ၾကားသိရသမွ်


Zawgyi









Unicode

ယနေ့ဒီဇင်ဘာ၂၈ရက်သည် ညီညီအောင်ထက်နိုင် ကွယ်လွန်တာ (၁၀)လပြည့်ပြီ

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ (၂၈)ရက်နေ့က လှည်းတန်း တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူငယ်များကို စစ်ကောင်စီက ပ++စ်ခဲ့ရာ

အသက်(၂၃)နှစ်အရွယ် ညီညီအောင်ထက်နိုင် တယောက် လှည်းတန်းလမ်းပေါ်အ.ထ.က.(၅) ရှေ့တွင် ကျခဲ့ရခြင်းဖြစ်သည်။

ယနေ့ ညီညီအောင်ထက်နိုင်၏ ကျဆုံးခြင်း (၁၀)လပြည့် နေ့တွင် အမွှာအကို ဖြစ်သူ ကိုကိုအောင်ထက်နိုင်က သတိရလွမ်းဆွတ်စွာ ယခုလို ရေးသားခဲ့ပါသည်။

“အေ++သက ွ ဲရော ရှင်ကွ ဲပါ ဖြစ်နေရတဲ့ ခံစားချက်တွေက တကယ်ခက်ခဲရတယ်….

တစ်ခါတစ်လေ‌တော့လည်း ပြည့်ပြည့်ဝဝ အသက်ရှင်နေတယ်လို့မခံစားရဘူး…ဒီတိုင်း အလိုက်သင့်လေးနေ နေသလိုပဲ….
အသက်ဆက်ရုံမဟုတ်ဘဲ အပြည့်အဝ အသက်ရှင်ချင်တယ်….

ကျန်နေသေးတဲ့ မိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံချင်ပြီ…..ထွက်သွားတာ ၁၀လပြည့်ခဲ့ပြီ….” ဟု အမွှာညီအကိုဖြစ်သူအတွက် သတိရစွာဝမ်းနည်းမှုများစွာဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၂၈ရက်။