ၾကားသိရသမွ်

အောက်စီဂျင်ဗန်းပြပြီးsocial mediaပေါ်ပြန်ရောက်လာတဲ့မုံရွာသားsee more

Social Media facebook ​ပေါ်တွင် ​အောက်ဆီဂျင်အိုး အလှူပိုစ့်များ ခပ်စိတ်စိတ် ​ရေးသားနေတဲ့

မုံရွာသား အဆို​တော် မိုးမိုးဟာ ၎င်း၏ လူမှု ကွန်ယက် Facebook စာမျက်နှာထက်၌ ​အောက်ဆီဂျင်အိုး

လှူဒန်းနိုင်ရန်အတွက် အလှူများ ဦး​ဆောင်​ကောက်ခံပြုလုပ်​နေသည်ကို ​တွေ့ရှိရပါတယ်။

နှင်းဆီ အငြိမ့်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ဖူးသူ၊ အဆို​တော်နှင့် သရုပ်​ဆောင်တဦး ဖြစ်သူ မိုးမိုး သည်

Covid19တ​ကျော့ပြန်လာချိန်၌ ၎င်း၏ လူမှု ကွန်ယက် Facebook စာမျက်နှာထက်၌ ​အောက်ဆီဂျင်အိုး

လှူဒန်းနိုင်ရန်အတွက် အလှူများ ဦး​ဆောင်​ကောက်ခံ​နေ ​ပါသည်။

အဆို​​တော် မိုးမိုးသည် လူ​ပေါင်းများ​စွာ၏ ​အငြင်းပွားစရာ ဝေဖန်မှုခံခဲ့ရသည့် ယုန်​လေး၏ MTV

သီချင်းသရုပ်​ဆောင်တွင်လည်း ပါဝင်ခဲ့ဖူးသလို နန်းတွင်းမှာကျင်းပခဲ့သည့် တပ်မ​တော်သားများသကြ်န် တွင်လည်း

တက်​ရောက်ခဲ့ သူဖြစ်ခြင်း​ကြောင့် ပရိတ်သတ်များ ၏ ​SPလုပ်ခြင်း ခံခဲ့ရသူ တ​ယောက်ဖြစ်ကာ ​​ခေါင်းကို

အရိုက်ခံရသည်ဟူ​သော ​ သတင်းလည်း ထွက်ရှိခဲ့ သူတ​ယောက်ဖြစ်သည်။

” ​အောက်ဆီဂျင်း ဗန်းပြပြီး ပြန်ထွက်လာသည်” ဟု လူအများ၏ ​ဝေဖန်ခြင်း ခံ​နေရသူ မိုးမိုးက​တော့ ၎င်းအား​

ဝေဖန်သူ၊မကြိုက်သူ၊အမြင်မတူသူများ ရှိ​သော် စိတ်ထဲအဆင်​မပြေဖြစ်ရင်

unfriendလုပ်သွားနိုင်ပါ​ကြောင်း ပြန်လည်​ပြောဆိုထားပါသည်။

အဆိုတော်မိုးမိုးသည် တော်လှန်ရေးကာလဦးပိုင်းတွင် ပြည်သူနှင့် တသားထဲရပ်တည်ပါသည်ဟု လမ်းပေါ်တက်

ဆန္ဒပြခဲ့သော်လည်း စစ်ကောင်စီ၏ နန်းတွင်းသကြ်န်တွင် ပြည်သူမျက်နှာကို မထောက်ပဲ သောက်ရှက်မရှိ

ပါဝင်ဆင်နွှဲခဲ့သောကြောင့် မုံရွာသားအများစု၏ ပြစ်တင်ဝေဖန်ခြင်း SP လုပ်ခြင်းပို အကြီးအကျယ်ခံထားရသူဖြစ်သည်။

Zawgyi







သီချင်းသရုပ်ဆောင်တွင်လည်း ပါဝင်ခဲ့ဖူးသလို နန်းတွင်းမှာကျင်းပခဲ့သည့် တပ်မတော်သားများသက်ြန် တွင်လည်း







ဆန္ဒပြခဲ့သော်လည်း စစ်ကောင်စီ၏ နန်းတွင်းသက်ြန်တွင် ပြည်သူမျက်နှာကို မထောက်ပဲ သောက်ရှက်မရှိ


crd