ၾကားသိရသမွ်

လေးဂွလို့အမည်ပေးထားတဲ့ ဓါတ်ပုံ World Press Photo ဆုရရှိ…

မန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ လူငယ်တွေက လေးဂွကိုယ်စီနဲ့ ဒီမိုကရေစီကို ကာကွယ်နေတဲ့

ပုံတစ်ပုံကို သြဇာကြီးမားတဲ့ World Press Photo က ဆုပေးခဲ့တယ်လို့သိရပါတယ်။

ဒီနှစ်အတွက်ဆုမှာ မြန်မာပြည် က အမည်မဖော်ပြမထားတဲ့ ဓာတ့်ပုံဆရာ

တစ်ယောက်က လေးခွလို့ အမည် ပေးထားတဲ့ ပုံနဲ့ ဆုရခဲ့ပါတယ်။

မြန်မာပြည်သူတွေဟာ ကြီးမားတဲ့ စစ်တပ်ကို လေးဂွနဲ့ ပစ်တယ်ဆိုတာ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက်

သန္နဌန် ချထားတဲ့ ပြည်သူတွေရဲ့ ကြီးမားတဲ့ ပုံရိပ်သင်္ကေတ ဖြစ်တယ်လို့

ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက် ပေးထားတာလည်းဖြစ်ပါတယ်။

အခြား တာမွေလို့ အမည်ပေးထားတဲ့ ဓာတ်ပုံဆရာကလည်း နွေဦးတော်လှန်ရေး

ဆန္ဒပြမှုတွေမှာ အဖြူမဲ ဓာတ်ပုံတွေနဲ့ ဆုရပါသေးတယ်။

World Press Photo အဖွဲ့ကို ၁၉၅၅ ခုနှစကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံမှာ အခြေစိုက်ပြီး

တစ်နှစ်တစ်ခါ အကောင်းဆုံးသတင်းဓါတ်ပုံ တွေကို ရွေးချယ်ဆုချီးမြှင့်တာလည်းဖြစ်ပါတယ်။

zawgyi

မန္မာ့ေႏြဦးေတာ္လွန္ေရးအတြင္းမွာ လူငယ္ေတြက ေလးဂြကိုယ္စီနဲ႔ ဒီမိုကေရစီကို ကာကြယ္ေနတဲ့

ပုံတစ္ပုံကို ၾသဇာႀကီးမားတဲ့ World Press Photo က ဆုေပးခဲ့တယ္လို႔သိရပါတယ္။

ဒီႏွစ္အတြက္ဆုမွာ ျမန္မာျပည္ က အမည္မေဖာ္ျပမထားတဲ့ ဓာတ့္ပုံဆရာ

တစ္ေယာက္က ေလးခြလို႔ အမည္ ေပးထားတဲ့ ပုံနဲ႔ ဆုရခဲ့ပါတယ္။

ျမန္မာျပည္သူေတြဟာ ႀကီးမားတဲ့ စစ္တပ္ကို ေလးဂြနဲ႔ ပစ္တယ္ဆိုတာ ဒီမိုကေရစီကို ကာကြယ္ဖို႔အတြက္

သႏၷဌန္ ခ်ထားတဲ့ ျပည္သူေတြရဲ႕ ႀကီးမားတဲ့ ပုံရိပ္သေကၤတ ျဖစ္တယ္လို႔

ဆုေ႐ြးခ်ယ္ေရးအဖြဲ႕က မွတ္ခ်က္ ေပးထားတာလည္းျဖစ္ပါတယ္။

အျခား တာေမြလို႔ အမည္ေပးထားတဲ့ ဓာတ္ပုံဆရာကလည္း ေႏြဦးေတာ္လွန္ေရး

ဆႏၵျပမႈေတြမွာ အျဖဴမဲ ဓာတ္ပုံေတြနဲ႔ ဆုရပါေသးတယ္။

World Press Photo အဖြဲ႕ကို ၁၉၅၅ ခုႏွစကစတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး

အက်ိဳးအျမတ္မယူတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ နယ္သာလန္ႏိုင္ငံမွာ အေျခစိုက္ၿပီး

တစ္ႏွစ္တစ္ခါ အေကာင္းဆုံးသတင္းဓါတ္ပုံ ေတြကို ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္တာလည္းျဖစ္ပါတယ္။