲ့ CDM သမားေတြကိုအကုန္လွဴဒါန္းလိုက္တ့ဲ ဟန္နာယူရီ
တိုင္းျပည္မၿငိမ္မသက္စျဖစ္တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက ျမန္မာ့အေရးအတြက္ ပါဝင္လႈပ္ရွားခဲ့ၿပီး ယေန႔ထက္ထိလည္း တက္ႂကြေနဆဲျဖစ္တဲ့ ဟန္နာယူရီဟာ အလႉေတြ အဆက္မျပတ္လုပ္သလို အခုလက္ရွိမွာလည္း သူမ အိမ္လခေပးရမယ့္ ေငြေတြကိုပါ
CDM သမားေတြအတြက္ လႉဒါန္းေပးခဲ့ပါတယ္။ ေက်ာင္းကေထာက္ပံ့ခဲ့တဲ့ ေထာက္ပံ့ေၾကးေငြနဲ႔ လႉဒါန္းတဲ့အျပင္ တခ်ိဳ႕ခက္ခဲလြန္းတဲ့ အေျခအေနေတြေၾကာင့္ မေနသာေတာ့ဘဲ အိမ္ငွားခေငြေတြကိုပါ အခုလို ထုတ္လႉလိုက္တာပဲ ျဖစ္ပါတယ္။ သူမအေနနဲ႔ ကိုရီးယားမွာ
လတ္တေလာ အလုပ္မရွိေသးဘဲ ရပ္တည္ေနရတာျဖစ္လို႔ ကိုယ္တိုင္လည္း အခက္အခဲေတြနဲ႔ ရွင္သန္ေနရသူပါ။ ခ်စ္ခင္ေႏြးေထြးေပးၾကတဲ့ သူမရဲ႕ အသိမိတ္ေဆြေတြေၾကာင့္သာ ေနေပ်ာ္သလိုထင္ရေပမယ့္ ကိုယ့္တိုင္းျပည္ မေအးခ်မ္းတာေတြကိုျမင္တိုင္း ဟန္နာယူရီ
တစ္ေယာက္ စိတ္မခ်မ္းမသာျဖစ္ရသလို တိုင္းျပည္အေရးကို ကမာၻက သိေစဖို႔အတြက္လည္း သူမရဲ႕လူမႈကြန္ယက္ေတြကို အသုံးခ်ၿပီး ေန႔တိုင္းသတင္းအမွန္ေတြ ေဝမွ်ေပးခဲ့ပါတယ္။ လႉဒါန္းလိုက္ရတဲ့ သူမရဲ႕ပီတိကို ”ဒီလ ျမန္မာအတြက္ total (၁၃) ေယာက္စာလႉပါတယ္။
ေက်ာင္းကေပးတဲ့ ေထာက္ပံ့ေၾကးနဲ႔ လႉတာပါ ေထာက္ပံ့ေၾကးက ၾကာေနတာနဲ႔ အခ်ိဳ႕လူေတြက စားေရးအရမ္းခက္ခဲေနတာနဲ႔ က်မက အိမ္လခနဲ႔ ဒီေန႔စိုက္လႉလိုက္ပါတယ္။ ထပ္အလႉခံလာသူေတြကို ထပ္မလႉႏိုင္ေသးတာ နားလည္ေပးၾကပါ။ က်မလည္း အလုပ္မရွိ
ဝင္ေငြမရွိျဖစ္ေနလို႔ပါရွင့္” ဆိုၿပီး Instagram Myday မွာ ရင္ဖြင့္လာခဲ့ပါတယ္။ ႏိုင္ငံရပ္ျခားကို ေရာက္ေနေပမယ့္ ျမန္မာျပည္အတြက္ ေ.သြ.းေ.အ.းမေနဘဲ ရတဲ့ဖက္ကေန အၿမဲတမ္း တက္တက္ႂကြႂကြ ကူညီေပးတာ တကယ္ကို ေက်းဇူးတင္ဖို႔ ေကာင္းပါတယ္။
ကိုရီးယားမွာလည္း ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးေတြ အၿမဲေျဖေပးကာ ခက္ခဲေနတဲ့ ျမန္မာျပည္ အတြက္ ေကာက္႐ိုးတစ္မွ်င္ ျဖစ္ေပးခဲ့ပါတယ္။ မွန္ကန္တဲ့သတင္းေတြကို ကမာၻကသိေစဖို႔ ဒီလိုလူမ်ိဳးေတြ အမ်ားႀကီးလိုအပ္ပါတယ္။ ဘယ္ေတာ့မွ
ေ.သြ.းေ.အ.းမသြားဘဲ ျမန္မာျပည္သူေတြနဲ႔ တစ္သားတည္း ရပ္တည္ေနခဲ့ပါတယ္။ အိမ္လခေပးရမယ့္ ေငြအထိပါ စိုက္ထုတ္ၿပီးလႉဒါန္းေပးတဲ့ ဟန္နာယူရီရဲ႕ ျမင့္ျမတ္လြန္းတဲ့ေစတနာကို အႀကိမ္ႀကိမ္ သာဓု ေခၚဆိုမိပါတယ္။
Credit