23.9.2021 မှ 29.9.2021 အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်း မိမိအပေါ်တွင် မလိုသူများနေမည်။အထက်လူကြီးများနှင့် ပတ်သက်၍ နှလုံးစိတ်ဝမ်း မငြိမ်းချမ်းဘဲဖြစ် နေမည်။ မြင့်သောနေရာ သို့မဟုတ် တွင်း
အနိမ့်ထဲသို့ မတော်တဆပြုတ်ကျတတ်မှုများ ဖြစ်စေတတ်ပါ၍ အထူးသတိထားပါ။ ရာထူးတိုးခြင်း၊ နယ်မြေသစ်များတွင် တာဝန်ထမ်းဆောင်ရခြင်း များ ဖြစ်ပေါ်
တတ်ပါတယ်။
ဩဇာအာဏာထက်မြက်ခြင်း၊ လုပ်ပိုင်ခွင်ပိုမိုရရှိခြင်းများ ဖြစ်ထွန်းလာပါလိမ့်မည်။ မိမိ၏လိုလားမှုမှန်သမျှ ပြည့်စုံ စွာ ရရှိနေပါသည်။ မိမိ၏လုပ်ငန်းများတွင် လည်း
စဉ်ဆက်မပြတ် အောင်မြင်မှုများ ရှိနေပါမည်။ အတွင်းရန်၊ အပြင် ရန်ဟူသမျှ ကင်းစင်ပျောက်ကွယ်သွားရပါလိမ့်မည်။ ငွေကြေးဥစ္စာများလည်း ထူးခြားစွာပိုင်ဆိုင်မှု
တိုးတတ်ရ တတ်ပါတယ်။ကျန်းမာရေးကတော့ခန္ဓာကိုယ်တစ်ခုလုံးညောင်းညာ ကိုက်ခဲနေတတ်ပါတယ်။
ကျွမ်းကျင်သူတွေနဲ့ အနှိပ်ခံတာမျိုး၊ရေနွေးနဲ့ရေချိုးတာမျိုးဆောင်ရွက်ပေးပါ။ အိမ်ထောင်ရှင်များဖြစ်ပါက အိမ်ထောင်ဖက်၏ ဩဇာ လွှမ်းမိုးခြင်းများ ခံရတတ်ပါ
တယ်။ အရေးကြီးသော ဆုံးဖြတ်ချက်များအတွက် အိမ်ထောင်ဖက်၏အမြင်၊ အယူအဆ များကို ဦးစားပေး၍ လက်ခံမှု ပြုပေးရပါလိမ့်မည်။ အချစ်ရေးနှင့်ပတ်သက်
လျှင် အယူအဆတူစွာဖြင့် စိတ်ချင်းနီးစပ် သူကိုသာ မျှော်လင့်နေမိပါလိမ့်မည်။ပညာရေးမှာတော့ ဆရာတွေနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။အကျိုးပေးဂဏန်း
၁/၃/၄အထူးဟော စိတ်ပင်ပန်းစရာတွေများတယ် ယတြာ အချိုရည်အလှူလေးတွေ များများလုပ်ပါ
တနင်္လာ
ဒီကာလအတွင်း ငွေပို၊ ငွေလျှံများ စုဆောင်းမိခြင်း၊ လာဘ်လာဘကောင်းခြင်းများ ရှိမည်။ လုပ်ငန်း အကြံ အစည်များလည်း အရှိန်အဟုန်ကောင်းနေမည်။
စိုက်ပျိုးရေးလုပ်ငန်း၊ ဆေးနှင့်ဆေးဝါးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာရောင်းဝယ်ခြင်းလုပ်ငန်းများမှ ဝင်ငွေကောင်းနေမည်။
ကျန်းမာရေးနှင့် ပတ်သက်၍ သွားနာ၊ သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ မထွက်နိုင်သောအံဆုံးကို ခွဲထုတ်ရခြင်းများရှိမည်။
ဝန်ထမ်းဖြစ်ပါက မိမိမျှော်လင့်နေသော သတင်းစကားကောင်းများ ကြားသိရတတ်သည်။ ဝင်ငွေတိုးခြင်း၊ လစာ တိုးခြင်းများရှိမည်။ သို့သော်အချင်းချင်းထဲမှ မိမိ
အပေါ်အမြင်မကြည်လင်သောသူများ ရှိနေတတ်ပါတယ်။ အချစ် ရေး တွင် အကောင်းအဆိုးများရှိနေမည်။ စီးပွားရေးကြောင့် ချစ်သူနှစ်ဦး ခေတ္တအနေဝေးနေရတတ်
သည်။ အိမ်ထောင်ရှင် များဖြစ်ပါက ဆွေမျိုးများနှိပ်စက်မှုကြောင့် လင်မယားချင်း ရန်ဖြစ်ရတတ်သည်။
ညဉ့်အိပ်၊ ညဉ့်နေ ဧည့်သည်များ လက်မခံသင့်ပါ။ ထိုသူတို့နှင့်အတူပြဿနာများ ပါလာတတ်သည်ကို သတိထားပါ။ ပညာရေးလိုက် စား သူဖြစ်ပါက ပညာရေးတွင်
ထူးချွန်အောင်မြင်မှု ရရှိတတ်ပါတယ်။ ဆရာသမား၏ ချီးကျူး ဂုဏ်ပြုခြင်းကို ခံရ တတ်ပါတယ်။ အကျိုးပေးဂဏန်း ၂/၅/၄အထူးဟော ကံမြင့်မားနေမယ် ယတြာ
လက်ဖက်လေးသုပ်ပြီး ဘုရားကပ်ပေးပါ
အင်္ဂါ
ဒီကာလအတွင်း လူမျိုးခြား၊ ဘာသာမတူသူတို့ထံမှ အကူအညီများရယူပြီး လုပ်ငန်းကြီးများ စမ်းသပ်လုပ် ကိုင်ရန် အခွင့်အခါနှင့် အရှိန်ကောင်းများပေါ်ထွက်လာ
မည်။ မိမိအနေဖြင့် အရာရာကို ဦးဆောင်ခေါင်းဆောင် လုပ်ကိုင်ရတတ်သည်။ အများတကာ၏လေးစားယုံကြည်မှု အားထားမှုကို ခံရတတ်သည်။ စပ်တူရှယ်ယာ
ထည့်ဝင် လုပ်ကိုင်ထားသော လုပ်ငန်းများမှလည်း အကျိုးအမြတ်များရရှိတတ်ပါတယ်။
သို့သော်လက်အောက်ငယ်သား အတွင်းလူ၏သစ္စာဖောက်ခံရတတ်မှုအတွက် သတိထားပါ။ ဝန်ထမ်းဖြစ်ပါက မိမိပြောဆိုသမျှအဆင်ပြေမည်။ အကြီးအကဲပုဂ္ဂိုလ်
များ၏ ကူညီမ စ မှုကို ခံရမည်။ ရရှိလာသောအခွင့်အရေးများကို တလွဲအသုံးမချမိစေရန် အရေး ကြီးသည်။ အခွင့်အရေးသည် နှစ်ခါမလာတတ်ပါ။ အိမ်ထောင်ရှင်
များဖြစ်ပါက အေးချမ်းသာယာသော တူနှစ်ကိုယ် တိုင်းပြည်ကို ထူထောင်နိုင်မည်။ နှစ်ဖက်ဆွေမျိုးများလည်း လာလည်တတ်သည်။
အလှူအတန်း ကုသိုလ်များ ထူးထူးခြားခြားပြုရလိမ့်မည်။ သို့သော်လက်ရှိအိမ်ကို ပြန်လည်ပြုပြင်ရခြင်း(သို့) တိုက်ခန်းအသစ် ဝယ်ယူရခြင်းများ ကြောင့် ငွေကြေး
ကုန်ကျမှုများမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အကြောတတ်ခြင်း၊ ဒူးနာ၊ ဒူးကိုက်ခြင်း၊ ကိုယ် လက်လေးလံကိုက်ခဲခြင်းများ ဖြစ်တတ်သည်။
အကျိုးပေးဂဏန်း ၃/၆/၅အထူးဟော စန်းအားကောင်းမယ်။ယတြာ ကြေးအိုးတစ်ပွဲ ဘုရားကပ်ပါ
ဗုဒ္ဓဟူး၊ရာဟု
ဒီကာလအတွင်း စပ်တူစီးပွားရေးလုပ်ငန်းများတွင် ပူးတွဲလုပ်ကိုင်နိုင်ရန် အဆင်ပြေပါသည်။ ငွေချေးငှားရန် ရှိပါက ယခုကာလသည်အကောင်းဆုံးအချိန်ဖြစ်ပါသည်။
မိမိနှင့်အတူတကွဆက်ဆံရသူ သို့မဟုတ် စီးပွားပြိုင်ဘက် များနှင့် သူ့မာန၊ ကိုယ့်မာနထိပ်တိုက်တွေ့ရမည့် အချိန်မျိုးဖြစ်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပါက မိမိ
အိမ်ထောင်ဖက် နှင့် စိတ်သဘောထား တိုက်ဆိုင်မှုရှိနေပါလိမ့်မည်။ မတော်တဆထိခိုက်မှုမျိုး ရှိနေပါလိမ့်မည်။
မထင်မှတ်ထားသော အနာရောဂါများ ပေါ်ပေါက်လာတတ်ပါတယ်။ မကောင်းမှန်းသိပါလျှက်နှင့် ကျူးလွန်မိခြင်းမျိုး ကြုံရတတ်ပါတယ်။ အချစ်ရေးတွင် မလိုသူများ
ချောက်တွန်း၍ နှစ်ကိုယ်တူ တစ်ယောက်တစ်ခွန်း ပြဿနာရှင်းရခြင်းများ ကြုံရပါ လိမ်မည်။ အမြင်၊ အကြား၊ အသိ၊ မသေချာဘဲ ဘေးလူပြောစကားဖြင့် တွေးပူ
ဒေါသ မဖြစ်ပါစေနှင့်။
လုပ်ဖော် ကိုင်ဖက်အချင်းချင်းသတိနှင့်ဆင်ခြင်၍ ပူးပေါင်းနိုင်ရန်သာလိုပါလိမ့်မည်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ နေထိုင်ရခြင်းများ ရှိတတ်ပါတယ်။
အာရုံကြောဆိုင်ရာဝေဒနာများ ခံစားရတတ်ပါတယ်။ မွေးရပ်မြေဒေသများဆီသို့ ခေတ္တခဏလည်ပတ်ခွင့် ကြုံရပါလိမ့်မည်။ ပညာရေးအတွက်အားသာချက်များရှိ
မည်။ တရားရှာနေသူများ ဉာဏ်စဉ် တက်လာတာမျိုးကြုံရလိမ့်မယ်။အကျိုးပေးဂဏန်း ၄/၆/၈အထူးဟော ကံအင်အားနည်းပါးနေမည်။ယတြာ သစ်သီးခြောက်မျိုး
ခန့် ဘုရားကပ်လှူပါ
ကြာသပတေး
ဒီကာလအတွင်း တပည့်လက်အောက်ငယ်သားများက မိမိကောင်းကျိုးအတွက် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါတယ်။ စိတ်ဓါတ်များစွာကျဆင်းနေ
မည်။ အရာရာတွင် ခွင့်လွှတ်သည်းခံမှုများစွာဖြင့် စိတ်ဆင်းရဲနေရပါလိမ့်မည်။ သားသမီးများ၏အောင်မြင်မှုအလိုက် သိတတ်မှုများ ကြောင့် စိတ်ချမ်းမြေ့ရပါ လိမ့်
မည်။ မိတ်ဆွေဟန်ဆောင်၍ လိမ်လည်ကောက်ကျစ်တတ်သူများ မိမိနေအိမ်သို့ ရောက်ရှိလာတတ်ပါတယ်။
အမှတ် မထင် ခရီးသွားဟန်လွဲကြုံရခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ အထူးသတိထား ရပါလိမ့်မည်။ အိမ်ထောင်ရှင်များ ဖြစ်ပါက အိမ်ထောင်ဖက်နှင့် အကြီးအကျယ်
စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ အသေးအဖွဲ့မှ အကြီးမား ဆုံးအခြေအနေအထိ ဖြစ်စေတတ်ပါတယ်။ အချစ်ရေးတွင် ချစ်သူအတွက် ပူပန်စိတ်မော၍
စိတ်မချနိုင်သော စိုးရိမ်မှုများ ဖြစ်ပေါ်ခံစားရပါလိမ့်မည်။
မိသားစုအတွင်းတစ်ဦးနှင့်တစ်ဦးနားလည်မှုဖြင့် လက်ခံနိုင်စရာ များကိုသာ မျှ ဝေခံစားပါ။ ကျန်းမာရေး အကောင်းများသည်။ နာတာရှည်ဖြစ်နေသူတောင် နလန်ပြန်
ထလာနိုင် ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ရတာ၊ချစ်ရေးဆိုခံရတာမျိုးတွေဒီကာလမှာကြုံလွယ်တတ်ပါတယ်။ပညာရေးကံ အင်တာဗျူးကံကောင်းနေ
မည်။
အကျိုးပေးဂဏန်း ၁/ဝ/၅အထူးဟော အကောင်းအဆိုးမျှပါတယ်။ယတြာ နို့ကြက်ဥတစ်ခွက်ဘုရားကပ်လှူပေးပါ
သောကြာ
ဒီကာလအတွင်း မိဘလက်ငုတ်မှကျော်လွန်သော၊ မျိုးရိုးတွင်လုပ်ကိုင်ဖူးခြင်းမရှိသော လုပ်ငန်းမျိုးလုပ် ကိုင်ခြင်းဖြင့် အကျိုးအမြတ် ဖြစ်ထွန်းမှုများရရှိမည်။
စီးပွားရေးလုပ်ငန်းသစ် စတင်အကောင်အထည်ဖေါ်ခြင်း၊ အိမ်ခန်း၊ တိုက်ခန်းသစ်များ ဝယ်ယူခြင်းပြုမည်ဆိုပါက ဤကာလသည် အချိန်အခါကောင်းဖြစ်၍ ပြုလုပ်
သင့်ပါ တယ်။ ပြည်ပတွင်သွားရောက်၍ လုပ်ကိုင်နေသော သင့်မိသားစုဝင်တစ်ဦး အခြေအနေအကြောင်းအကြောင်း ကြောင့် ပြန်လာရတတ်သည်။
ဝန်ထမ်းဖြစ်ပါက လုပ်ငန်းမှအပြောင်းအလဲတစ်ခုခု လုပ်ကိုင်လိုသောဆန္ဒများ ဖြစ်ပေါ်နေမည်။ အပြောင်းအလဲလုပ်ကိုင်ပါကလည်း အခြေအနေကောင်းများ ဖြစ်
ပေါ်နိုင်မည်။ စိုးရိမ်စရာ နည်းနည်းမှမရှိနိုင်ပါ။ အိမ်ထောင်ရှင်ဖြစ်ပါက မိမိအိမ်ထောင်ဖက်အပေါ် စိတ်မချဘဲဖြစ်နေတတ်သည်။ တစ်ခါတစ်ရံ ပူညံပူညံ ကိစ္စများ ရှိ
နေမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အအေးမိခြင်း၊ လေပြွန်ရောင်ခြင်း၊ ခါးကိုက်ခြင်း၊ အထိုင်အထခက်ခဲခြင်းများ ဖြစ်တတ်သည်။
ငယ်ရွယ်သူများဖြစ်ပါက အချိန်အခါမဟုတ် အပြင်ထွက်ခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာခြင်းမှ မမျှော်လင့်ပဲ ရန်ပြဿနာပေါ်တတ်သည်ကို အထူး
သတိထားပါ။ အချစ်အတွက် စွန့်စားခြင်းမျိုးရှောင်ပါ။ အကျိုးပေးဂဏန်း ၁/၆/၉ အထူးဟော စီးပွားရေးအရှိန်မြှင့်တင်နိုင်မယ်။ယတြာ ကြက်သွန်ကြော် ဘုရား
ကပ်လှူပါ
စနေ
ဒီကာလအတွင်း ဝင်ငွေနှင့်ထွက်ငွေမမျှဘဲ ဖြစ်တတ်သည်။ ဝင်သမျှငွေမမြဲဘဲ အကုန်အကျများမည်။ ငွေကြေး ကိစ္စကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့်တစ်ဦး
စကားအခြေအတင်ပြောရခြင်းများရှိမည်။ စီးပွားရေး လုပ်ငန်းတွင် မိမိဆန္ဒရှိသည့် အတိုင်း လုပ်ကိုင်ခြင်းဖြင့် အဆင်ပြေမှုများရှိမည်။ အများ၏သဘော၊
အများ၏ဆန္ဒ အရလုပ်ကိုင်ခြင်းဖြင့် အဆင်မပြေမှုများ ဆင့်ကဲဖြစ်ပေါ်တတ်သည်။
အိမ်ထောင်ရှင်များဖြစ်ပါက မလိမ္မာသော သားသမီးများကြောင့် အရှက်ကွဲရခြင်း၊ ငွေကုန်ကြေးကျများရခြင်းများ၊ စိတ်ညစ်ရခြင်းများရှိမည်။ ကျန်းမာရေးမှာ စိတ်နှင့်
ပတ်သက်သော ဝေဒနာများဖြစ်ပေါ်ခံစားရတတ်သည်။ အစာအိမ်မကောင်းခြင်း၊ အဆုတ်အားနည်းခြင်း၊ ခွဲစိတ်ကုသမှုခံရခြင်းများ ရှိမည်။ ယခုကာလအတွင်း
ဘာသာရေးလုပ်ငန်းများကို အချိန်ပေးလုပ်ကိုင်သင့်ပါတယ်။
ဘာသာရေးလုပ်သလောက် အဆင်ပြေကံကောင်းမှုများရရှိပြီး အကျိုးပေးမည်။ ပညာရေးလိုက်စားသူဖြစ်ပါက ဆရာသမားကောင်းနှင့် တွေ့ဆုံခွင့်ရပြီး ပညာရေး
ကံကောင်းမည်။ ငယ်ရွယ်သူများအနေဖြင့် အချစ်ရေးကံစန်းပွင့်နေ မည်။ တစ်ယောက်မက နှစ်ယောက်မကသော ချစ်သူတွေ့ရလိမ့်မည်။ အိမ်ထောင်သည်များ
အိမ်ထောင်ဘက်ရဲ့ ဒုက္ခ တွေကို မိမိက မျှဝေခံစားရလိမ့်မယ်။အကျိုးပေးဂဏန်း ၂/၃/၇ အထူးဟော စိတ်ပျက်စရာတွေများနေမယ် ယတြာ ဇကောထဲ ထမင်း၊ဟင်း
ထည့်ပြီး ဘုရားရှင်ကိုဆွမ်းကပ်ပါ
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695//09 44 5555 695