နေ့နံမတည့်တဲ့စုံတွဲတွေ အိမ်ထောင်ရေးအဆင်ပြေစေဖို့
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပြါးမတက္တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်
သမီးရည်းစား ခ်စ်သူဘဝမွာ ဘာနေ့သား၊ ဘာနေ့သမီး ဆိုတာတွေက သိပ်အရေးမကြီးပေမယ့် အိမ်ထောင်ရေးအတွက်ကတော့ နေ့နံတွေက အရေးကြီးလှပါတယ်။
မြန်မာအယူအဆမှာတော့ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ ဆိုပြီးလက်တွဲဖို့ မသင့်တော်တဲ့ မောင်နှံလေးတွေ သတ်မှတ်ထားပါတယ်။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင်
အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပြါးမတက္တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်။
ဒါပေမယ့် အစွမ်းထက်တဲ့ယတြာတွေနဲ့ ကာကွယ်လို့ရတာမို့ မောင်နှံလေးတွေထဲက ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေအတွက် အိမ်ထောင်ရေး ပြဿနာတွေကို
ကြိုတင်ကာကွယ်ဖို့နဲ့ နောက်ပိုင်းအိမ်ထောင်ရေး သာယာစေဖို့အတွက် အစီအရင် ယတြာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
ဓမ္မာမောင်နှံအတွဲလေးတွေ
စနေနေ့နံ သားသမီး နဲ့ ကြာသပတေးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါက ပိတောက်သား နဲ့ (၁၂)လက်မ အလ်ားရွိ သစ်သား (၂)ခု ကို ရွှေချ ပြီး ထိပ်အသီးသီးမှာ ဖဲကြိုးနီနဲ့ ရစ္ပတ္ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ်ရဲ့ အမြင့်တစ်နေရာမှာ ပူးတွဲချိတ်ဆွဲပေးထားပါ။ တနင်္ဂနွေနေ့ မနက် (၁၁)နာရီ (၄၅)မိနစ်မှာ ပြုလုပ်ရမှာဖြစ်ပါတယ် ။
သောကမောင်နှံအတွဲလေးတွေ
တနင်္လာနေ့နံ သားသမီး နဲ့ သောကြာနေ့နံ သားသမီး အိမ်ထောင်ပြု ချင်ပါက (၈) လက်မ ရွိတဲ့ ကသစ်သား (၂)ချောင်းကို ဖြတ်ပြီး ရွှေချကာ ဖဲကြိုး အဝါ ဖြင့် ပူးတြဲ ချည်နှောင်ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာ မွာ ပူးတြဲ ချိတ်ဆွဲ ပေးထားပါ ။
တနင်္လာနေ့ မနက် (၆) နာရီ (၂၀) မိနစ်မှာပြုလုပ်ရမှာဖြစ်ပါတယ် ။
အင်းဝ မောင်နှံအတွဲလေးတွေ
တနင်္ဂနွေနေ့နံ သားသမီး နဲ့ ဗုဒ္ဓဟူးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါက (၅) လက်မ အလ်ား ရွိတဲ့ ဝင်အူသားသစ်(၂) ချောင်း ကို ရွှေချကာ အပြာရင့်ရောင် ဖဲကြိုးနဲ့ ပူးတွဲချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာမှာ ပူးတြဲ ချိတ်ဆွဲပေးထားပါ ။
ဗုဒ္ဓဟူးနေ့ မွန်းလွဲ (၁)နာရီ (၄၅) မိနစ် မွာ ပြုလုပ် ရမွာ ဖြစ်ပါတယ် ။
ရာဇာမောင်နှံအတွဲလေးတွေ
ဗုဒ္ဓဟူးနေ့နံ သားသမီး နဲ့ အင်္ဂါနေ့နံသားသမီး အိမ်ထောင်ပြု ချင်ပါက(၅) လက်မ အလ်ားရွိတဲ့ ဝင်အူသား သစ်(၂)ချောင်း ကို အစိမ်းရောင် ဖဲကြိုး နဲ့ ပူးတြဲ ချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာမှာ ပူးတြဲ ချိတ်ဆွဲပေးထားပါ ။
အင်္ဂါနေ့ မနက် (၉) နာရီ (၉)မိနစ်မှာ ပြုလုပ်ရမှာဖြစ်ပါတယ် ။
Credit
Zawgyi
Credit