PDF ရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးရင်း မသေဆုံးခင်နောက်ဆုံးအချိန်ထိ ကယ်ဆယ်ရေးတွေလုပ်ပေးသွားခဲ့တဲ့ ခွေးလေး Max
လက်ရှိမှာတော့ PDF လူငယ်လေးတွေလည်း လအနည်းငယ်သာသင်ယူထားတဲ့ စစ်ပညာနဲ့ အသက်ကိုတောင်စွန့်လွှတ်ရဲပြီး တိုက်ပွဲဝင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။တချို့နေရာတွေမှာဆိုရင်လည်း တိုက်ပွဲတချို့ဖြစ်ပွါးနေတာကြောင့်
ပြည်သူလူထုက PDF တွေဘေးအန္တရာယ်ကင်းဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။PDF တွေနဲ့အတူ ဒုက္ခတွေရင်ဆိုင်ပြီး တတ်နိုင်သလောက်ကူညီပေးတာကတော့ တိရိစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်ဖို့အတွက်
မြင်းတွေကိုသုံးလေ့ရှိကြတဲ့အပြင် ဗုံးရှာ၊မိုင်းရှာတဲ့နေရာမှာလည်း ခွေးလေးတွေက ကူညီပေးကြတာဖြစ်ပါတယ်။
PDFရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးနေတဲ့ ခွေးလေးတစ်ကောင်ကတော့ သစ္စာလည်းရှိပြီး အရမ်းရဲရင့်တာဖြစ်ပါတယ်။ခွေးလေးရဲ့
နာမည်ကို Max လို့ခေါ်ဝေါ်ကြပြီး သူ့အသက် (၁၇)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။Max လေးကတော့ သင်တန်းသားအသစ်တွေကိုလည်း training တွေ၊ ကာယလေ့ကျင့်ခန်းတွေမှာ အမြဲပါဝင်ကူညီပေးလေ့ရှိပါတယ်။Max လေး မသေဆုံးခင်နောက်ဆုံးနေ့ရက်တွေမှာတော့
လေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲမှာ ပုန်းအောင်းနေကြရတဲ့ အိုးမဲ့အိမ်မဲ့ မိသားစုတွေကို လိုက်လံ ကယ်ဆယ်ပေးသွားခဲ့တာဖြစ်ပါတယ်။လူသားတွေအပေါ်မှာ သူတတ်နိုင်တဲ့အင်အားလေးနဲ့
ကာကွယ်စောင့်ရှောက်ပေးသွားတဲ့ ခွေးလေး Max အတွက် PDF ရဲဘော်တွေလည်းစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။တိရိစ္ဆာန်ဖြစ်ပေမယ့် အသိဉာဏ်ပြည့်ဝပြီး ရဲရင့်တဲ့ Max ရဲ့ပုံရိပ်တချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Unicode
PDF ရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးရင်း မသေဆုံးခင်နောက်ဆုံးအချိန်ထိ ကယ်ဆယ်ရေးတွေလုပ်ပေးသွားခဲ့တဲ့ ခွေးလေး Max
လက်ရှိမှာတော့ PDF လူငယ်လေးတွေလည်း လအနည်းငယ်သာသင်ယူထားတဲ့ စစ်ပညာနဲ့ အသက်ကိုတောင်စွန့်လွှတ်ရဲပြီး တိုက်ပွဲဝင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။တချို့နေရာတွေမှာဆိုရင်လည်း တိုက်ပွဲတချို့ဖြစ်ပွါးနေတာကြောင့်
ပြည်သူလူထုက PDF တွေဘေးအန္တရာယ်ကင်းဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။PDF တွေနဲ့အတူ ဒုက္ခတွေရင်ဆိုင်ပြီး တတ်နိုင်သလောက်ကူညီပေးတာကတော့ တိရိစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်ဖို့အတွက်
မြင်းတွေကိုသုံးလေ့ရှိကြတဲ့အပြင် ဗုံးရှာ၊မိုင်းရှာတဲ့နေရာမှာလည်း ခွေးလေးတွေက ကူညီပေးကြတာဖြစ်ပါတယ်။PDFရဲဘော်တွေကို သက်စွန့်ဆံဖျားကူညီပေးနေတဲ့ ခွေးလေးတစ်ကောင်ကတော့ သစ္စာလည်းရှိပြီး အရမ်းရဲရင့်တာဖြစ်ပါတယ်။ခွေးလေးရဲ့

crd