ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ ခြံဝန်းတစ်ခုတွင် စစ်ကောင်စီက အဆိုတော် အီတိုးကို စက်တင်ဘာ ၈ရက် ညက ဖမ်းဆီးသွားကြောင်း သိရသည်။
၎င်း၏ အမဖြစ်သူ Win Htut Tara က “ဒီတစ်ကွက်တော့ အားလုံး အရှိုက်ကိုထိတယ်…! အစစ အရာရာ အဆင်ပြေပြီး…အန္တရာယ်ကင်း ပါစေ! ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် ဇော်ဝင်းထွဋ်၏ သား အဆိုတော်အီတိုးနှင့်အတူ အခြား လူငယ်အချို့လည်း အဖမ်းခံရပြီး ရေကြည်အိုင် စစ်ကြောရေးသို့ ဖမ်းခေါ်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
နိုင်ငံကျော် မြန်မာ့အသံ အဆိုတော် ဒေါ်ခင်စိုးဝင်းကလည်း အီတိုး စစ်ကြောရေးရောက်သွားသည့်အတွက် ဝမ်းနည်းရကြောင်း နှင့် ဘေးကင်းပါစေကြောင်း
၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုးသွေးက “လေးစားတယ် ဂုဏ်ယူတယ် အီတိုးရေ လူငယ်ပီသတယ်၊ Rocker ပီသတယ်၊ မင်းသမိုင်းဟာ ခမ်းနားသွားပြီ။ မင်းတို့နောက်မှာလူထုတစ်ရပ်လုံးရှိတယ်၊ မင်းတို့လွတ်မြောက်ဖို့ သန်းပေါင်းများစွာက ဆက်အလုပ်လုပ်လိမ့်မယ်” ဟု ရေးသားထားသည်။
————————
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ ၈ မိုင္ရွိ ၿခံဝန္းတစ္ခုတြင္ စစ္ေကာင္စီက အဆိုေတာ္ အီတိုးကို စက္တင္ဘာ ၈ရက္ ညက ဖမ္းဆီးသြားေၾကာင္း သိရသည္။
၎၏ အမျဖစ္သူ Win Htut Tara က “ဒီတစ္ကြက္ေတာ့ အားလုံး အရႈိက္ကိုထိတယ္…! အစစ အရာရာ အဆင္ေျပၿပီး…အႏၲရာယ္ကင္း ပါေစ! ” ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
အဆိုေတာ္ ေဇာ္ဝင္းထြဋ္၏ သား အဆိုေတာ္အီတိုးႏွင့္အတူ အျခား လူငယ္အခ်ိဳ႕လည္း အဖမ္းခံရၿပီး ေရၾကည္အိုင္ စစ္ေၾကာေရးသို႔ ဖမ္းေခၚသြားေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း မဇၩိမက သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
ႏိုင္ငံေက်ာ္ ျမန္မာ့အသံ အဆိုေတာ္ ေဒၚခင္စိုးဝင္းကလည္း အီတိုး စစ္ေၾကာေရးေရာက္သြားသည့္အတြက္ ဝမ္းနည္းရေၾကာင္း ႏွင့္ ေဘးကင္းပါေစေၾကာင္း
၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ကိုမိုးေသြးက “ေလးစားတယ္ ဂုဏ္ယူတယ္ အီတိုးေရ လူငယ္ပီသတယ္၊ Rocker ပီသတယ္၊ မင္းသမိုင္းဟာ ခမ္းနားသြားၿပီ။ မင္းတို႔ေနာက္မွာလူထုတစ္ရပ္လုံးရွိတယ္၊ မင္းတို႔လြတ္ေျမာက္ဖို႔ သန္းေပါင္းမ်ားစြာက ဆက္အလုပ္လုပ္လိမ့္မယ္” ဟု ေရးသားထားသည္။