တဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကို ဟောစာတမ်းထုတ်လိုက်တဲ့ ဆရာမတစ်ဦး
ဇာတာခွင်တွေကိုတွက်ချက်ပြီး အမှန်အတိုင်း ဟောကိန်းထုတ်လေ့ရှိတဲ့ ဆရာမတစ်ဦးကယခုတစ်ခါမှာတော့ သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကို တွက်ချက်ခဲ့
တာ ဖြစ်ပါတယ် ။ဆရာမက အချိန်(၃)ရက်ကြာအောင် စဉ်းစားပြီးမှသာသီတဂူဆရာတော်ကြီးရဲ့မွေးနေ့ဇာတာကို
တွက်ချက်ပြီး ဗေဒင်ပညာရပ်ဖြင့် လှူဒါန်းလိုက်တာ ဖြစ်ပါတယ် ။ဆရာမအနေနဲ့ ဟောမိတဲ့အခါမှာ အဆဲခံရခြင်း၊ အဖမ်းခံရခြင်း ၊ အသတ်ခံရခြင်းစတဲ့ ဘေးအမျိုး
မျိုးကိုကြုံနိုင်တယ်လို့ ခန့်မှန်းသိပေမယ့် အခုလို ဟောခဲ့ရတဲ့အကြောင်းရင်းကို ပြောပြခဲ့ပါသေးတယ်၊

ဆရာမက သက်ရှိသတ္တဝါတို့ရဲ့ကံတရားကြောင့် ကျရောက်နိုင်တဲ့ ဘေးအမျိုးမျိုးကနေ ဗေဒင်ပညာနဲ့ကယ်တင်နိုင်ရေးအတွက် ရည်မှန်းပြီး လေ့လာသင်ယူနေသူဖြစ်
တယ်လို့ ဆိုပါတယ်။ဒါကြောင့် တွက်ထားပြီး ဇာတာခွင်ကို ကြောက်စိတ်ကြောင့် မဟောခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ပညာနဲ့
ကျင့်စဉ်အပေါ်မှာသစ္စာဖောက်သလိုဖြစ်မှာကို မလိုလားတာကြောင့် ရတနာသုံးပါးကို အမှူးထားပြီးကောင်းမြတ်တဲ့စိတ်စေတနာတို့ဖြင့် ဒီဟောစာတမ်းကို ရေးသားခဲ့
ဖြစ်တယ်လို့ ဆရာမကပြောပြထားတာ ဖြစ်ပါတယ် ။အဲ့ဒီနောက်မှာတော့ ဆရာမက သင်ယူလေ့လာခဲ့တဲ့ပညာရပ်တွေအပေါ် အခြေခံပြီး

သူမအနေနဲ့ မြင်တွေ့ရတာတွေကို ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ် ။ဟောစာတမ်းကို ရေးသားပြောပြီးတဲ့အချိန်မှာတော့ ဆရာမက သီတဂူဆရာတော်ဘုရားကြီး
အတွက်ယတြာနှစ်ခုကို လျှောက်ထားတင်ပြခဲ့တာ ဖြစ်ပါတယ် ။ပထမယတြာအဖြစ် ဆရာမက “ဝိပဿနာတရားကို အချိန်ယူပြီး
အားထုတ်ပေးတော်မူပါဘုရား။ ဓမ္ဓာနုပဿနာ ပွားရပါမယ် ဘုရား၊ဆရာတော်ဘုရားအနေနဲ့ အပျက်တွေကို ရှု့ရမဲ့အချိန်ကာလက (၉) လတိတိပါဘုရား။ရှုပွားနိုင်ခဲ့
မယ်ဆိုရင်တော့ ဆရာတော်ဟာ တရားထူးလည်းရနိုင်တဲ့ နက္ခတ်အခါလည်း မိပါတယ် ဘုရား။” ဆိုပြီး လျှောက်ခဲ့တာ ဖြစ်ပါတယ် ။

ဒုတိယယတြာကတော့ ကယ်တင်ခြင်းကိုလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ သက်တော် (၈၅)နှစ်အတွက်သက်ရှိသတ္တဝါ (၈၅၀၀) ကို ကယ်တင်ပေးရမှာဖြစ်ကြောင်း၊
မြန်မာနိုင်ငံရဲ့အကျဉ်းထောင် အသီးသီးမှာအဖမ်းခံနေရသူပေါင်း (၈၄၀၀)ကျော်ရှိနေတဲ့အတွက် ဖမ်းထားတဲ့သောသူများကို လွတ်မြောက်ခွင့်ပေးသောနည်းလမ်းနဲ့
ယတြာချေပေးနိုင်ကြောင်း” စသည်ဖြင့် ဟောပြောတင်ပြထားတာ တွေ့ရပါတယ်။သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကိုတွက်ချက်ပြီး ဗေဒင်ပညာရပ်ဖြင့် လှူဒါန်း
ပူဇော်လိုက်တဲ့ဆရာမတစ်ဦးရဲ့ဟောပြောချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

Source Credit-“May Thingyan Hein-Myitmakha” FB Page
တဂူဆရာေတာ္ဘုရားႀကီးရဲ့ဇာတာကို ေဟာစာတမ္းထုတ္လိုက္တဲ့ ဆရာမတစ္ဦး
ဇာတာခြင္ေတြကိုတြက္ခ်က္ၿပီး အမွန္အတိုင္း ေဟာကိန္းထုတ္ေလ့ရွိတဲ့ ဆရာမတစ္ဦးကယခုတစ္ခါမွာေတာ့ သီတဂူဆရာေတာ္ဘုရားႀကီးရဲ႕ဇာတာကို တြ
က္ခ်က္ခဲ့တာ ျဖစ္ပါတယ္ ။ဆရာမက အခ်ိန္(၃)ရက္ၾကာေအာင္ စဥ္းစားၿပီးမွသာသီတဂူဆရာေတာ္ႀကီးရဲ႕ေမြးေန႔ဇာတာကို
တြက္ခ်က္ၿပီး ေဗဒင္ပညာရပ္ျဖင့္ လႉဒါန္းလိုက္တာ ျဖစ္ပါတယ္ ။ဆရာမအေနနဲ႔ ေဟာမိတဲ့အခါမွာ အဆဲခံရျခင္း၊ အဖမ္းခံရျခင္း ၊ အသတ္ခံရျခင္းစတဲ့ ေ
ဘးအမ်ိဳးမ်ိဳးကိုႀကဳံႏိုင္တယ္လို႔ ခန႔္မွန္းသိေပမယ့္ အခုလို ေဟာခဲ့ရတဲ့အေၾကာင္းရင္းကို ေျပာျပခဲ့ပါေသးတယ္၊
ဆရာမက သက္ရွိသတၱဝါတို႔ရဲ႕ကံတရားေၾကာင့္ က်ေရာက္ႏိုင္တဲ့ ေဘးအမ်ိဳးမ်ိဳးကေန ေဗဒင္ပညာနဲ႔ကယ္တင္ႏိုင္ေရးအတြက္ ရည္မွန္းၿပီး ေလ့လာသင္
ယူေနသူျဖစ္တယ္လို႔ ဆိုပါတယ္။ဒါေၾကာင့္ တြက္ထားၿပီး ဇာတာခြင္ကို ေၾကာက္စိတ္ေၾကာင့္ မေဟာခဲ့ဘူးဆိုရင္ ကိုယ့္ရဲ႕ပညာနဲ႔
က်င့္စဥ္အေပၚမွာသစၥာေဖာက္သလိုျဖစ္မွာကို မလိုလားတာေၾကာင့္ ရတနာသုံးပါးကို အမႉးထားၿပီးေကာင္းျမတ္တဲ့စိတ္ေစတနာတို႔ျဖင့္ ဒီေဟာစာတ
မ္းကို ေရးသားခဲ့တာျဖစ္တယ္လို႔ ဆရာမကေျပာျပထားတာ ျဖစ္ပါတယ္ ။အဲ့ဒီေနာက္မွာေတာ့ ဆရာမက သင္ယူေလ့လာခဲ့တဲ့ပညာရပ္ေတြအေပၚ အေျခ
ခံၿပီး
သူမအေနနဲ႔ ျမင္ေတြ႕ရတာေတြကို ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္ ။ေဟာစာတမ္းကို ေရးသားေျပာၿပီးတဲ့အခ်ိန္မွာေတာ့ ဆရာမက သီတဂူဆ
ရာေတာ္ဘုရားႀကီးအတြက္ယၾတာႏွစ္ခုကို ေလွ်ာက္ထားတင္ျပခဲ့တာ ျဖစ္ပါတယ္ ။ပထမယၾတာအျဖစ္ ဆရာမက “ဝိပႆနာတရားကို အခ်ိန္ယူၿပီး
အားထုတ္ေပးေတာ္မူပါဘုရား။ ဓမၶာႏုပႆနာ ပြားရပါမယ္ ဘုရား၊ဆရာေတာ္ဘုရားအေနနဲ႔ အပ်က္ေတြကို ရႈ႕ရမဲ့အခ်ိန္ကာလက (၉) လတိတိပါဘုရား။ရႈ
ပြားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ဆရာေတာ္ဟာ တရားထူးလည္းရႏိုင္တဲ့ နကၡတ္အခါလည္း မိပါတယ္ ဘုရား။” ဆိုၿပီး ေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္ ။
ဒုတိယယၾတာကေတာ့ ကယ္တင္ျခင္းကိုလုပ္ေဆာင္ရမွာျဖစ္ေၾကာင္း၊ သက္ေတာ္ (၈၅)ႏွစ္အတြက္သက္ရွိသတၱဝါ (၈၅၀၀) ကို ကယ္တင္ေပးရမွာျဖ
စ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕အက်ဥ္းေထာင္ အသီးသီးမွာအဖမ္းခံေနရသူေပါင္း (၈၄၀၀)ေက်ာ္ရွိေနတဲ့အတြက္ ဖမ္းထားတဲ့ေသာသူမ်ားကို လြ
တ္ေျမာက္ခြင့္ေပးေသာနည္းလမ္းနဲ႔
ယၾတာေခ်ေပးႏိုင္ေၾကာင္း” စသည္ျဖင့္ ေဟာေျပာတင္ျပထားတာ ေတြ႕ရပါတယ္။သီတဂူဆရာေတာ္ဘုရားႀကီးရဲ႕ဇာတာကိုတြက္ခ်က္ၿပီး
ေဗဒင္ပညာရပ္ျဖင့္ လႉဒါန္းပူေဇာ္လိုက္တဲ့ဆရာမတစ္ဦးရဲ႕ေဟာေျပာခ်က္ကို ေဖာ္ျပေပးလိုက္ရပါတယ္။
Source Credit-“May Thingyan Hein-Myitmakha” FB Page



