ဟာသ

ခင်ပွန်းခြေရှုပ်နေလို့ဆိုပြီး ဘုန်းကြီးထံ အကူညီသွားတောင်းမိလိုက်သောအခါ

ခင်ပွန်းခြေရှုပ်နေလို့ဆိုပြီး ဘုန်းကြီးထံအကူညီသွားတောင်းမိတဲ့ အမျိူးသမီးရဲ့အဖြစ်

အမျိုးသမီးတစ်ဦးဟာ သူ့ခင်ပွန်းသည် ဖောက်ပြန်နေတာကို သိလိုက်ရပါတယ်။

စိတ်ထိခိုက်ပြီး သူ့ဘဝကို ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ မသိတော့တာကြောင့်တောင်တစ်လုံးပေါ်မှာ သီတင်းသုံးတဲ့ ပညာရှိဘုန်းတော်ကြီးထံကနေ အကြံဉာဏ်ရယူဖို့ ထွက်လာခဲ့ပါတယ်။

လမ်းလျှောက်ခရီး၊ တောင်တက်ခရီးတွေအပါအဝင် ရက်အနည်းငယ်သွားပြီးတဲ့နောက်တောင်ထိပ်မှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးထံ ရောက်သွားပါတယ်။

တပည့်တော်မရဲ့ဘဝတစ်ခုလုံးမှာ သူ့အတွက်ပဲ အချိန်ပေးခဲ့ပါတယ်။ နုပျူ ိမှုတွေကိုရင်းပြီးသူ့အနားမှာပဲ နေခဲ့တယ်။ သူ့ကို ဂရုစိုက်ပြီးလည်း ပြု စုခဲ့တယ်။

ခုတော့ သူက တပည့်တော်မထက်ငယ်ရွယ်တဲ့သူကို ရွေးသွားပြီ။ တပည့်တော်မမှာ အခု ဘာမှမရှိတော့ဘူး။ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူး”လို့ ဘုန်းတော်ကြီးကို လျှောက်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဘုန်းကြီးက အမျိူးသမီးကို ကွတ်ကီးတစ်ခုစားဖို့ လှမ်းပေးလိုက်ပါတယ်။စားပြီးတဲ့အခါ အမျိုးသမီးကို “အရသာကောင်းလား”လို့ မေးလိုက်ပါတယ်။

အမျိုးသမီးက “တင်ပါ့.. ကောင်းပါတယ်ဘုရား”လို့ ဖြေတဲ့အခါ “နောက်တစ်ခုယူဦးမလား”လို့မေးလိုက်တဲ့အခါ “ယူပါ့မယ်.. ဘုရား”လို့ အဖြေရလိုက်ပါတယ်။

အဲဒီအခါ ဘုန်းတော်ကြီးက အမျိူးသမီးရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်ပြီး “အခု..ဒကာမ ကိုယ်တိုင် ကြုံနေရတဲ့ ပြဿ နာကို မြင်ပြီလား”လို့ မေးလိုက်ပါတယ်။

အမျိူးသမီးဟာ တစ်အောင့်ကြာစဉ်းစားလိုက်ပြီး “တင်ပါ့.. လူသားတွေရဲ့သဘာဝဟာလောဘကြီးတယ်၊ တစ်ခုရပြီဆိုတာနဲ့ နောက်တစ်ခု လိုချင်လာပြန်ရော၊

အင်း.. ပြီးတော့နောက်ထပ်အသစ်တစ်ခု၊ ပိုကြီးတာလေး ထပ်လိုချင်ပြန်ရော။လောဘက ဘယ်တော့မှ မရပ်တော့ဘူး။

ပြီးတော့ ဘယ်အရာကမှ မမြဲဘူး၊ ထာဝရမဟုတ်ဘူးဆိုတာ သိပါပြီ.. ဘုရား။ဒါကို တပည့်တော်တို့ သတိမူရမယ်၊ ပြီးတော့ ဆုံးရှုံးမှုကိုလည်း ကြံ့ကြံ့ခံနိုင်ရမယ်”လို့ တဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။

အဲဒီအခါ ဘုန်းတော်ကြီးက ခေါင်းကိုယမ်းလိုက်ပြီး “မဟုတ်ဘူး.. ဒကာမ။ ဘုန်းကြီးဆိုလိုတာက ဒကာမက သိပ်ဝနေတယ်။ဒါကြောင့် အစားကို လျော့စားသင့်တယ်”လို့ ပြောလိုက်ပါတယ်။

ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေကြပါစေ…။အဆီပိတ်ခြင်းမှလဲ ကင်းဝေးကြပါစေ…။

Credit. မင်းမြတ်ဖုန်း

ခင္ပြန္းေျခရႈပ္ေနလို႔ဆိုၿပီး ဘုန္းႀကီးထံအကူညီသြားေတာင္းမိတဲ့ အမ်ိဴးသမီးရဲ႕အျဖစ္

အမ်ိဳးသမီးတစ္ဦးဟာ သူ႔ခင္ပြန္းသည္ ေဖာက္ျပန္ေနတာကို သိလိုက္ရပါတယ္။

စိတ္ထိခိုက္ၿပီး သူ႔ဘဝကို ဘယ္လိုေရွ႕ဆက္ရမယ္ဆိုတာ မသိေတာ့တာေၾကာင့္ေတာင္တစ္လုံးေပၚမွာ သီတင္းသုံးတဲ့ ပညာရွိဘုန္းေတာ္ႀကီးထံကေန အႀကံဉာဏ္ရယူဖို႔ ထြက္လာခဲ့ပါတယ္။

လမ္းေလွ်ာက္ခရီး၊ ေတာင္တက္ခရီးေတြအပါအဝင္ ရက္အနည္းငယ္သြားၿပီးတဲ့ေနာက္ေတာင္ထိပ္မွာ သီတင္းသုံးေနတဲ့ ဘုန္းေတာ္ႀကီးထံ ေရာက္သြားပါတယ္။

တပည့္ေတာ္မရဲ႕ဘဝတစ္ခုလုံးမွာ သူ႔အတြက္ပဲ အခ်ိန္ေပးခဲ့ပါတယ္။ ႏုပ်ဴ ိမႈေတြကိုရင္းၿပီးသူ႔အနားမွာပဲ ေနခဲ့တယ္။ သူ႔ကို ဂ႐ုစိုက္ၿပီးလည္း ျပဳ စုခဲ့တယ္။

ခုေတာ့ သူက တပည့္ေတာ္မထက္ငယ္႐ြယ္တဲ့သူကို ေ႐ြးသြားၿပီ။ တပည့္ေတာ္မမွာ အခု ဘာမွမရွိေတာ့ဘူး။ဘာဆက္လုပ္ရမွန္းလဲ မသိေတာ့ဘူး”လို႔ ဘုန္းေတာ္ႀကီးကို ေလွ်ာက္လိုက္ပါတယ္။

အဲဒီအခ်ိန္မွာပဲ ဘုန္းႀကီးက အမ်ိဴးသမီးကို ကြတ္ကီးတစ္ခုစားဖို႔ လွမ္းေပးလိုက္ပါတယ္။စားၿပီးတဲ့အခါ အမ်ိဳးသမီးကို “အရသာေကာင္းလား”လို႔ ေမးလိုက္ပါတယ္။

အမ်ိဳးသမီးက “တင္ပါ့.. ေကာင္းပါတယ္ဘုရား”လို႔ ေျဖတဲ့အခါ “ေနာက္တစ္ခုယူဦးမလား”လို႔ေမးလိုက္တဲ့အခါ “ယူပါ့မယ္.. ဘုရား”လို႔ အေျဖရလိုက္ပါတယ္။

အဲဒီအခါ ဘုန္းေတာ္ႀကီးက အမ်ိဴးသမီးရဲ႕မ်က္လုံးေတြကို တည့္တည့္ၾကည့္လိုက္ၿပီး “အခု..ဒကာမ ကိုယ္တိုင္ ႀကဳံေနရတဲ့ ျပႆ နာကို ျမင္ၿပီလား”လို႔ ေမးလိုက္ပါတယ္။

အမ်ိဴးသမီးဟာ တစ္ေအာင့္ၾကာစဥ္းစားလိုက္ၿပီး “တင္ပါ့.. လူသားေတြရဲ႕သဘာဝဟာေလာဘႀကီးတယ္၊ တစ္ခုရၿပီဆိုတာနဲ႔ ေနာက္တစ္ခု လိုခ်င္လာျပန္ေရာ၊

အင္း.. ၿပီးေတာ့ေနာက္ထပ္အသစ္တစ္ခု၊ ပိုႀကီးတာေလး ထပ္လိုခ်င္ျပန္ေရာ။ေလာဘက ဘယ္ေတာ့မွ မရပ္ေတာ့ဘူး။

ၿပီးေတာ့ ဘယ္အရာကမွ မၿမဲဘူး၊ ထာဝရမဟုတ္ဘူးဆိုတာ သိပါၿပီ.. ဘုရား။ဒါကို တပည့္ေတာ္တို႔ သတိမူရမယ္၊ ၿပီးေတာ့ ဆုံးရႈံးမႈကိုလည္း ႀကံ့ႀကံ့ခံႏိုင္ရမယ္”လို႔ တျဖည္းျဖည္းခ်င္းေျပာလိုက္ပါတယ္။

အဲဒီအခါ ဘုန္းေတာ္ႀကီးက ေခါင္းကိုယမ္းလိုက္ၿပီး “မဟုတ္ဘူး.. ဒကာမ။ ဘုန္းႀကီးဆိုလိုတာက ဒကာမက သိပ္ဝေနတယ္။ဒါေၾကာင့္ အစားကို ေလ်ာ့စားသင့္တယ္”လို႔ ေျပာလိုက္ပါတယ္။

ရယ္ေမာျခင္းျဖင့္ ဘဝအေမာေတြေျပၾကပါေစ…။အဆီပိတ္ျခင္းမွလဲ ကင္းေဝးၾကပါေစ…။

Credit. မင္းျမတ္ဖုန္း