ေဗဒင္

စနေသားသမီးများရဲ့ အင်္ဂဝိဇ္ဇာတိုင်

စနေသားသမီးများအတွက် မေတ္တာပို့

ဤpostကနေ စတင်၍ နောက် ရခုမြောက်အထိ ရေးသားမည့် Postအားလုံးရဲ့ မူလသည် ဆရာကြီးဦးကြာမြင့်၏ ” ဗေဒင်အချုပ်မဟာဘုတ်အဖွင့် “စာအုပ်တွင် ပါရှိသော အကြောင်းအရာများကို ဦးတည််၍ ရေးသားသွားမည်ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်အနေဖြင့် မှားယွင်း၍သော်လည်းကောင်း အာဘော်လွန်၍သော်လည်းကောင်း လိုအပ်ချက်များ ရှိခဲ့ပါက မူလပိုင်ရှင် ဆရာကြီးဦးကြာမြင့်၏ ပုံရိပ်ကို ထည့်သွင်းမပြောဘဲ ကျွန်ုပ်၏ မှားယွင်းမှုသာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

၄ နဝင်း။အောင်မြင်မှု။

၁ အညွှန့်။ စီးပွား။

၅ စုတ်။ဆပွတ်။ အိမ်ထောင်/အချစ်ရေး။

– ၀ – မူလ (ထင်ပေါ်/ လောဘ /စပ်စု)

၃ နာ။ စိတ်

၆ ခိုက်။ ခရီး/စကား။

၂ ပျက်

အင်္ဂဝိဇ္ဇာတိုင်အရ စနေသားသမီးတွေ ခန္ဓာကိုယ်တစ်ခုလုံး ပြုမူနေထိုင်သော ဟန်ပန်တွေက အများစု အဆင်တပြေဖြစ်တာများတယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်တယ်ဆိုတာမျိုးပေါ့။

အမှန်တကယ်လည်း ကြည့်ကောင်းတာများတယ်။ ဒါက အများစုကိုပြောတာပါ။ ယုတ်စွအဆုံး သူတောင်းစားနယ်ပယ်ထဲ ရောက်နေသူတောင် နဲနဲတော့ ပြင်တတ်ဆင်တတ် ဝတ်စားတတ်တယ်။

ဒါက နဝင်းသဘောကိုပြောတာ။ နောက် စနေသားသမီးတွေ အလုပ်၌ဖြစ်စေ အိမ်တွင်းမှာဖြစ်စေ မိမိကသာ ဦးဆောင်လုပ်ရတာများတတ်တယ်။ ဒါက သဘောကိုပြောတာ။

အညွှန့်သဘောက ကောင်းကျိုးဝေဖြာ အိမ်သာယာခြင်းကို စနေတွေအတွက် သဘောဆောင်တယ်။ သူတို့တတွေ အနေအထိုင် အပြောအဆို မှန်ကန်မှု ရှိ မရှိ အသာကလေး ကြည့်လို့ရတယ်။

သူတို့အိမ်မှာ အိမ်တွင်းရေး သာယာရဲ့လားပေါ့။ မသာယာဘူးဆိုရင် ၎င်း စနေသားသမီးဟာ တဖက်စောင်းနင်း အတ္တသမား ဖြစ်နေလိမ့်မယ်။ သို့မဟုတ် လူလိမ်ဖြစ်ပြီး အိမ်မကပ်တာမျိုး ဖြစ်နေလိမ့်မယ်။

ဒီတော့ စနေသားသမီးတွေ စီးပွားတက်ချင်ရင် လုပ်ငန်းကိုင်ငန်း အဆင်ပြေချင်ရင် ပထမဆုံးက အိမ်တွင်းလူတွေကို တည့်အောင်ပေါင်းပါ။ အတတ်နိုင်ဆုံး သည်းခံပေးဆပ်ပါ။ အကယ်၍ မတဲ့ခဲ့ရင် ဘာဖြစ်မလဲ ။

မေးစရာဖြစ်လာတယ်။ ဟုတ်တယ်။ မတဲ့ခဲ့ရင် အဲ့စနေသားသမီး အိမ်မကပ်တော့ဘူး။ ဟိုအကြောင်းပြ ဒီအကြောင်းပြ အပြင်တွေချည်း လိမ့်ထွက်ပြီ။ ခိုက်သဘောက ခရီး /စကားလေ။ မိမိမှန်ကြောင်း အကုန်ပတ်ပြောပြီ။

ဒါကို ခိုက်နေပါတယ်လို့ အဲ့စနေသားသမီး လုံးဝမသိသလို သိအောင်ရှင်းပြပေးလည်း လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်က ခိုက်သောကြာကို ပါးစပ်မှာ စွဲနေလို့ပါပဲ။ စနေသားသမီးများ… ခိုက်အားများလေ သောက်တင်းတုတ်လေပဲ။ ပြန်ခံငြင်းလေပဲ။

နောက်တစ်ချက်က စုတ်နေရာမှာ ကြာသပတေးရှိတဲ့အတွက် စနေသားသမီးတွေ ပညာတတ်လေ အိမ်ထောင်ရေး ၊ အချစ်ရေးတွေမှာ သတိထားနေထိုင်ရလေပါပဲ။ သူတို့ပညာကိုက လူချစ်လူခင်ပေါစေတာပါပဲဗျာ။

တချို့ ပညာတတ်စနေသားသမီးတွေ ရှုတ်ပီဆိုရင် ပညာသားပါပါကို ရှုတ်တာ။ ပညာသားပါပါကို အကွက်ကျကျ အစီအစဉ်တကျကို ကတ္တားလေးတွေခြားပြီးတော့ကိုရှုတ်တာ။ ဒါက ရှုတ်တတ်တဲ့သဘောကိုပြောတာ။

ရှုတ် မရှုတ်ဆိုတာ ပြန်စစ်လို့ရသေးတယ်။ အဲ့စနေသားသမီးဟာ ပြုမူနေထိုင်ပြောဆိုပုံတွေ တည်ငြိမ်တယ် မတည်ငြိမ်ဘူးဆိုတာက အဓိကပဲ။ တချို့စနေတွေဆို ငြိမ်တာတော့ ပြောမနေနဲ့။ ကျောက်တုံးကျနေတာပဲ။ျတချို့စနေတွေ ငြိမ်တဲ့ဟန်ပန်ရှိတယ်။

ဒါပေမဲ့ စကားပြောတာ ခပ်များများနားထောင်ကြည့် တဖြေးဖြေး ဟီးဟီးဟားဟားနဲ့ ဖြစ်လာတာ။ ဒီတော့ စနေသားသမီးများ ပညာတတ်လေလေ မိမိနေထိုင်ပြောဆိုမှုကို ဂရုစိုက်ရလေပါပဲ။

ဒါဆိုရင် တကယ်ရှုတ်တဲဲ့ စနေသားသမီးတွေ ဘာဖြစ်လာမလဲ တွေးဖို့လိုလာပြီ။ သူတို့ ဆပွတ်ပျက်ပြီလေ။ ဆပွတ်ပျက်တော့ စနေသားသမီးတွေ ဒုက္ခရောက်တဲ့အခါ ကူညီမယ့်သူ အလွန့်အလွန်ကို ရှားပါတယ်။ ဒုက္ခရောက်နေပါတယ်ဆိုမှ ကူညီမယ့်သူက နှာခေါင်းရှုံ့သွားတာ ခံရတတ်တယ်။

ဒီတော့ အဲ့စနေသားသမီးဟာ မူလပျက်ပြီ။ မူလက မှန်မှန်ကန်ကန် ထင်ပေါ်တာတွေ မရှိတော့ဘူး။ခန္ဓာကိုယ်ကလည်း အရောင်မှေးမှိန် လူရုပ်မပေါက်တော့ဘူး။

လူက ရှုတ်တာတွေများထားတဲ့အတွက် မထင်ပေါ်တာဆိုတော့ အရှက်တကွဲ အကျိုးနဲ ဖြစ်ရပြီ၊ လူပုံလည် လူရာမဝင်တော့ဘူး။ လူရာမဝင်တော့ ဘာလုပ်သလဲဆိုတော့ မိမိမာန မချဘဲ မိမိဟာ လူရာဝန်ကြောင်းပြသဖို့ နောက်ထပ်နေရာသစ် ထပ်ရှာဖို့ ဇွတ်လုပ်တော့တာပဲ။ ခိုက်သောကြာ ပြပီပေါ့။

အကယ်၍ အဲ့လိုအဆိုးဉာဉ်တွေ မရှိခဲ့ဘူးဆိုရင် စနေသားသမီးတွေ အမှန်အတိုင်း လုပ်ဆောင်ခဲ့မယ်ဆိုရင် အမှန်တကယ်အောင်မြင်မယ် အမှန်တကယ် ထင်ပေါ်မယ်။

နောက် —> စနေသားသမီးတွေရဲ့ အင်္ဂဝိဇ္ဇာတိုင်မှာ စတုရန်းလို့ခေါ်တဲ့ ” နာ “နေရာမှာ အင်္ဂါရှိတယ်။

စိတ်နာသဘောပေါ့။ ဘယ်လိုနာလဲဆိုရင် မျှမျှတတ စိတ်နေစိတ်ထားရှိတဲ့စနေသားသမီးဆို နာစရာအကြောင်းမရှိဘူး၊ မမျှတတာနဲ့ နာပီ။ တစ်ကိုယ်ကောင်းဆန်မယ် ၊ မိမိအတ္တအတွက် မိမိလုပ်မယ်၊ အမိန့်ပေးတာ ဆုံးမတာ လုံးဝမနာခံဘူး။ အုပ်ချုပ်မှုဒဏ် မခံနိုင်ဘူး။ စိတ်က လှုပ်ရှားမှုများလွန်း မြန်လွန်းတော့ ” ငါ့လာမပြောနဲ့” ဖြစ်တော့တာ။

တချို့ စိတ်နေစိတ်ထား မနာတဲ့ စနေသားသမီးကျတော့ ဘယ်လောက်အထိ စိတ်ထားကောင်းလဲဆိုရင် မိမိပစ္စည်းတစ်ခု သူခိုးခိုးတာ ခံလိုက်ရတယ်။ ဘယ်လိုပြောလဲဆိုရင် ” သြော် သူ့ခင်မျာ အသုံးတကယ်လိုနေလို့ ခိုးတာဖြစ်မှာပါ၊ ကိုယ့်လည်း ဒါလောက်လေးနဲ့ ပွန်းပဲ့မသွားပါဘူး၊ ဆင်းရဲမသွားပါဘူး “။ ဘေးကကြားရသူက အ့ံသြယူရလောက်အောင်ကို စိတ်ထားကောင်းတာ တွေ့ရတယ်။ ဒါကျ စိတ်မနာဘူးခေါ်တယ်။

နောက်—> ခိုက်မှာ သောကြာရှိတယ်။

စနေသားသမီးတွေ စကားများများလေလေ ခိုက်အားဘက် များလေလေပဲ၊ ခိုက်သဘောက အကျဉ်းအကြပ်သဘောကိုပြောတာ။ သူတို့တွေ စကားများများပြောတော့ မိမိပြဿနာ မိမိဖန်တီးတာပဲ။ မိမိအကြပ်အတည်း မိမိဖန်တီးတာပဲ။ ဒီတော့ များများပြောပြီး ခိုက်အားပြတာများလာလေလေ အဲ့နေရာကနေ ခွါချင်လေ ၊ ဒီလိုဖြစ်လာတာ။ မခွါနိုင်ရင် ပြဿနာရှာပြီ။ မနိုင် နိုင်အောင်ပြောပြီ။ အဲ့မှာ ခိုက်အားအလွန်များလာတော့ မူလပျက်ပီ။

ပညာတကယ်တတ်တယ်နော် ၊ ဒါပေမဲ့ မထင်ပေါ်တော့ဘူး။ လူတကာစောင့်ကြည့်လေ့လာ ကဲ့ရဲ့တာခံရပြီ။ အဲ့ကျ အဲ့ဒီနေရာ မနေတော့ဘူး နောက်တစ်နေရာပြေးပြီ။ ခိုက်သောကြာပြပီပေါ့။

နောက်—> “ပျက်”လို့ခေါ်တဲ့ တြိရန်းမှာ တနင်္လာရှိတယ်။ တစ်ခုခုဆို အကြွားက ထ,ကြွတတ်ကြတယ်။ မိမိမှာရှိတာထက် ပိုမိုထုတ်ကြွားတာနဲ့ မလိုအပ်သော ငွေကြေးတွေ ခုန်ထွက်သွားသလို ခဏလေးနဲ့ ငွေတွေကုန်တတ်တာ စနေသားသမီးတွေပဲ။ မတော်လောဘနဲ့ ရှာထားတဲ့ စီးပွားရေးသမားဆို ပိုဆိုးသေးတယ်၊ ရှိသမျှအကုန် ထွက်တာနော်။

နောက်ဆုံး နေစရာတောင်မရှိ ၊ အဲ့လိုအထိ ဖြစ်သွားတတ်တာ။ အဲ့ဒီအချက်က စနေတွေအတွက် သတိထားရမည့် ကြီးမားသာအချက်ဖြစ်တယ်။ မှန်ကန်သော တိကျသော ဝတ်စားနေထိုင်သုံးစွဲခြင်းဖြစ်ဖို့ အထူးကြိုးစားပါ။ ဒါမှသာ ငွေတွေမြဲမယ်။ ဘဝအာမခံချက်ရှိမယ်။ မှန်ကန်သောထင်ပေါ်မှုဖြစ်မယ်။

မဟုတ်ရင် ငွေပတ်ရှာနေရတာနဲ့ မပီးတော့ဘူး။ ရှာသမျှလည်း အကုန်ပြောင်ပဲ။ ပြောင်လည်းမပူတတ်ဘူး။ ဟိုချေးငှါး ဒီချေးငှါး အကြွေးဗလပွနဲ့ မျက်နှာခပ်တင်းတင်း နေတော့တာပဲ။ မကြွားတတ်တဲ့ စနေသားသမီးတွေကျတော့ သူတပါးဆီက ငွေချေးရမှာ သိပ်ကိုကြောက်တာ ရှက်တာနော်။

ကဲ အခုလောက်ဆိုရင် အကြမ်းအားဖြင့် စနေသားသမီးတွေ ဘယ်လိုပြုပြင်နေထိုင်ရမယ်ဆိုတာ သိလောက်ပါပီ။

ကောင်းဆိုးနှစ်တန် ရောနေတတ်တဲ့စနေသားသမီးတွေလည်း များပါတယ်။ မိမိလိုအပ်တာလေးတွေ မိမိကိုယ်ကိုသိပြီး ပြုပြင်ဖို့ မိမိကိုယ်ကို နိုမ့်ချဆက်ဆံပါ။ မာနတွေ လျော့ပါ။ စည်းကမ်းထားသင့်တာထားပါ။

ကျေးဇူးသိရမည့်သူတွေ ကျေးဇူးသိပါ။ ကျေးဇူးလည်းဆပ်ပါ။ နောက်ဆုံးပြောချင်တာ ဆရာကြီးပြောတဲ့စကားပါပဲ

စနေဆိုရင် ” အမှန်အကန်ဖြစ်တဲ့ ထင်ပေါ်လောဘလုပ်”တဲ့။ ဆိုလိုတာက နဲနဲလေးမှ မကြွားမိစေနဲ့ ၊ နဲနဲလေးမှ မိမိရှိတာထက် ပိုပြီးမထင်ပေါ်စေနဲ့။

အားလုံးသော စနေသားသမီးတွေအနေနဲ့ ကျွန်ုပ်မေတ္တာထား ပြောပြခဲ့တာတွေဟာ သင့်တို့အတွက် အမှန်တကယ် အသုံးဝင်မယ်ဆိုပါက ကျွန်ုပ်အနေနဲ့ ကုသိုလ်ရပါတယ်။

ကျေးဇူးတင်ပါသည်။

ဆရာမိုင်း

စေနသားသမီးမ်ားရဲ႕ အဂၤဝိဇၨာတိုင္

စေနသားသမီးမ်ားအတြက္ ေမတၱာပို႕

ဤpostကေန စတင္၍ ေနာက္ ၇ခုေျမာက္အထိ ေရးသားမည့္ Postအားလံုးရဲ႕ မူလသည္ ဆရာၾကီးဦးၾကာျမင့္၏ ” ေဗဒင္အခ်ဳပ္မဟာဘုတ္အဖြင့္ “စာအုပ္တြင္ ပါရွိေသာ အေၾကာင္းအရာမ်ားကို ဦးတည္္၍ ေရးသားသြားမည္ျဖစ္ပါသည္။ အကယ္၍ ကြ်ႏ္ုပ္အေနျဖင့္ မွားယြင္း၍ေသာ္လည္းေကာင္း အာေဘာ္လြန္၍ေသာ္လည္းေကာင္း လိုအပ္ခ်က္မ်ား ႐ွိခဲ႔ပါက မူလပိုင္႐ွင္ ဆရာၾကီးဦးၾကာျမင့္၏ ပံုရိပ္ကို ထည့္သြင္းမေျပာဘဲ ကြ်ႏ္ုပ္၏ မွားယြင္းမႈသာျဖစ္ေၾကာင္း ၾကိဳတင္အသိေပးအပ္ပါသည္။

၄ နဝင္း။ေအာင္ျမင္မႈ။

၁ အညႊန္႔။ စီးပြား။

၅ စုတ္။ဆပြတ္။ အိမ္ေထာင္/အခ်စ္ေရး။

– ၀ – မူလ (ထင္ေပၚ/ ေလာဘ /စပ္စု)

၃ နာ။ စိတ္

၆ ခိုက္။ ခရီး/စကား။

၂ ပ်က္

အဂၤဝိဇၨာတိုင္အ႐ စေနသားသမီးေတြ ခႏၶာကိုယ္တစ္ခုလံုး ျပဳမူေနထိုင္ေသာ ဟန္ပန္ေတြက အမ်ားစု အဆင္တေျပျဖစ္တာမ်ားတယ္။ ရွိတာေလးနဲ႔ လွေအာင္ဝတ္တတ္တယ္ဆိုတာမ်ိဳးေပါ့။

အမွန္တကယ္လည္း ၾကည့္ေကာင္းတာမ်ားတယ္။ ဒါက အမ်ားစုကိုေျပာတာပါ။ ယုတ္စြအဆံုး သူေတာင္းစားနယ္ပယ္ထဲ ေရာက္ေနသူေတာင္ နဲနဲေတာ့ ျပင္တတ္ဆင္တတ္ ဝတ္စားတတ္တယ္။

ဒါက နဝင္းသေဘာကိုေျပာတာ။ ေနာက္ စေနသားသမီးေတြ အလုပ္၌ျဖစ္ေစ အိမ္တြင္းမွာျဖစ္ေစ မိမိကသာ ဦးေဆာင္လုပ္႐တာမ်ားတတ္တယ္။ ဒါက သေဘာကိုေျပာတာ။

အညႊန္႔သေဘာက ေကာင္းက်ိဳးေဝျဖာ အိမ္သာယာျခင္းကို စေနေတြအတြက္ သေဘာေဆာင္တယ္။ သူတို႔တေတြ အေနအထိုင္ အေျပာအဆို မွန္ကန္မႈ ရွိ မရွိ အသာကေလး ၾကည့္လို႔ရတယ္။

သူတို႔အိမ္မွာ အိမ္တြင္းေရး သာယာ႐ဲ႕လားေပါ့။ မသာယာဘူးဆိုရင္ ၎ စေနသားသမီးဟာ တဖက္ေစာင္းနင္း အတၱသမား ျဖစ္ေနလိမ့္မယ္။ သို႔မဟုတ္ လူလိမ္ျဖစ္ျပီး အိမ္မကပ္တာမ်ိဳး ျဖစ္ေနလိမ့္မယ္။

ဒီေတာ့ စေနသားသမီးေတြ စီးပြားတက္ခ်င္႐င္ လုပ္ငန္းကိုင္ငန္း အဆင္ေျပခ်င္ရင္ ပထမဆံုးက အိမ္တြင္းလူေတြကို တည့္ေအာင္ေပါင္းပါ။ အတတ္ႏိုင္ဆံုး သည္းခံေပးဆပ္ပါ။ အကယ္၍ မတဲ႔ခဲ႔ရင္ ဘာျဖစ္မလဲ ။

ေမးစရာျဖစ္လာတယ္။ ဟုတ္တယ္။ မတဲ႔ခဲ႔ရင္ အဲ႔စေနသားသမီး အိမ္မကပ္ေတာ့ဘူး။ ဟိုအေၾကာင္းျပ ဒီအေၾကာင္းျပ အျပင္ေတြခ်ည္း လိမ့္ထြက္ျပီ။ ခိုက္သေဘာက ခရီး /စကားေလ။ မိမိမွန္ေၾကာင္း အကုန္ပတ္ေျပာျပီ။

ဒါကို ခိုက္ေနပါတယ္လို႔ အဲ႔စေနသားသမီး လံုးဝမသိသလို သိေအာင္ရွင္းျပေပးလည္း လက္မခံဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူကိုယ္တိုင္က ခိုက္ေသာၾကာကို ပါးစပ္မွာ စြဲေနလို႔ပါပဲ။ စေနသားသမီးမ်ား… ခိုက္အားမ်ားေလ ေသာက္တင္းတုတ္ေလပဲ။ ျပန္ခံျငင္းေလပဲ။

ေနာက္တစ္ခ်က္က စုတ္ေနရာမွာ ၾကာသပေတးရွိတဲ႔အတြက္ စေနသားသမီးေတြ ပညာတတ္ေလ အိမ္ေထာင္ေရး ၊ အခ်စ္ေရးေတြမွာ သတိထားေနထိုင္ရေလပါပဲ။ သူတို႔ပညာကိုက လူခ်စ္လူခင္ေပါေစတာပါပဲဗ်ာ။

တခ်ဳိ႕ ပညာတတ္စေနသားသမီးေတြ ရႈတ္ပီဆုိ႐င္ ပညာသားပါပါကို ရႈတ္တာ။ ပညာသားပါပါကို အကြက္က်က် အစီအစဥ္တက်ကို ကတၱားေလးေတြျခားျပီးေတာ့ကိုရႈတ္တာ။ ဒါက ရႈတ္တတ္တဲ႔သေဘာကိုေျပာတာ။

ရႈတ္ မ႐ႈတ္ဆိုတာ ျပန္စစ္လို႔ရေသးတယ္။ အဲ႔စေနသားသမီးဟာ ျပဳမူေနထိုင္ေျပာဆိုပံုေတြ တည္ျငိမ္တယ္ မတည္ျငိမ္ဘူးဆိုတာက အဓိကပဲ။ တခ်ိဳ႕စေနေတြဆို ျငိမ္တာေတာ့ ေျပာမေနနဲ႔။ ေက်ာက္တံုးက်ေနတာပဲ။်တခ်ိဳ႕စေနေတြ ျငိမ္တဲ႔ဟန္ပန္ရွိတယ္။

ဒါေပမဲ့ စကားေျပာတာ ခပ္မ်ားမ်ားနားေထာင္ၾကည့္ တေျဖးေျဖး ဟီးဟီးဟားဟားနဲ႔ ျဖစ္လာတာ။ ဒီေတာ့ စေနသားသမီးမ်ား ပညာတတ္ေလေလ မိမိေနထိုင္ေျပာဆိုမႈကို ဂရုစိုက္ရေလပါပဲ။

ဒါဆိုရင္ တကယ္ရႈတ္တဲဲ႔ စေနသားသမီးေတြ ဘာျဖစ္လာမလဲ ေတြးဖို႔လိုလာျပီ။ သူတို႔ ဆပြတ္ပ်က္ျပီေလ။ ဆပြတ္ပ်က္ေတာ့ စေနသားသမီးေတြ ဒုကၡေရာက္တဲ႔အခါ ကူညီမယ့္သူ အလြန္႔အလြန္ကို ရွားပါတယ္။ ဒုကၡေရာက္ေနပါတယ္ဆိုမွ ကူညီမယ့္သူက ႏွာေခါင္းရႈံ႕သြားတာ ခံ႐တတ္တယ္။

ဒီေတာ့ အဲ႔စေနသားသမီးဟာ မူလပ်က္ျပီ။ မူလက မွန္မွန္ကန္ကန္ ထင္ေပၚတာေတြ မရွိေတာ့ဘူး။ခႏၶာကိုယ္ကလည္း အေရာင္ေမွးမွိန္ လူရုပ္မေပါက္ေတာ့ဘူး။

လူက ရႈတ္တာေတြမ်ားထားတဲ႔အတြက္ မထင္ေပၚတာဆိုေတာ့ အရွက္တကြဲ အက်ိဳးနဲ ျဖစ္ရျပီ၊ လူပံုလည္ လူရာမဝင္ေတာ့ဘူး။ လူရာမဝင္ေတာ့ ဘာလုပ္သလဲဆိုေတာ့ မိမိမာန မခ်ဘဲ မိမိဟာ လူရာဝန္ေၾကာင္းျပသဖို႔ ေနာက္ထပ္ေနရာသစ္ ထပ္ရွာဖို႕ ဇြတ္လုပ္ေတာ့တာပဲ။ ခိုက္ေသာၾကာ ျပပီေပါ့။

အကယ္၍ အဲ႔လိုအဆိုးဉာဥ္ေတြ မရွိခဲ႔ဘူးဆိုရင္ စေနသားသမီးေတြ အမွန္အတိုင္း လုပ္ေဆာင္ခဲ႔မယ္ဆိုရင္ အမွန္တကယ္ေအာင္ျမင္မယ္ အမွန္တကယ္ ထင္ေပၚမယ္။

ေနာက္ —> စေနသားသမီးေတြရဲ႕ အဂၤဝိဇၨာတိုင္မွာ စတုရန္းလို႔ေခၚတဲ႔ ” နာ “ေနရာမွာ အဂၤါရွိတယ္။

စိတ္နာသေဘာေပါ့။ ဘယ္လိုနာလဲဆိုရင္ မွ်မွ်တတ စိတ္ေနစိတ္ထားရွိတဲ႔စေနသားသမီးဆို နာစရာအေၾကာင္းမရွိဘူး၊ မမွ်တတာနဲ႔ နာပီ။ တစ္ကိုယ္ေကာင္းဆန္မယ္ ၊ မိမိအတၱအတြက္ မိမိလုပ္မယ္၊ အမိန္႔ေပးတာ ဆံုးမတာ လံုးဝမနာခံဘူး။ အုပ္ခ်ဳပ္မႈဒဏ္ မခံႏိုင္ဘူး။ စိတ္က လႈပ္ရွားမႈမ်ားလြန္း ျမန္လြန္းေတာ့ ” ငါ့လာမေျပာနဲ႔” ျဖစ္ေတာ့တာ။

တခ်ဳိ႕ စိတ္ေနစိတ္ထား မနာတဲ႔ စေနသားသမီးက်ေတာ့ ဘယ္ေလာက္အထိ စိတ္ထားေကာင္းလဲဆို႐င္ မိမိပစၥည္းတစ္ခု သူခိုးခိုးတာ ခံလိုက္ရတယ္။ ဘယ္လိုေျပာလဲဆိုရင္ ” ေၾသာ္ သူ႕ခင္မ်ာ အသုံးတကယ္လိုေနလို႔ ခိုးတာျဖစ္မွာပါ၊ ကိုယ့္လည္း ဒါေလာက္ေလးနဲ႔ ပြန္းပဲ႔မသြားပါဘူး၊ ဆင္းရဲမသြားပါဘူး “။ ေဘးကၾကား႐သူက အ့ံၾသယူ႐ေလာက္ေအာင္ကို စိတ္ထားေကာင္းတာ ေတြ႕႐တယ္။ ဒါက် စိတ္မနာဘူးေခၚတယ္။

ေနာက္—> ခိုက္မွာ ေသာၾကာရွိတယ္။

စေနသားသမီးေတြ စကားမ်ားမ်ားေလေလ ခိုက္အားဘက္ မ်ားေလေလပဲ၊ ခိုက္သေဘာက အက်ဥ္းအၾကပ္သေဘာကိုေျပာတာ။ သူတို႔ေတြ စကားမ်ားမ်ားေျပာေတာ့ မိမိျပႆနာ မိမိဖန္တီးတာပဲ။ မိမိအၾကပ္အတည္း မိမိဖန္တီးတာပဲ။ ဒီေတာ့ မ်ားမ်ားေျပာျပီး ခိုက္အားျပတာမ်ားလာေလေလ အဲ႔ေနရာကေန ခြါခ်င္ေလ ၊ ဒီလိုျဖစ္လာတာ။ မခြါႏိုင္ရင္ ျပႆနာရွာျပီ။ မႏုိင္ ႏိုင္ေအာင္ေျပာျပီ။ အဲ႔မွာ ခိုက္အားအလြန္မ်ားလာေတာ့ မူလပ်က္ပီ။

ပညာတကယ္တတ္တယ္ေနာ္ ၊ ဒါေပမဲ့ မထင္ေပၚေတာ့ဘူး။ လူတကာေစာင့္ၾကည့္ေလ့လာ ကဲ႔ရဲ႕တာခံ႐ျပီ။ အဲ႔က် အဲ႔ဒီေနရာ မေနေတာ့ဘူး ေနာက္တစ္ေနရာေျပးျပီ။ ခိုက္ေသာၾကာျပပီေပါ့။

ေနာက္—> “ပ်က္”လို႔ေခၚတဲ႔ ၾတိ႐န္းမွာ တနလၤာရွိတယ္။ တစ္ခုခုဆို အၾကြားက ထ,ၾကြတတ္ၾကတယ္။ မိမိမွာရွိတာထက္ ပိုမိုထုတ္ၾကြားတာနဲ႔ မလိုအပ္ေသာ ေငြေၾကးေတြ ခုန္ထြက္သြားသလို ခဏေလးနဲ႔ ေငြေတြကုန္တတ္တာ စေနသားသမီးေတြပဲ။ မေတာ္ေလာဘနဲ႔ ရွာထားတဲ႔ စီးပြားေရးသမားဆို ပိုဆိုးေသးတယ္၊ ရွိသမွ်အကုန္ ထြက္တာေနာ္။

ေနာက္ဆံုး ေနစရာေတာင္မရွိ ၊ အဲ႔လိုအထိ ျဖစ္သြားတတ္တာ။ အဲ႔ဒီအခ်က္က စေနေတြအတြက္ သတိထားရမည့္ ၾကီးမားသာအခ်က္ျဖစ္တယ္။ မွန္ကန္ေသာ တိက်ေသာ ဝတ္စားေနထိုင္သုံးစြဲျခင္းျဖစ္ဖို႔ အထူးၾကိဳးစားပါ။ ဒါမွသာ ေငြေတြျမဲမယ္။ ဘဝအာမခံခ်က္ရွိမယ္။ မွန္ကန္ေသာထင္ေပၚမႈျဖစ္မယ္။

မဟုတ္ရင္ ေငြပတ္ရွာေနရတာနဲ႔ မပီးေတာ့ဘူး။ ရွာသမွ်လည္း အကုန္ေျပာင္ပဲ။ ေျပာင္လည္းမပူတတ္ဘူး။ ဟိုေခ်းငွါး ဒီေခ်းငွါး အေၾကြးဗလပြနဲ႔ မ်က္ႏွာခပ္တင္းတင္း ေနေတာ့တာပဲ။ မၾကြားတတ္တဲ႔ စေနသားသမီးေတြက်ေတာ့ သူတပါးဆီက ေငြေခ်းရမွာ သိပ္ကိုေၾကာက္တာ ရွက္တာေနာ္။

ကဲ အခုေလာက္ဆိုရင္ အၾကမ္းအားျဖင့္ စေနသားသမီးေတြ ဘယ္လိုျပဳျပင္ေနထိုင္႐မယ္ဆိုတာ သိေလာက္ပါပီ။

ေကာင္းဆိုးႏွစ္တန္ ေရာေနတတ္တဲ႔စေနသားသမီးေတြလည္း မ်ားပါတယ္။ မိမိလိုအပ္တာေလးေတြ မိမိကိုယ္ကိုသိျပီး ျပဳျပင္ဖို႔ မိမိကိုယ္ကို ႏိုမ့္ခ်ဆက္ဆံပါ။ မာနေတြ ေလ်ာ့ပါ။ စည္းကမ္းထားသင့္တာထားပါ။

ေက်းဇူးသိရမည့္သူေတြ ေက်းဇူးသိပါ။ ေက်းဇူးလည္းဆပ္ပါ။ ေနာက္ဆံုးေျပာခ်င္တာ ဆရာၾကီးေျပာတဲ႔စကားပါပဲ

စေနဆိုရင္ ” အမွန္အကန္ျဖစ္တဲ႔ ထင္ေပၚေလာဘလုပ္”တဲ႔။ ဆိုလိုတာက နဲနဲေလးမွ မၾကြားမိေစနဲ႔ ၊ နဲနဲေလးမွ မိမိရွိတာထက္ ပိုျပီးမထင္ေပၚေစနဲ႔။

အားလံုးေသာ စေနသားသမီးေတြအေနနဲ႔ ကြ်ႏ္ုပ္ေမတၱာထား ေျပာျပခဲ႔တာေတြဟာ သင့္တို႔အတြက္ အမွန္တကယ္ အသုံးဝင္မယ္ဆိုပါက ကြ်ႏ္ုပ္အေနနဲ႔ ကုသိုလ္ရပါတယ္။

ေက်းဇူးတင္ပါသည္။

ဆရာမိုင္