မိုးေလ၀သ

၂၀၂၂ ဧပြီပထမပတ်အတွင်း ဧပြီမိုးတွေ စတင်ရွာသွန်းမယ့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ

၂၀၂၂ ဧပြီပထမပတ်အတွင်း ဧပြီမိုးတွေ စတင်ရွာသွန်းမယ့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ

မိုင်ဆွန်ခ💖💖💖စိမ့်စမ်းရေတွေ ရေမခမ်းတော့ပါ ၂၀၂၂ ဧပြီလ ၁ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင်တွေမှာ မိုးများရွာသွန်းနိုင်ပါတယ် နွေရာသီရေရှားပါးမှု့ အခက်အခဲမှ ကင်းဝေးပါစေ ခန့်မှန်းချိန် 25/03/2022 at8:24AM၊ ကော့သောင်း ဘုတ်ပြင်း မိုးရွာနိုင်ပါတယ်

ကချင်ပြည်နယ်မိုး⛈⛈မြစ်ကြီးနား ဝိုင်းမော် ဝါရှောင် ဆဒုံး မြစ်ဆုံ ချီဘွေ ပန်းဝါ ခေါင်လန်ဖူး ဆွမ်ပရာဘွမ် ပူတာအို မချမ်းဘော အထက်ဆန်ခေါင် နောင်မွန်း ပန်နန်းဒင် ဒေသများမိုးရွာနိုင်ပါတယ်

TROPICAL LOW CELL တွေကြောင့်ပေါ့ လအဝေးကြီး ကြိုတင် ခန့်မှန်းပေးထားတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ဧပြီမိုးတွေရွာလိမ့်မယ် ခန့်မှန်းချိန် 25/03/2022 at 10:00AM

ဧပြီမိုးစမယ်နော် ၂၀၂၂ ဧပြီလ ၁ရက်နေ့ ၂ရက်နေ့တွေမှာ ထိုင်းပင်လယ်ကွေ့အတွင်း tropical low cell များကတနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွေမှာ မိုးတွေရွာလာနိုင်ပါတယ်

ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေသူများ ရာသီဥတုကိုတည်မှိလုပ်ကိုင်ဆောင်ရွက်နေကြသူများ နှင့် မြန်မာပြည်သူ ပြည်သားအားလုံးအတွက် လဝေး ရက်ဝေး ရက်နီးခန့်မှန်းချက်များကို

စဉ်ဆက်မပြတ် ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေပါတယ် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်ကျန်းမာချမ်းသာကြပါစေ ခန့်မှန်းချိန် 25/03/2022 at9:30AM

ရိတ်ကြမယ် သိမ်းကြမယ်🌾🌾🌾 ၂၀၂၂ဧပြီလ ပထမပတ်အတွင်း တောင်တရုတ်ပင်လယ်ပြင် ထိုင်းပင်လယ်ကွေတို့မှ Tropical low cell များကပ္ပလိပင်လယ်ပြင်ကိုရောက်ရှိကာ

မြန်မာပင်လယ်ပြင်မှ ဆဲလ်များနှင်ပေါင်းစီးကာမြန်မာနိုင်ငံကို အထက်လေစီးသင့်ချိန်နှင့်တိုက်ဆိုင်နေသဖြင့် ဧပြီလပထမပတ်အတွင်း ဧရာဝတီတိုင်းရန်ကုန်တိုင်း ပဲခူးတိုင်းမွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြန်ပါတယ်

လအဝေးကြီးကထဲက ဧပြီလမှာမိုးတွေရွာနိုင်တာဖြစ်လို့ မတ်လမကုန်မှိအပြီးရိတ်သိမ်းကြပါလို့အကြံပြုထားတာလေးကိုဘယ်သူမှတ်မိကြလည်းဝေး..အခုမတ်လမကုန်မှိအပြီးရိတ်သိမ်းကြပါလို့ထပ်မံအကြံပြုလိုက်ရပါတယ် တနင်္သာရီတိုင်းကြီးကတော့ မတ်လ မကုန်ခင်မိုးရွာဦးမယ်နော် ခန့်မှန်းချိန် 25/03/2022 at 6:49AM

တိုင်ဖွန်း ဗီယက်နမ်🌧🌧 31/03/2022 ရက်နေ့တွင် တောင်တရုတ်ပင်လယ်ပြင်ဗီယက်နမ်နိုင်ငံ အရှေ့ဖက်ကမ်းခြေအနီးကိုတိုင်ဖွန်းမုန်တိုင်းငယ်တစ်လုံးချဉ်းကပ်ရောက်ရှိလာနိုင်ပါတယ် ၎င်းရဲ့ tropical low cell များသည် ထိုင်းပင်လယ်ကွေ့မှတဆင့်

ကပ္ပလီပင်လယ် အန်ဒါမန်ကျွန်းစုများအနီးသို့ရောက်ရှိလာကာ 05/04/2022 နေ့တွင် လေဖိအားနည်းလေဝဲဖြစ်လာနိုင်ကာဘင်္ဂလားပင်လယ်အော်အထိရောက်ရှိအားကောင်းလာနိုင်သဖြင့် အထူးသတိထားစောင့်ကြည့်ထောက်လှမ်းကာခန့်မှန်းပေးနေပါမယ် မြန်မာနိုင်ငံအပေါ် မိုးသက်ရောက်မှုရှိလာနိုင်ပါတယ်











