ၾကားသိရသမွ်

သမီးဖြစ်သူရဲ့အခန်းနံရံပေါ်က အစုလိုက်ပုံနေတဲ့ပင့်ကူကြီးတွေကို မြင်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့ မိခင်

သင့်အခန်းထဲမှာ ပင့်ကူကြီးတစ်ကောင်ကို တွေ့လိုက်ရတာက အတော်လေးကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းနေပါပြီ။ သို့ပေမဲ့ နံရံရှိအက်ကြောင်းတစ်ခုမှ ပင့်ကူကြီးတွေ ထွက်ပေါ်လာတာကို မြင်ယောင်ကြည့်ကြည့်လိုက်ပါ။ကောင်းပြီ၊ ဩစတြေးလျနိုင်ငံရှိ မိခင်တစ်ဦးဟာ သူမသမီးရဲ့အခန်းထဲသို့ ဝင်ခဲ့ပြီးနောက် နံရံအက်ကြောင်းထဲကနေ ထွက်လာတဲ့ပင့်ကူကြီးတွေကို မြင်လိုက်ရပေမဲ့ သူမဟာ အတော်လေးခံနိုင်ရည်ရှိခဲ့ပါတယ်။

Twitter မှာ တင်လိုက်တဲ့ ၎င်းပင့်ကူဓာတ်ပုံတွေက ပင့်ကူကြောက်တတ်သူတွေအတွက် အတော်လေး ကျောချမ်းစရာကောင်းနေမှာပါ။ မိခင်ဖြစ်သူရဲ့သူငယ်ချင်းက social media site မှာ “သူတို့ကငါမြင်ဖူးခဲ့တဲ့ ပင့်ကူပေါက်စတွေထပ် ကြီးတယ်၊ဘယ်လောက်ကြီးလဲဆိုတာကို ပြတင်းပေါက်နဲ့ယှဉ်ကြည့်လိုက်ရင် သိသွားလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။

မိခင်ဖြစ်သူကလည်း “ သူတို့ မြန်ပြီး ခုန်တတ်တယ် ၊ ငါတို့က သူတို့ကို အမြန်ဖမ်းပြီး အပြင်ကို ပစ်ထုတ်ခဲ့ရတယ် သူတို့က တကယ့်ကို ကြီးတာ” လို့ ဆိုခဲ့ပါတယ်။

ပင့်ကူကြီးတွေ စုပုံနေတာကို မြင်လိုက်ရတဲ့ လူအများကလည်း အံ့အားသင့်စွာနှင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ လူတစ်ယောက်က “ အမလေး ဩစတြေးလျက တစ်ခါတစ်လေ အရမ်းကို ကြောက်စရာကောင်းတဲ့နေရာပါလား” လို့ ဆိုခဲ့ပြီး နောက်တစ်ယောက်က သူလည်း အလားတူအဖြစ်မျိုးကို ကြုံခဲ့ရကြောင်းကို

“ ကျွန်တော်လည်း တစ်ချိန်က Year7 မှာ ရှိတဲ့ piano ကို ဆွဲဖွင့်လိုက်တဲ့ အချိန်မှာ ပင့်ကူရဲ့အသိုက်ကို ဖျက်ဆီးမိသွားတယ် ၊ အဲ့တာနဲ့ပင့်ကူတွေက ကျွန်တော့် လက်မောင်းပေါ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ်ကို တက်လာကြပြီး ကလေးတွေကလည်း အော်ရင်း အခန်းပြင်ပြေးထွက်သွားခဲ့ကြတယ် ၊ ရယ်စရာတော့ကောင်းသား” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါမိခင်နှင့် စာကိုဖတ်ရှုသူတိုင်းအတွက် ကံကောင်းတာတစ်ခုက ၎င်း huntsmen လို့ခေါ်တဲ့ပင့်ကူကြီးတွေဟာများသောအားဖြင့် လူသားတွေကို အန္တရာယ်မဖြစ်စေပါဘူး။၎င်းတို့က သင်တို့မနှစ်သက်တဲ့အခြားယင်ကောင်များနှင့် အင်းဆက်ပိုးများကို သန့်ရှင်းရေးလုပ်ပေးတာကြောင့် သင့်အိမ်မှာ မိတ် ဆွေကောင်းများအဖြစ် ရှိနေမှာဖြစ်ပြီး အထောက်အကူပြုစေမှာပါ။

အကယ်လို့ သင်ကသာ ၎င်းတို့ကို သွားရန်စမိရင်တော့ ၎င်းတို့ကလည်း ပြန်တိုက်ခိုက်ကြမှာပါ။ huntsmen အမတွေဟာ ပုံမှန်အားဖြင့် အဥပေါင်း ၂၀၀ အထိ ဥနိုင်ပြီး ၎င်းအကောင်တွေ ပေါက်လာတဲ့အခါ တစ်ပတ်အကြာအထိ ကာကွယ်ပေးပြီး အကောင်ကြီးဘဝရောက်လာတဲ့အထိ ကူညီပေးပါတယ်။