ၾကားသိရသမွ်

အဖော်အိပ်ပေးမယ့်ကလေးတွေမရောက်ခင် မသင်္ကာဖွယ်အသံကြားလို့ မသိမသာခိုးကြည့်လိုက်အခါ

အဖော်အိပ်ပေးမယ့်ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့မသိမသာကြည့်လိုက်တဲ့အခါ…

အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်…

ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ်မလေးတွေကို ခေါ်ပြီး အိပ်တယ် …။

တစ်ည အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံ ကြားလို့ မသိမသာကြည့်လိုက်တော့ သူခိုး ကပ်နေမှန်း သိလိုက်တယ် …။

ကြောက်လည်း ကြောက်တယ်၊ ရှိစုမဲ့လေးတွေပါသွားမှာလည်း စိုးတယ်၊ အော်လိုက်ပြန်လည်း သူခိုးက ဒီအတိုင်းထွက်ပြေးရင်တော်ရဲ့ သူမကို ရန်ပြုမှဖြင့် …။

ခဏနေတော့ အကြံရသွားတယ်။ ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြမယ်ဆိုပြီး သူ့ဘေးမှာ လူရှိနေသလို အသံခပ်ကျယ်ကျယ်နဲ့ ပြောတယ် …။

ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး သူ့ဟာသူ ပြောပြန်တယ်။ ပြီးတော့ ပုံပြင် စ ပြောတယ် …။

“ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက် ရှိတယ်…တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေ့ါ …

သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်…ပို့ပေးနိုင်မလားမေးတာပေ့ါ…

လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်…ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေး သွားတောင်းတာပေ့ါ…”

အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်တယ်…သူ့ ပုံပြင်ကို သူခိုးကလည်း နားထောင်နေမှန်းသိတော့ အသံနေအသံထားနဲ့ ဆက်ပြီး ပြောတယ် …။

“မိန်းမကြီးက သူ့ကိစ္စပြီးလို့ ပြန်လာတယ်…ချောင်းကိုဖြတ်မယ်လည်း လုပ်ကော သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကို ပြန်ရောက်နေတာ တွေ့လိုက်တယ်တဲ့ …။

အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေ့ါ ။ အဲ့ မိန်းမကြီး စီးလာတဲ့လှေနဲ့ အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် …။

ပထမလှေရှင်က သူ့လူကို ဘာကြောင့်တင်ခေါ်လာရတာလဲ ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေ့ါ …။

ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ ငါတင်တယ်နဲ့ စကားတွေများ နေကြတော့တာပေ့ါ လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြော လိုက်တယ် …။

ကဲ…ကဲ… နှစ်ယောက်လုံး ပိုက်ဆံရအောင်နှစ်စီးလုံးကို ငါစီးမယ်…လှေချင်းကပ်ကြလို့ ပြောတယ်…လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ်…မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွာ တာပေ့ါ …။

ကမ်းနားလည်း ရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့ အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း ကျွမ်းပြန်သွားပြီး” အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ ”လို့ အော်တာပေ့ါ …။

ပုံပြင်ထဲက ဇာတ်ကြောင်းနဲ့ရောပြီး “အမလေး ကယ်ကြပါ…အမလေး ကယ်ကြပ်…ကယ်ကြပါအုံးတော်….”အသံကုန် အော်လိုက်တယ် …။

သူခိုး ငပိန်းကတော့ ပုံပြင်ပြောနေတာပဲဆိုပြီး ရယ်လို့မောလို့ ကောင်းတုန်း…။

အပျိုကြီးအော်သံကြောင့်ရောက်လာတဲ့ရွာသားတွေကထိုင်ပြီးရယ်နေတဲ့သူခိုးကို အလွယ်တကူ ဖမ်းမိသွားတယ်…။

ပြောချင်တာကတော့ ကိုယ့်ရည်ရွယ်ချက်ကိုဦးတည်ပြီးမလုပ်ဘဲ ဘေးစကားတွေနားထောင်နေမယ်ဆိုရင် ဒုက္ခတွေပဲ ကြုံနိုင်တယ်ဆိုတာပါပဲနော်…။

မူရင်းရေးသားသူအား လေးစားလျှက်…။Credit ပေးပါတယ်….။

Unicode

အဖော်အိပ်ပေးမယ့်ကလေးတွေ မရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့မသိမသာကြည့်လိုက်တဲ့အခါ…

အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီးတစ်ယောက်…

ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ််မလေးတွေကို ခေါ်ပြီး အိပ်တယ် …။