တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိတောင်တန်းဒေသတစ်ခုမှာနေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် Wo Chunxiangအမည်ရှိအမျိုးသမီးတစ်ဦးဟာ ၂၀၀၁ ခုနှစ်မှာ ၆ လလွယ်ရတဲ့အမြွာသားလေးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ Wo နှင့်သူမရဲ့ခင်ပွန်းတို့ဟာ ၎င်းတို့သားနှစ်ယောက်လုံးကို တိုင်းပြည်အတွက်အကျိုးပြုစေတဲ့မျှော်လင့်ချက်နဲ့ Jin Huadong နှင့် Jin Hualiang လို့ အမည်ပေးခဲ့ပါတယ်။ ၇ လသားအရွယ်ရောက်တော့ ညီလေးဖြစ်သူ Hualiang က သူ့ကိုယ်သူမထိန်းချုပ်နိုင်တဲ့အပြင် ခြေထောက် ၂ ချောင်းကပါတုန်ရီနေခဲ့လို့ Hualiang ကိုဆေးရုံသို့ပို့ဆောင်ခဲ့ရပြီးနောက် ဆရာဝန်များက သူဟာ အချိန်မတန်ဘဲမွေးဖွားခြင်းကြောင့် ထိုကဲ့သို့ဖြစ်ရပြီး ဦးနှောက်ချို့ယွင်းနေတဲ့ရောဂါကိုလည်း ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ဆရာဝန်က Wu အား Huadong ကိုလည်း ကျန်းမာရေးစစ်ဆေးဖို့ပြောခဲ့တဲ့အတွက် Huadong မှာလည်း ဦးနှောက်ချို့ယွင်းနေကြောင်းတွေ့ရှိခဲ့ရပါတယ်။
သားဖြစ်သူတွေက နေမကောင်းဖြစ်နေတာမို့ ဆရာဝန်ကလည်း ၎င်းတို့အားကျောင်းမပို့ဘဲအိမ်မှာသာထားဖို့အကြံပေးခဲ့ပါတယ်။ သားနှစ်ယောက်လုံးကို လုံလောက်တဲ့ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုပေးနိုင်ရန်မျှော်လင့်ချက်ဖြင့် Wu ဟာ ကျောင်းတိုင်းသို့သွားပြီးကျောင်းအပ်ခဲ့ပေမဲ့လည်း သူမရဲ့သားတွေကိုလက်မခံခဲ့ကြပါဘူး။ Wu လည်း အရှုံးမပေးဘဲနောက်ဆုံးမှာ ဆင်ခြေဖုံးရှိကျောင်းတစ်ကျောင်းမှာသွားထားခဲ့ပါတယ်။
သားတွေသူငယ်တန်းကျောင်းတက်စဉ်ကာလအတွင်း Wu ဟာ ကုန်ခြောက်များရောင်းပြီး Huadong နှင့် Hualiang တို့ကိုဂရုစိုက်နိုင်စေရန် ကျောင်းအနီးရှိအိမ်တစ်လုံးကိုငှါးရမ်းခဲ့ပါတယ်။ Wu ဟာ ရောင်းချရမဲ့မနက်စာများကို မနက် ၃ နာရီကတည်းကပင် ထပြီးပြင်ဆင်ခဲ့ရပြီး Huadon ကလည်း အမေဖြစ်သူကိုကူညီဖို့ အစောကြီးနိုးနေတတ်ပါတယ်။
ထို့နောက် Wu ဟာမြို့လယ်သို့သွားပြီး နံနက် ၇ နာရီအထိရောင်းချပြီးနောက် အိမ်သို့ပြန်ကာ သူမသားနှစ်ယောက်ကို ကျောင်းသို့ပို့ပေးရပြန်ပါတယ်။ နှင်းများထူထပ်စွာကျဆင်းတဲ့နေ့တွေမှာဆို Wu ဟာ သူမရဲ့သုံးဘီးဆိုင်ကယ်မောင်းတဲ့အလုပ်တစ်ဖက်နှင့် ကလေးတွေကိုလည်းကျောင်းပို့နေရတာကြောင့် အမေဖြစ်သူကိုမနာကျင်စေချင်တော့တဲ့အတွက် သားနှစ်ယောက်လုံးက ကျောင်းမသွားတော့ဘူးလို့ အမေးဖြစ်သူအားငိုရင်းပြောခဲ့ရပါတယ်။
ခင်ပွန်းဖြစ်သူက ခရမ်းချဉ်သီးများရောင်းနေစဉ် Wu ကတော့ အပျက်အစီးများနှင့်အမှိုက်များကိုစုဆောင်းနေခဲ့ပါတယ်။ Huadong က သူ့ကိုယ်တိုင်ဟန်ချက်ထိန်းနိုင်ပေမဲ့ Hualiang ကချိုင်းထောက်နှင့်ရုန်းကန်နေရဆဲဖြစ်တာကြောင့် အမေဖြစ်သူရဲ့အကူအညီကိုလိုအပ်နေပါသေးတယ်။
ပြီးခဲ့တဲ့ဩဂုတ်လကုန်မှာ သူမရဲ့သားနှစ်ယောက်အကြောင်းကိုသိရပြီးနောက် Anhui ပြည်နယ်ရှိ Hefei နှင့် Lu’an အသက်မွေးဝမ်းကျောင်းကျောင်းတို့က သူမရဲ့သားနှစ်ယောက်ကိုကြိုဆိုပေးခဲ့လို့ Wu ဟာ ၀မ်းသာမျက်ရည်များကျလာခဲ့ရပါတယ်။ သို့ပေမဲ့ Wu ဟာ ကျောင်းဝင်ကြေး ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁,၅၀၀)အတွက်စိုးရိမ်ခဲ့တာကြောင့် သူမနှစ်ပေါင်း ၃၀ ကျော်၀တ်ဆင်ခဲ့တဲ့နားကပ်ကို ယွမ် ၆၀၀ ဖြင့်ရောင်းချခဲ့ရပါတယ်။
မိခင်ဖြစ်သူရဲ့လုပ်ရပ်ကို သိသွားတဲ့အခါ သားဖြစ်သူနှစ်ဦးလုံးဟာ ကိုယ့်ကိုကိုယ်အားလိုအားမရဖြစ်ကာ တစ်ညလုံးငိုကြွေးနေခဲ့ရပါတယ်။ ၎င်းတို့ရဲ့မိသားစုအခြေအနေအကြောင်းပျံ့နှံ့သွားတဲ့အခါ အလှူရှင်အချို့က အမွှာညီအစ်ကိုအတွက် ရန်ပုံငွေ ယွမ် ၁၇,၀၀၀ (ဒေါ်လာ ၂,၆၀၀) ကို ပါဝင်လှူဒါန်းပေးခဲ့ကြပါတယ်။
Mia (KB Chimmy One)
Reference : everytruenews24