ကျွန်မတို့တွေဟာ ကိုယ်နဲ့ခင်နေတဲ့ သူတွေအပေါ် အလွန်အမင်း ယုံကြည်တတ် ကြတဲ့ စိတ်လေးရှိ ကြပါတယ်။
ဘယ်လိုမျိုးလဲ ဆိုတော့ သူကတော့ ငါ့ကိုမကောင်းကြံမှာ မဟုတ်ပါဘူး၊ သူကတော့ ဒီလိုလုပ်မှာမဟုတ်ပါဘူး ဆိုတဲ့ ယုံကြည်စိတ်လေးပေါ့။
သဒ္ဒါလွန်တော့ ကျွန်ဖြစ်ဆိုသလို ယုံကြည်မှု လွန်ကဲတဲ့ အခါ ဒုက္ခရောက် ကြရပါတယ်။
အဲ့ဒီလို အယုံလွန်ပြီး ဒုက္ခမရောက်ရအောင် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှဖွင့် မပြောပါနဲ့။
အတိတ်ကအမှားလုပ်ခဲ့တဲ့အကြောင်း…..
အတိတ်က အမှားတွေနဲ့ပတ်သက်လို့ လျှောက်မပြောပြ ပါနဲ့။
ကျွန်မတို့ကယုံကြည်လို့ပြောတာဆိုပေမယ့် တစ်ဖက်လူက ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားလဲ မသိနိုင်ဘူးလေ။
အခန့်မသင့်ရင် ဒါကို အသုံးချပြီး ကိုယ့်ကိုတိုက်ခိုက်တာ၊ နှိမ့်ချတာမျိုးလုပ်လာနိုင်တယ်မဟုတ်လား။
ဒါကြောင့်မို့ အတိတ်ကကိုယ်အမှားလုပ်မိခဲ့ရင်လည်း အဲ့ဒီအမှားနဲ့ပတ်သက်လို့ လူတွေဆီမှာ ဝန်ခံနေဖို့မလိုပါဘူး။
အတိတ်ကိုအတိတ်မှာထားခဲ့ပါ….
ပိုင်ဆိုင်မှုတွေကျွန်မတို့မှာ တစ်ယောက်နဲ့တစ်ယောက်ပိုင်ဆိုင်မှုတွေမတူညီနိုင်ကြပါဘူး။
ကိုယ့်ပိုင်ဆိုင်မှုတွေအတွက် မုဒိတာ ပွားနိုင်တဲ့သူတွေရှိသလို၊ မနာလိုစိတ်ဖြစ်နိုင်တဲ့သူတွေလည်း ရှိတယ်မဟုတ်လား။
ဒီတော့ ကိုယ့်ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ ကြွားပြောတာမျိုး၊ အိတ်သွန်ဖာမှောက်ပြောပြလိုက်တာမျိုး ဘယ်တော့မှမလုပ်လိုက်ပါနဲ့။
အနာဂတ်ရည်မှန်းချက်…
အနာဂတ်မှာ ဘာတွေလုပ်ဖို့ရှိတယ်၊ ဘာတွေစီစဉ်ထားတယ်ဆိုပြီးလည်း လျှောက်မပြောရဘူးနော်။
တိုင်ပင်ချင်တယ်ဆိုရင်လည်း ဒါတွေကို ကိုယ့်မိသားစုနဲ့ပဲတိုင်ပင်ပါ။
ဘယ်လောက်ယုံရတယ်ဆိုဆို ဘယ်သူငယ်ချင်းနဲ့မှ မတိုင်ပင်လိုက်ပါနဲ့။
ဝင်ငွေဘယ်လောက်ရှိလဲ….
ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဆိုတာ မပြောသင့်သလိုပဲ၊ ကျွန်မတို့ဝင်ငွေတွေဘယ်လောက်ရှိတယ်ဆိုတာလည်း သူစိမ်းတွေကို မပြောပြသင့်ပါဘူး။
ဒီလိုမပြောပြခြင်းက မလိုလားအပ်တဲ့ပြဿနာတွေကို တားဆီးပြီးသားဖြစ်နိုင်ပါတယ်။
မိသားစုပြဿနာတွေ….
မိသားစုတွေတိုင်းမှပြဿနာတွေ ရှိကြ ပါတယ်။ ပြဿနာ လုံးဝ မရှိတဲ့ မိသားစုတော့ ရှိမယ် မထင်ပါဘူးနော်။
မိသားစုပြဿနာဆိုတ သူစိမ်းတွေဆီမှာရင်ဖွင့်ရမယ့် အကြောင်းအရာ မျိုးမဟုတ်ပါဘူး။
ဘယ်လောက်ကြီးတဲ့ ပြဿနာမျိုးဖြစ်ဖြစ် မိသားစု အချင်းချင်းပဲ ကြိုးစားဖြေရှင်းဖို့ လိုပြီး သူစိမ်းတွေကိုလုံးဝမပြောပြပါနဲ့။
ကိုယ်ပြောပြလိုက်တာက နည်းနည်း သူတို့တွေ ပြန်ဖွမှာက များများမို့ လို့ပါ။
ကိုယ်ကံကောင်းတဲ့အကြောင်း….
ကျွန်မတို့တွေဟာ ကံကောင်းချင်တဲ့ သူတွေချည်းပါ။
ကံကောင်းလို့ အရာရာ အဆင်ပြေနေတဲ့ အခါ စိတ်ကပျော်ရွှင်နေပြီး ကိုယ်ကံကောင်းနေတာကို တခြားလူတွေသိအောင် ပြောပြချင်ပါတယ်။
ဒါပေမယ့် ကိုယ်ကံကောင်းနေချိန်မှာ သူကကံဆိုးနေတာမျိုးဖြစ်နေရင် ကိုယ့်အပေါ်အမြင်မကြည်တာဖြစ်နိုင်ပါတယ်။
အခြေအနေအရမ်းဆိုးရင် ကိုယ့်အပေါ်အဆိုးမြင်သွားပြီး ရန်ငြိုးထားတာမျိုးတောင်ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ကံကောင်းတဲ့အကြောင်းကို လျှောက်မပြောသင့်ပါဘူး။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
ကြၽန္မတို႔ေတြဟာ ကိုယ္နဲ႔ခင္ေနတဲ့ သူေတြအေပၚ အလြန္အမင္း ယုံၾကည္တတ္ ၾကတဲ့ စိတ္ေလးရွိ ၾကပါတယ္။
ဘယ္လိုမ်ိဳးလဲ ဆိုေတာ့ သူကေတာ့ ငါ့ကိုမေကာင္းႀကံမွာ မဟုတ္ပါဘူး၊ သူကေတာ့ ဒီလိုလုပ္မွာမဟုတ္ပါဘူး ဆိုတဲ့ ယုံၾကည္စိတ္ေလးေပါ့။
သဒၵါလြန္ေတာ့ ကြၽန္ျဖစ္ဆိုသလို ယုံၾကည္မႈ လြန္ကဲတဲ့ အခါ ဒုကၡေရာက္ ၾကရပါတယ္။
အဲ့ဒီလို အယုံလြန္ၿပီး ဒုကၡမေရာက္ရေအာင္ ဒီအေၾကာင္းေတြကို ဘယ္သူ႔ကိုမွဖြင့္ မေျပာပါနဲ႔။
အတိတ္ကအမွားလုပ္ခဲ့တဲ့အေၾကာင္း…..
အတိတ္က အမွားေတြနဲ႔ပတ္သက္လို႔ ေလွ်ာက္မေျပာျပ ပါနဲ႔။
ကြၽန္မတို႔ကယုံၾကည္လို႔ေျပာတာဆိုေပမယ့္ တစ္ဖက္လူက ဒါနဲ႔ပတ္သက္လို႔ ဘယ္လိုသေဘာထားလဲ မသိႏိုင္ဘူးေလ။
အခန႔္မသင့္ရင္ ဒါကို အသုံးခ်ၿပီး ကိုယ့္ကိုတိုက္ခိုက္တာ၊ ႏွိမ့္ခ်တာမ်ိဳးလုပ္လာႏိုင္တယ္မဟုတ္လား။
ဒါေၾကာင့္မို႔ အတိတ္ကကိုယ္အမွားလုပ္မိခဲ့ရင္လည္း အဲ့ဒီအမွားနဲ႔ပတ္သက္လို႔ လူေတြဆီမွာ ဝန္ခံေနဖို႔မလိုပါဘူး။
အတိတ္ကိုအတိတ္မွာထားခဲ့ပါ….
ပိုင္ဆိုင္မႈေတြကြၽန္မတို႔မွာ တစ္ေယာက္နဲ႔တစ္ေယာက္ပိုင္ဆိုင္မႈေတြမတူညီႏိုင္ၾကပါဘူး။
ကိုယ့္ပိုင္ဆိုင္မႈေတြအတြက္ မုဒိတာ ပြားႏိုင္တဲ့သူေတြရွိသလို၊ မနာလိုစိတ္ျဖစ္ႏိုင္တဲ့သူေတြလည္း ရွိတယ္မဟုတ္လား။
ဒီေတာ့ ကိုယ့္ပိုင္ဆိုင္မႈေတြနဲ႔ပတ္သက္လို႔ ႂကြားေျပာတာမ်ိဳး၊ အိတ္သြန္ဖာေမွာက္ေျပာျပလိုက္တာမ်ိဳး ဘယ္ေတာ့မွမလုပ္လိုက္ပါနဲ႔။
အနာဂတ္ရည္မွန္းခ်က္…
အနာဂတ္မွာ ဘာေတြလုပ္ဖို႔ရွိတယ္၊ ဘာေတြစီစဥ္ထားတယ္ဆိုၿပီးလည္း ေလွ်ာက္မေျပာရဘူးေနာ္။
တိုင္ပင္ခ်င္တယ္ဆိုရင္လည္း ဒါေတြကို ကိုယ့္မိသားစုနဲ႔ပဲတိုင္ပင္ပါ။
ဘယ္ေလာက္ယုံရတယ္ဆိုဆို ဘယ္သူငယ္ခ်င္းနဲ႔မွ မတိုင္ပင္လိုက္ပါနဲ႔။
ဝင္ေငြဘယ္ေလာက္ရွိလဲ….
ပိုင္ဆိုင္မႈဘယ္ေလာက္ရွိလဲဆိုတာ မေျပာသင့္သလိုပဲ၊ ကြၽန္မတို႔ဝင္ေငြေတြဘယ္ေလာက္ရွိတယ္ဆိုတာလည္း သူစိမ္းေတြကို မေျပာျပသင့္ပါဘူး။
ဒီလိုမေျပာျပျခင္းက မလိုလားအပ္တဲ့ျပႆနာေတြကို တားဆီးၿပီးသားျဖစ္ႏိုင္ပါတယ္။
မိသားစုျပႆနာေတြ….
မိသားစုေတြတိုင္းမွျပႆနာေတြ ရွိၾက ပါတယ္။ ျပႆနာ လုံးဝ မရွိတဲ့ မိသားစုေတာ့ ရွိမယ္ မထင္ပါဘူးေနာ္။
မိသားစုျပႆနာဆိုတ သူစိမ္းေတြဆီမွာရင္ဖြင့္ရမယ့္ အေၾကာင္းအရာ မ်ိဳးမဟုတ္ပါဘူး။
ဘယ္ေလာက္ႀကီးတဲ့ ျပႆနာမ်ိဳးျဖစ္ျဖစ္ မိသားစု အခ်င္းခ်င္းပဲ ႀကိဳးစားေျဖရွင္းဖို႔ လိုၿပီး သူစိမ္းေတြကိုလုံးဝမေျပာျပပါနဲ႔။
ကိုယ္ေျပာျပလိုက္တာက နည္းနည္း သူတို႔ေတြ ျပန္ဖြမွာက မ်ားမ်ားမို႔ လို႔ပါ။
ကိုယ္ကံေကာင္းတဲ့အေၾကာင္း….
ကြၽန္မတို႔ေတြဟာ ကံေကာင္းခ်င္တဲ့ သူေတြခ်ည္းပါ။
ကံေကာင္းလို႔ အရာရာ အဆင္ေျပေနတဲ့ အခါ စိတ္ကေပ်ာ္႐ႊင္ေနၿပီး ကိုယ္ကံေကာင္းေနတာကို တျခားလူေတြသိေအာင္ ေျပာျပခ်င္ပါတယ္။
ဒါေပမယ့္ ကိုယ္ကံေကာင္းေနခ်ိန္မွာ သူကကံဆိုးေနတာမ်ိဳးျဖစ္ေနရင္ ကိုယ့္အေပၚအျမင္မၾကည္တာျဖစ္ႏိုင္ပါတယ္။
အေျခအေနအရမ္းဆိုးရင္ ကိုယ့္အေပၚအဆိုးျမင္သြားၿပီး ရန္ၿငိဳးထားတာမ်ိဳးေတာင္ျဖစ္သြားႏိုင္ပါတယ္။
ဒါေၾကာင့္ ကိုယ္ကံေကာင္းတဲ့အေၾကာင္းကို ေလွ်ာက္မေျပာသင့္ပါဘူး။
မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။